(၈) မိုင်ကုန်းကျော်တံတားပေါ်တွင် ယာဉ် (၃) စီးဆင့်တိုက်မှုဖြစ်ပွားကာ အမျိုးသား (၂) ဦးသေဆုံး

832

သက်ပိုင် (NP News) - အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊ပြည်လမ်း၊(၈)မိုင် ကုန်းကျော်တံတားပေါ်တွင် ယာဉ် (၃) စီးဆင့်တိုက်မှုဖြစ်ပွားကာ လူ (၂) ဦးသေဆုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့သော ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာလ (၃) ရက် ည(၁၁)နာရီ (၃၇)မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၂၆)နှစ် နှင့် (၃၀)နှစ်အရွယ်အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဖြစ်စဉ်အတိအကျကိုတော့ မမြင်ရဘူးပေါ့နော်။ ဒါပေမယ့် တိုက်တဲ့အနေအထားကိုကြည့်ခြင်းအားဖြင့် ဖြစ်စဉ်မှာပါတဲ့ Taxi ကို ကားတစ်စီစီးက ကားနောက်ကို ဝင်ပွတ်တိုက်မိတာမှာ ပွတ်တဲ့ကားက ကျော်တက်သွားပြီးတော့မှ မျက်နှာချင်းဆိုင်လာတဲ့ ကားနှစ်စီးကို တိုက်တဲ့သဘောရှိတယ်။ လိုက်ထရပ်နဲ့ ဖိုးဝှီးနဲ့ မျက်နှာချင်းဆိုင်တိုက်တာ။ ဖိုးဝှီးနဲ့ Taxi ကလူတွေကတော့ ဘာမှမဖြစ်သွားပါဘူး။ ဘယ်ကားကကျော်လို့ ဘာဖြစ်သွားတယ်ဆိုတာကိုတော့ အတိအ
ကျပြောဖို့ခက်ပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် လိုက်ထရပ်ပေါ် လိုက်ပါလာသူ (၂) ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ နှင့် ပရဟိတ အသင်းများက သွားရောက်ကူညီခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
(၈) မိုင္ကုန္းေက်ာ္တံတားေပၚတြင္ ယာဥ္ (၃) စီးဆင့္တိုက္မႈျဖစ္ပြားကာ အမ်ိဳးသား (၂) ဦးေသဆုံး
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၄
ရန္ကုန္တိုင္းေဒသႀကီး၊မရမ္းကုန္းၿမိဳ႕နယ္၊ျပည္လမ္း၊(၈)မိုင္ ကုန္းေက်ာ္တံတားေပၚတြင္ ယာဥ္ (၃) စီးဆင့္တိုက္မႈျဖစ္ပြားကာ လူ (၂) ဦးေသဆုံးခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့ေသာ ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ေအာက္တိုဘာလ (၃) ရက္ ည(၁၁)နာရီ (၃၇)မိနစ္ခန႔္ကျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အသက္ (၂၆)ႏွစ္ ႏွင့္ (၃၀)ႏွစ္အ႐ြယ္အမ်ိဳးသားႏွစ္ဦးမွာ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆိုသည္။
“ျဖစ္စဥ္အတိအက်ကိုေတာ့ မျမင္ရဘူးေပါ့ေနာ္။ ဒါေပမယ့္ တိုက္တဲ့အေနအထားကိုၾကည့္ျခင္းအားျဖင့္ ျဖစ္စဥ္မွာပါတဲ့ Taxi ကို ကားတစ္စီစီးက ကားေနာက္ကို ဝင္ပြတ္တိုက္မိတာမွာ ပြတ္တဲ့ကားက ေက်ာ္တက္သြားၿပီးေတာ့မွ မ်က္ႏွာခ်င္းဆိုင္လာတဲ့ ကားႏွစ္စီးကို တိုက္တဲ့သေဘာရွိတယ္။ လိုက္ထရပ္နဲ႔ ဖိုးဝွီးနဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္တာ။ ဖိုးဝွီးနဲ႔ Taxi ကလူေတြကေတာ့ ဘာမွမျဖစ္သြားပါဘူး။ ဘယ္ကားကေက်ာ္လို႔ ဘာျဖစ္သြားတယ္ဆိုတာကိုေတာ့ အတိအ
က်ေျပာဖို႔ခက္ပါတယ္” ဟု အဆိုပါတာဝန္ရွိသူက ဆိုသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ လိုက္ထရပ္ေပၚ လိုက္ပါလာသူ (၂) ဦး ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ယာဥ္တိုက္မႈျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီတပ္ဖြဲ႕ ႏွင့္ ပရဟိတ အသင္းမ်ားက သြားေရာက္ကူညီခဲ့ၾကၿပီး ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။