နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့်သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လို

1813

Pearl (NP News) - စက်တင်ဘာ ၃ဝ
နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့် သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လိုအပ်နေကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်း လုပ် ကိုင်သူများထံ NP News မှ ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရသိရသည်။
ဂျပန်သို့ လုပ်သားစေလွှတ်ရန် Demand တစ်စောင်လျှင် လုပ်သား (၁၅)ယောက်သာ ကန့်သတ် ထားပြီး သက်ဆိုင်ရာဝန်ကြီး ဌာနမှ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand အများစုသည် ဂျပန် နိုင်ငံရှိ လုပ်ငန်းရှင်များမှ စာချုပ်ပယ်ဖျက်ထားသည့် Demand များပါဝင်နေကြောင်း သိရသည်။
အလားတူ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand များမှာ စာချုပ်ပယ်ဖျက်မှုမရှိသော် လည်း ပြည်ဝင်ခွင့်သက်တမ်းကုန်ဆုံးများနေသည့်အတွက် ဗီဇာပြုလုပ်၍မရသည့်အလုပ်ခေါ် စာများ ဖြစ်ကြောင်းသိရသည်။
“Cancel ဖြစ်တဲ့စာရင်းကောက် လိုက်တော့ (၃၀ဝဝ)ကျော်လောက်ထွက်လာတယ်။ စောင့်နေတဲ့ Demand တွေလည်းရှိတာပေါ့နော်။ ဌာနကနေ ခွင့်ပြုမိန့်အလှည့်ကျ ချပေးတာတွေရတယ်။ တချို့ဟာ တွေဆို ဘာမှ ဆက်လုပ်လို့မရတဲ့ ဟာတွေ။ အချို့အလုပ်ခေါ်စာတွေက ပြည်ဝင်ခွင့် ကုန်သွားပြီ။ သက် တမ်းမတိုးထားဘူး။ စာချုပ်လည်း မပယ်ဖျက်ဘူး အလုပ်ရှင်က သက်တမ်းမတိုးတော့ ဗီဇာကလည်း ဝင် လို့မရဘူး။ အလုပ်ခေါ်စာလည်း ဖြစ်ထားတော့ ဌာနကလည်း အစဉ်လိုက်ခေါ်တဲ့အခါ ကျတော့ မပါသေး ဘူးပေါ့။ အဲဒီလိုဖြစ်နေတဲ့ အလုပ်ခေါ်စာတွေက အများကြီးပဲ။ သောင်း ဂဏန်းရှိတယ်။ စာချုပ် ဖျက်ပြီး တာတွေ၊ ငွေပြန် အမ်းပြီးတာတွေ အဲဒီလို Demand တွေ ခွင့်ပြုချက်ပေးပြီးတဲ့အထဲပါ ပါလာတော့ ဘာမှ ဆက် လုပ်မရတော့ဘူး။ အဲဒီလိုမဖြစ်အောင် စာရင်း ကောက်ပြီးတော့ နေပြည်တော်ကိုပို့ထားပေးတယ်။ လက်ခံထားပေးမယ့် အခုခွင့်ပြုတဲ့အထဲမှာ အဲဒါမျိုး တွေ ပြန်ပြန်ပါနေတယ်။ အဲဒါလည်း အခက်အခဲဖြစ် ရတာပေါ့။ လက်ရှိအေဂျင်စီတွေက ဘာမှမလုပ်ဘဲ ရပ်နေရတဲ့သဘောတွေရှိနေတာပေါ့” ဟု ပြည်ပ အ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် (၅)လပိုင်းမှ စတင်၍ တင်ပြထားသည့်အလုပ်ခေါ်စာများကို လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားမှု မရှိသည့် အပြင် (၂၀၂၄) ခုနှစ်တွင်တင်ပြထားသည့် အလုပ် ခေါ်စာများတွင်လည်း စေလွှတ်ခွင့်မကျဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပါအဝင် အခက် အခဲအချို့ကြောင့် ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီအများအပြား ရပ်စဲထားရသည့် အခြေအနေရှိသော်လည်း နယ်စပ်လမ်းကြောင်းများမှ တစ် ဆင့် ဂျပန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင်ပေး မည်ဟုဆိုကာ အခကြေးငွေများယူ၍ဆောင်ရွက် နေသည့် ပြင်ပ ဂျပန်စာသင်တန်းကျောင်းများ ပိုမိုများပြားလာပြီး အလိမ်ခံရသည့်ဖြစ်စဉ်များလည်း ပိုမိုများလာ သည့်အတွက် သင်တန်းကျောင်းများကို ထိထိရောက်ရောက်စိစစ်ကာ အရေးယူမှုများ ဆောင်ရွက်သင့် ကြောင်းလည်း ၎င်းကအကြံပြုထားသည်။
“အပြင်ကျောင်းတွေအများကြီးပဲ။ ကျောင်းတွေဖွင့်ကြတယ်။ အဲဒီလိုကျောင်းတွေက နေပြီး တော့ ကလေးတွေကို စမတ်ကတ် စောင့်စရာ မလိုဘူး။ OWIC ကတ်စောင့်စရာမလိုဘူးဆိုပြီး အမြန်ပို့ ပေးမယ်ဆိုပြီး နယ်စပ်ကပို့ပေးတဲ့ကျောင်း တွေ များလာတာပေါ့နော်။ အေဂျင်စီမှာ အင်တာ ဗျူးအောင် ထားတယ်။ စာချုပ်ချုပ်ထားတယ်။ ငွေသွင်းထားတယ်ဆိုတဲ့ကလေးတွေက စာချုပ် ပယ်ဖျက်ပြီး အပြင် ကျောင်းတွေကို ရောက်ကုန်တယ်။ ရောက်ပြီး တချို့တွေက ငွေတွေ အလိမ်ခံထားရတယ်။ အလိမ်ခံထား ရတယ်လို့ပြောပြန်ရင်လည်း ဟိုဘက်က ပြည်ဝင်ခွင့်မကျသေးလို့လို့။ အေဂျင်စီတွေနဲ့ချိတ်ထားပေမယ့် အေဂျင်စီတွေကမဖွင့်သေးလို့ဆိုပြီး ငွေတွေယူထားတဲ့ကျောင်းတွေအများကြီးရှိတယ်။ တချို့ကျတော့ အေဂျင်စီတွေနဲ့ပူးပေါင်းပြီးလုပ်တာရှိတယ်။ ဒါပေမဲ့ အေဂျင် စီတွေ မသိဘဲနဲ့ ငွေတွေလက်ခံထားတယ်။ သိန်း (၅၀၊ ၆၀၊ ၁၀ဝ)။ အဲဒီလိုတွေ လက်ခံထားပြီးတော့ ကလေးတွေက တစ်ခုခုသွားမေးရင် မဖွင့်သေး လို့ ဆိုတာမျိုးနဲ့ပဲ အချိန်ဆွဲပြီးငွေတွေယူထားကြတယ်။ စာချုပ်တွေချုပ်တယ် ငွေပြန်မအမ်းပါတို့ဘာတို့။ အပြင်ကျောင်းတွေလုပ်နေတာ။ အဲဒါတွေက လည်း ထိထိရောက်ရောက်စိစစ်ပြီးတော့ အရေး ယူဖို့လို တာပေါ့နော်။ အဲဒါတွေကလည်း MOEA နဲ့ချိတ်ဆက်ပြီး ကျောင်းစာရင်းတွေကောက်ပြီး သေချာ တင်း တင်းကြပ်ကြပ်လုပ်ရင် ကလေးတွေ အလိမ်ခံရတာလည်းလျော့သွားမှာပေါ့” ဟု ၎င်းက ဆက်လက်ပြော သည်။

Zawgyi Version:
နယ္စပ္မွတစ္ဆင့္ ဂ်ပန္သို႔ လုပ္သားေစလႊတ္မည္ဆိုေသာ မေရရာသည့္သင္တန္းေက်ာင္း ပိုမ်ားလာၿပီး အေရးယူရန္လို
Pearl (NP News) - စက္တင္ဘာ ၃ဝ
နယ္စပ္မွတစ္ဆင့္ ဂ်ပန္သို႔ လုပ္သားေစလႊတ္မည္ဆိုေသာ မေရရာသည့္ သင္တန္းေက်ာင္း ပိုမ်ားလာၿပီး အေရးယူရန္လိုအပ္ေနေၾကာင္း ျပည္ပ အလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီလုပ္ငန္း လုပ္ ကိုင္သူမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရသိရသည္။
ဂ်ပန္သို႔ လုပ္သားေစလႊတ္ရန္ Demand တစ္ေစာင္လွ်င္ လုပ္သား (၁၅)ေယာက္သာ ကန႔္သတ္ ထားၿပီး သက္ဆိုင္ရာဝန္ႀကီး ဌာနမွ ေစလႊတ္ခြင့္ ျပန္လည္ခ်ေပးသည့္ Demand အမ်ားစုသည္ ဂ်ပန္ ႏိုင္ငံရွိ လုပ္ငန္းရွင္မ်ားမွ စာခ်ဳပ္ပယ္ဖ်က္ထားသည့္ Demand မ်ားပါဝင္ေနေၾကာင္း သိရသည္။
အလားတူ ေစလႊတ္ခြင့္ ျပန္လည္ခ်ေပးသည့္ Demand မ်ားမွာ စာခ်ဳပ္ပယ္ဖ်က္မႈမရွိေသာ္ လည္း ျပည္ဝင္ခြင့္သက္တမ္းကုန္ဆုံးမ်ားေနသည့္အတြက္ ဗီဇာျပဳလုပ္၍မရသည့္အလုပ္ေခၚ စာမ်ား ျဖစ္ေၾကာင္းသိရသည္။
“Cancel ျဖစ္တဲ့စာရင္းေကာက္ လိုက္ေတာ့ (၃၀ဝဝ)ေက်ာ္ေလာက္ထြက္လာတယ္။ ေစာင့္ေနတဲ့ Demand ေတြလည္းရွိတာေပါ့ေနာ္။ ဌာနကေန ခြင့္ျပဳမိန႔္အလွည့္က် ခ်ေပးတာေတြရတယ္။ တခ်ိဳ႕ဟာ ေတြဆို ဘာမွ ဆက္လုပ္လို႔မရတဲ့ ဟာေတြ။ အခ်ိဳ႕အလုပ္ေခၚစာေတြက ျပည္ဝင္ခြင့္ ကုန္သြားၿပီ။ သက္ တမ္းမတိုးထားဘူး။ စာခ်ဳပ္လည္း မပယ္ဖ်က္ဘူး အလုပ္ရွင္က သက္တမ္းမတိုးေတာ့ ဗီဇာကလည္း ဝင္ လို႔မရဘူး။ အလုပ္ေခၚစာလည္း ျဖစ္ထားေတာ့ ဌာနကလည္း အစဥ္လိုက္ေခၚတဲ့အခါ က်ေတာ့ မပါေသး ဘူးေပါ့။ အဲဒီလိုျဖစ္ေနတဲ့ အလုပ္ေခၚစာေတြက အမ်ားႀကီးပဲ။ ေသာင္း ဂဏန္းရွိတယ္။ စာခ်ဳပ္ ဖ်က္ၿပီး တာေတြ၊ ေငြျပန္ အမ္းၿပီးတာေတြ အဲဒီလို Demand ေတြ ခြင့္ျပဳခ်က္ေပးၿပီးတဲ့အထဲပါ ပါလာေတာ့ ဘာမွ ဆက္ လုပ္မရေတာ့ဘူး။ အဲဒီလိုမျဖစ္ေအာင္ စာရင္း ေကာက္ၿပီးေတာ့ ေနျပည္ေတာ္ကိုပို႔ထားေပးတယ္။ လက္ခံထားေပးမယ့္ အခုခြင့္ျပဳတဲ့အထဲမွာ အဲဒါမ်ိဳး ေတြ ျပန္ျပန္ပါေနတယ္။ အဲဒါလည္း အခက္အခဲျဖစ္ ရတာေပါ့။ လက္ရွိေအဂ်င္စီေတြက ဘာမွမလုပ္ဘဲ ရပ္ေနရတဲ့သေဘာေတြရွိေနတာေပါ့” ဟု ျပည္ပ အ လုပ္အကိုင္ရွာေဖြေရးေအဂ်င္စီလုပ္ငန္းလုပ္ကိုင္သူတစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ (၅)လပိုင္းမွ စတင္၍ တင္ျပထားသည့္အလုပ္ေခၚစာမ်ားကို လက္ရွိ အခ်ိန္ထိ တစ္စုံတစ္ရာ အေၾကာင္းၾကားမႈ မရွိသည့္ အျပင္ (၂၀၂၄) ခုႏွစ္တြင္တင္ျပထားသည့္ အလုပ္ ေခၚစာမ်ားတြင္လည္း ေစလႊတ္ခြင့္မက်ဘဲ က်န္ရွိေနေသးေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားအပါအဝင္ အခက္ အခဲအခ်ိဳ႕ေၾကာင့္ ဂ်ပန္ႏိုင္ငံသို႔ လုပ္သားေစလႊတ္သည့္ ေအဂ်င္စီအမ်ားအျပား ရပ္စဲထားရသည့္ အေျခအေနရွိေသာ္လည္း နယ္စပ္လမ္းေၾကာင္းမ်ားမွ တစ္ ဆင့္ ဂ်ပန္ႏိုင္ငံသို႔ အျမန္ဆုံးပို႔ေဆာင္ေပး မည္ဟုဆိုကာ အခေၾကးေငြမ်ားယူ၍ေဆာင္႐ြက္ ေနသည့္ ျပင္ပ ဂ်ပန္စာသင္တန္းေက်ာင္းမ်ား ပိုမိုမ်ားျပားလာၿပီး အလိမ္ခံရသည့္ျဖစ္စဥ္မ်ားလည္း ပိုမိုမ်ားလာ သည့္အတြက္ သင္တန္းေက်ာင္းမ်ားကို ထိထိေရာက္ေရာက္စိစစ္ကာ အေရးယူမႈမ်ား ေဆာင္႐ြက္သင့္ ေၾကာင္းလည္း ၎ကအႀကံျပဳထားသည္။
“အျပင္ေက်ာင္းေတြအမ်ားႀကီးပဲ။ ေက်ာင္းေတြဖြင့္ၾကတယ္။ အဲဒီလိုေက်ာင္းေတြက ေနၿပီး ေတာ့ ကေလးေတြကို စမတ္ကတ္ ေစာင့္စရာ မလိုဘူး။ OWIC ကတ္ေစာင့္စရာမလိုဘူးဆိုၿပီး အျမန္ပို႔ ေပးမယ္ဆိုၿပီး နယ္စပ္ကပို႔ေပးတဲ့ေက်ာင္း ေတြ မ်ားလာတာေပါ့ေနာ္။ ေအဂ်င္စီမွာ အင္တာ ဗ်ဴးေအာင္ ထားတယ္။ စာခ်ဳပ္ခ်ဳပ္ထားတယ္။ ေငြသြင္းထားတယ္ဆိုတဲ့ကေလးေတြက စာခ်ဳပ္ ပယ္ဖ်က္ၿပီး အျပင္ ေက်ာင္းေတြကို ေရာက္ကုန္တယ္။ ေရာက္ၿပီး တခ်ိဳ႕ေတြက ေငြေတြ အလိမ္ခံထားရတယ္။ အလိမ္ခံထား ရတယ္လို႔ေျပာျပန္ရင္လည္း ဟိုဘက္က ျပည္ဝင္ခြင့္မက်ေသးလို႔လို႔။ ေအဂ်င္စီေတြနဲ႔ခ်ိတ္ထားေပမယ့္ ေအဂ်င္စီေတြကမဖြင့္ေသးလို႔ဆိုၿပီး ေငြေတြယူထားတဲ့ေက်ာင္းေတြအမ်ားႀကီးရွိတယ္။ တခ်ိဳ႕က်ေတာ့ ေအဂ်င္စီေတြနဲ႔ပူးေပါင္းၿပီးလုပ္တာရွိတယ္။ ဒါေပမဲ့ ေအဂ်င္ စီေတြ မသိဘဲနဲ႔ ေငြေတြလက္ခံထားတယ္။ သိန္း (၅၀၊ ၆၀၊ ၁၀ဝ)။ အဲဒီလိုေတြ လက္ခံထားၿပီးေတာ့ ကေလးေတြက တစ္ခုခုသြားေမးရင္ မဖြင့္ေသး လို႔ ဆိုတာမ်ိဳးနဲ႔ပဲ အခ်ိန္ဆြဲၿပီးေငြေတြယူထားၾကတယ္။ စာခ်ဳပ္ေတြခ်ဳပ္တယ္ ေငြျပန္မအမ္းပါတို႔ဘာတို႔။ အျပင္ေက်ာင္းေတြလုပ္ေနတာ။ အဲဒါေတြက လည္း ထိထိေရာက္ေရာက္စိစစ္ၿပီးေတာ့ အေရး ယူဖို႔လို တာေပါ့ေနာ္။ အဲဒါေတြကလည္း MOEA နဲ႔ခ်ိတ္ဆက္ၿပီး ေက်ာင္းစာရင္းေတြေကာက္ၿပီး ေသခ်ာ တင္း တင္းၾကပ္ၾကပ္လုပ္ရင္ ကေလးေတြ အလိမ္ခံရတာလည္းေလ်ာ့သြားမွာေပါ့” ဟု ၎က ဆက္လက္ေျပာ သည္။