တောင်ကိုရီးယားသရုပ်ဆောင် ဗြောင်ဝူဆော့ခ်ရဲ့သက်တော်စောင့် အင်ချွန်းလေဆိပ်မှာ လိုအပ်တာထက်ပိုမို အင်အားသုံးခဲ့ခြင်းကြောင့် ဝမ် ၁ သန်း ဒဏ်ရိုက်ခံရ

 559

ရောင်နီ (NP News) - အောက်တိုဘာ ၄
တောင်ကိုရီးယားသရုပ်ဆောင် ဗြောင်ဝူဆော့ခ်ရဲ့သက်တော်စောင့်၊ ကိုယ်ရန်တော်တစ်ဦးဟာ ပြီးခဲ့တဲ့နှစ် က အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကာကွယ်မှုအတွက် လိုအပ်တာထက်ပိုတဲ့ အင်အား အသုံးပြုခဲ့မှုနဲ့ တရားရုံးက အောက်တိုဘာ ၂ ရက်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အင်ချွန်းခရိုင်တရားရုံး မှုခင်းဌာနခွဲ ၆ မှ တရားသူကြီး ရှင်းဟောင်ဟိုက လုံခြုံရေးဝန်ဆောင်မှု အက်ဥပဒေ ချိုးဖောက်မှုနဲ့ သက်တော်စောင့် A (အမည်လွှဲ) နဲ့ လုံခြုံရေးကုမ္ပဏီ B (အမည်လွှဲ) ကို ဒဏ်ငွေ ကျပ် ၁ သန်း (အမေရိကန်ဒေါ်လာ ၇၃၀ ဝန်းကျင်) စီ ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စီရင်ချက်အရ၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှာ သက်တော်စောင့် A ဟာ ဗြောင်ဝူဆော့ခ်ကို လေဆိပ်မှ ခေါ်ဆောင် လာစဉ် သာမာန်ထက်ပိုတဲ့ကာကွယ်မှုတွေပြုလုပ်ခဲ့ပြီး အခြားခရီးသွားတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က လေဆိပ်မှာ ပရိသတ်တွေက မင်းသားကိုကြိုဆိုဖို့ စုရုံးလာကြချိန်မှာ မင်းသားရဲ့ သက်တော် စောင့်တွေက ခရီးသည်တွေရဲ့မျက်နှာတွေကို ဓာတ်မီးရောင်နဲ့ အကြိမ်ကြိမ်ထိုးခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။တရားသူကြီးက အဆိုပါလုပ်ရပ်တွေကို လုံခြုံရေးတာဝန် ပြင်ပမှာ ရုပ်ပိုင်းဆိုင်ရာအင်အား အသုံးပြုမှု အဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။
လုံခြုံရေးဝန်ဆောင်မှုအက်ဥပဒေ ပုဒ်မ ၁၅ အရ လုံခြုံရေးဝန်ထမ်းတွေကို ၄င်းတို့ တရားဝင် တာဝန်ထက် ကျော်လွန်ပြီး အင်အားသုံးခြင်း (သို့မဟုတ်)မပြုဖို့ တားမြစ်ထားပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မင်းသား ဗြောင်ဝူဆော့ခ်ရဲ့ကိုယ်ရံတော်တွေအပေါ် စီမံခန့်ခွဲမှုအတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ေျဗာင္ဝူေဆာ့ခ္ရဲ႕သက္ေတာ္ေစာင့္ အင္ခြၽန္းေလဆိပ္မွာ လိုအပ္တာထက္ပိုမို အင္အားသုံးခဲ့ျခင္းေၾကာင့္ ဝမ္ ၁ သန္း ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၄
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ေျဗာင္ဝူေဆာ့ခ္ရဲ႕သက္ေတာ္ေစာင့္၊ ကိုယ္ရန္ေတာ္တစ္ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ က အင္ခြၽန္းအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ကာကြယ္မႈအတြက္ လိုအပ္တာထက္ပိုတဲ့ အင္အား အသုံးျပဳခဲ့မႈနဲ႔ တရား႐ုံးက ေအာက္တိုဘာ ၂ ရက္မွာ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။
အင္ခြၽန္းခ႐ိုင္တရား႐ုံး မႈခင္းဌာနခြဲ ၆ မွ တရားသူႀကီး ရွင္းေဟာင္ဟိုက လုံၿခဳံေရးဝန္ေဆာင္မႈ အက္ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ သက္ေတာ္ေစာင့္ A (အမည္လႊဲ) နဲ႔ လုံၿခဳံေရးကုမၸဏီ B (အမည္လႊဲ) ကို ဒဏ္ေငြ က်ပ္ ၁ သန္း (အေမရိကန္ေဒၚလာ ၇၃၀ ဝန္းက်င္) စီ ဒဏ္႐ိုက္ခဲ့တယ္လို႔ ဆိုပါတယ္။
စီရင္ခ်က္အရ၊ ၂၀၂၃ ခုႏွစ္ ဇူလိုင္လ ၁၂ ရက္မွာ သက္ေတာ္ေစာင့္ A ဟာ ေျဗာင္ဝူေဆာ့ခ္ကို ေလဆိပ္မွ ေခၚေဆာင္ လာစဥ္ သာမာန္ထက္ပိုတဲ့ကာကြယ္မႈေတြျပဳလုပ္ခဲ့ၿပီး အျခားခရီးသြားေတြကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေန႔က ေလဆိပ္မွာ ပရိသတ္ေတြက မင္းသားကိုႀကိဳဆိုဖို႔ စု႐ုံးလာၾကခ်ိန္မွာ မင္းသားရဲ႕ သက္ေတာ္ ေစာင့္ေတြက ခရီးသည္ေတြရဲ႕မ်က္ႏွာေတြကို ဓာတ္မီးေရာင္နဲ႔ အႀကိမ္ႀကိမ္ထိုးခဲ့တယ္လို႔ စုံစမ္းစစ္ေဆးမႈေတြအရ သိရပါတယ္။တရားသူႀကီးက အဆိုပါလုပ္ရပ္ေတြကို လုံၿခဳံေရးတာဝန္ ျပင္ပမွာ ႐ုပ္ပိုင္းဆိုင္ရာအင္အား အသုံးျပဳမႈ အျဖစ္ ဆုံးျဖတ္ခဲ့ပါတယ္။
လုံၿခဳံေရးဝန္ေဆာင္မႈအက္ဥပေဒ ပုဒ္မ ၁၅ အရ လုံၿခဳံေရးဝန္ထမ္းေတြကို ၄င္းတို႔ တရားဝင္ တာဝန္ထက္ ေက်ာ္လြန္ၿပီး အင္အားသုံးျခင္း (သို႔မဟုတ္)မျပဳဖို႔ တားျမစ္ထားပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး မင္းသား ေျဗာင္ဝူေဆာ့ခ္ရဲ႕ကိုယ္ရံေတာ္ေတြအေပၚ စီမံခန႔္ခြဲမႈအတြက္ ေဝဖန္မႈေတြ ရွိေနပါတယ္။

Related news

© 2021. All rights reserved.