UWSA ၏ (၁၇၁) စစ်ဒေသ အတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်း

624
သုတကျော် (NP News) - စက်တင်ဘာ ၁၉
UWSA ၏ (၁၇၁) စစ်ဒေသ အတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ယနေ့ (စက်တင်ဘာလ ၂၉ ရက်) တွင် ပြုလုပ်ခဲ့ကြောင်း UWSA မှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြ အသိပေးထားသည်။
UWSA က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ စသည်ဖြင့် မြန်မာ - ထိုင်း နယ်စပ် အနီး ရှိ ဒေသများကို ဝ တောင်ပိုင်း (၁၇၁) စစ်ဒေသ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခု လွှဲပြောင်းပေးအပ်ခဲ့သော မူးယစ်ဆေးဝါးများမှာ ယခုနှစ် ဇူလိုင်လ စက်တင်ဘာလအတွင်း (၄) ကြိမ် ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား (၁၄) သန်းခန့် ဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို မိုင်းတုံမြို့နယ်တွင် အခမ်းအနား ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
UWSA ၏ (၁၇၁) စစ္ေဒသ အတြင္း ဖမ္းမိေသာ မူးယစ္ေဆးဝါးမ်ားအား ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္း
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၉
UWSA ၏ (၁၇၁) စစ္ေဒသ အတြင္း ဖမ္းမိေသာ မူးယစ္ေဆးဝါးမ်ားအား ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္း ေပးအပ္သည့္ အခမ္းအနားကို ယေန႔ (စက္တင္ဘာလ ၂၉ ရက္) တြင္ ျပဳလုပ္ခဲ့ေၾကာင္း UWSA မွ ေျပာေရးဆိုခြင့္ရွိသူ ဦးညီရမ္းက ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေဖာ္ျပ အသိေပးထားသည္။
UWSA က ရွမ္းျပည္နယ္ အေရွ႕ပိုင္းရွိ တာခ်ီလိတ္၊ မိုင္းဆတ္၊ မိုင္းတုံ စသည္ျဖင့္ ျမန္မာ - ထိုင္း နယ္စပ္ အနီး ရွိ ေဒသမ်ားကို ဝ ေတာင္ပိုင္း (၁၇၁) စစ္ေဒသ အျဖစ္ သတ္မွတ္ထားျခင္း ျဖစ္သည္။
ယခု လႊဲေျပာင္းေပးအပ္ခဲ့ေသာ မူးယစ္ေဆးဝါးမ်ားမွာ ယခုႏွစ္ ဇူလိုင္လ စက္တင္ဘာလအတြင္း (၄) ႀကိမ္ ဖမ္းဆီးရမိခဲ့ေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၄) သန္းခန႔္ ျဖစ္ေၾကာင္း သိရသည္။
ယင္းတို႔ကို မိုင္းတုံၿမိဳ႕နယ္တြင္ အခမ္းအနား ျဖင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။