တပ်မတော်စစ်ကြောင်းများ ကျောက်မဲမြို့ အနီး ခိုမုန်းရွာသို့ရောက်ရှိနေပြီ

1032

သန့်ဇင်(NP News)-စက်တင်ဘာ ၂၉
TNLA ထိန်းချုပ်ထားသော ကျောက်မဲမြို့သို့ ထိုးစစ်ဆင်နေသော တပ်မတော်စစ်ကြောင်းများသည် ယနေ့(စက်တင်ဘာ ၂၉ရက်)တွင် မြို့အနီးရှိ ခိုမုန်းကျေးရွာသို့ ရောက်ရှိလာပြီဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။
တပ်မတော်စစ်ကြောင်းများသည် ကျောက်မဲမြို့သို့ ထိုးစစ်ဆင်ရန် ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်ကစတင်လာခဲ့ခြင်းဖြစ်ပြီး ထန်းတပင်၊ ပင်တိန်၊ မက်မန်း(ကုန်းသာ)၊ နောင်ပိန်၊ ခိုက်တုန်ဟုန်း ကျေးရွာတို့ရှိ TNLA စခန်းများကို သိမ်ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျေက်မဲမြို့ဧရိယာအတွင်းပါဝင်သော ခိုမုန်းကျေးရွာသို့ရောက်လာပြီဖြစ်ကြောင်း သိရသည်။
“အခုတောင် ခိုမုန်းရောက်နေပြီ။ ခိုမုန်းဆိုရင် မြို့နဲ့ (၂)မိုင်လောက်ပဲဝေးတော့တာ။ ခိုမုန်းဆို မြို့နဲ့ကပ်နေပြီလေ။ အခုတောင် အနီးစပ်ဆုံး ကိုရောက်ပြီလေ။ ဒီမြို့ဧရိယာပြီးတာနဲ့ အဲဒီရွာကို တန်းရောက်တာပဲ။ မြို့ဧရိယာက လမ်းခွဲထိပဲလေ။ လမ်းခွဲနဲ့ ခိုမုန်းဆိုတာက ကပ်ရပ် ပဲကို။ ရောက်ပြီလို့တောင်ပြောလို့ရတာပေါ့။ မြို့ဧရိယာထဲကိုရောက်ပြီ”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
ခိုမုန်းကျေးရွာသို့ တပ်မတော်ထိုးစစ်ဆင်ချိန်တွင် TNLA အဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်နေရာယူကာ ခံစစ်စစ်ခြင်းများ ရှိနေကြောင်းလည်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ TNLA များ အနေဖြင့် ၎င်းတို့အလံများအားဖြုတ်ခြင်း၊ ဆိုင်းဘုတ်များကို ဖြုတ်ချခြင်းများ ပြုလုပ်ကာ မြို့မှ ထွက်ခွာရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ်လမ်းမပေါ်ရှိ TNLA တို့ (၁) နှစ်ကျော် ထိန်းချုပ်ထားခဲ့သည့် နောင်ချိုမြို့ကို တပ်မတော်က ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

Zawgyi Version:
တပ္မေတာ္စစ္ေၾကာင္းမ်ား ေက်ာက္မဲၿမိဳ႕ အနီး ခိုမုန္း႐ြာသို႔ေရာက္ရွိေနၿပီ
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၉
TNLA ထိန္းခ်ဳပ္ထားေသာ ေက်ာက္မဲၿမိဳ႕သို႔ ထိုးစစ္ဆင္ေနေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ယေန႔(စက္တင္ဘာ ၂၉ရက္)တြင္ ၿမိဳ႕အနီးရွိ ခိုမုန္းေက်း႐ြာသို႔ ေရာက္ရွိလာၿပီျဖစ္ ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေက်ာက္မဲၿမိဳ႕သို႔ ထိုးစစ္ဆင္ရန္ ၿပီးခဲ့သည့္ ဩဂုတ္လ တတိယအပတ္ကစတင္လာခဲ့ျခင္းျဖစ္ၿပီး ထန္းတပင္၊ ပင္တိန္၊ မက္မန္း(ကုန္းသာ)၊ ေနာင္ပိန္၊ ခိုက္တုန္ဟုန္း ေက်း႐ြာတို႔ရွိ TNLA စခန္းမ်ားကို သိမ္ပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေက်က္မဲၿမိဳ႕ဧရိယာအတြင္းပါဝင္ေသာ ခိုမုန္းေက်း႐ြာသို႔ေရာက္လာၿပီျဖစ္ေၾကာင္း သိရသည္။
“အခုေတာင္ ခိုမုန္းေရာက္ေနၿပီ။ ခိုမုန္းဆိုရင္ ၿမိဳ႕နဲ႔ (၂)မိုင္ေလာက္ပဲေဝးေတာ့တာ။ ခိုမုန္းဆို ၿမိဳ႕နဲ႔ကပ္ေနၿပီေလ။ အခုေတာင္ အနီးစပ္ဆုံး ကိုေရာက္ၿပီေလ။ ဒီၿမိဳ႕ဧရိယာၿပီးတာနဲ႔ အဲဒီ႐ြာကို တန္းေရာက္တာပဲ။ ၿမိဳ႕ဧရိယာက လမ္းခြဲထိပဲေလ။ လမ္းခြဲနဲ႔ ခိုမုန္းဆိုတာက ကပ္ရပ္ ပဲကို။ ေရာက္ၿပီလို႔ေတာင္ေျပာလို႔ရတာေပါ့။ ၿမိဳ႕ဧရိယာထဲကိုေရာက္ၿပီ”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
ခိုမုန္းေက်း႐ြာသို႔ တပ္မေတာ္ထိုးစစ္ဆင္ခ်ိန္တြင္ TNLA အဖြဲ႕ဝင္မ်ားက ျပည္သူပိုင္ေနအိမ္မ်ားအတြင္း ဝင္ေရာက္ေနရာယူကာ ခံစစ္စစ္ျခင္းမ်ား ရွိေနေၾကာင္းလည္း သိရသည္။
ေက်ာက္မဲၿမိဳ႕ေပၚရွိ TNLA မ်ား အေနျဖင့္ ၎တို႔အလံမ်ားအားျဖဳတ္ျခင္း၊ ဆိုင္းဘုတ္မ်ားကို ျဖဳတ္ခ်ျခင္းမ်ား ျပဳလုပ္ကာ ၿမိဳ႕မွ ထြက္ခြာရန္ ျပင္ဆင္ေနေၾကာင္းလည္း သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း မႏၲေလး-မူဆယ္လမ္းမေပၚရွိ TNLA တို႔ (၁) ႏွစ္ေက်ာ္ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က ၿပီးခဲ့သည့္ ဇူလိုင္လ ၁၆ ရက္တြင္ ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့သည္။