မြောက်အမေရိက ရုံတင်လက်မှတ်ရောင်းချမှုတွင် ထိပ်ဆုံးနေရာသို့ရောက်ရှိခဲ့သည့် သည်းထိတ်ရင်ဖိုဇာတ်လမ်း One Battle After Another

124

Pika (NP News) - အောက်တိုဘာ ၄
အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ ပေါလ်သောမတ်စ်အန်ဒါဆန်၏ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား One Battle After Another သည် ၎င်း၏ပွဲဦးထွက်သီတင်းပတ်ကုန်တွင် မြောက်အမေရိကရုံတင်လက်မှတ်ရောင်းချမှုတွင် ထိပ်ဆုံး နေရာသို့ ရောက်ရှိသွားခဲ့ကြောင်းသိရသည်။ သမီးဖြစ်သူကို ကူညီရန်အတွက် ပြန်လည်ပါဝင်လာခဲ့သည့် အငြိမ်း စား အစွန်းရောက်တိုက်ခိုက်ရေးသမားအဖြစ် အမေရိကန်နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒိုပါဝင်သရုပ်ဆောင် ထားသည့် One Battle After Another ဇာတ်ကားသည် ပရိသတ်များကြားတွင် အလွန် ရေပန်းစားခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် One Battle After Another ဇာတ်ကားကို အကောင်းနှင့်အဆိုး၊ အကြမ်းဖက်မှုနှင့် အာဏာ၊ ခွဲခြားမရနိုင်သော အခွင့်အရေးများနှင့် မတရားမှုကို တိုက်ဖျက်ခြင်းအကြောင်း ဖော်ကျူး ထားသည့် ဇာတ်ကားတစ်ကား အဖြစ် New York Times သတင်းစာက ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် ထွက်ရှိသည့် သီတင်းပတ်ကုန်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၂ ဒသမ ၄) သန်းခန့်ရရှိခဲ့ကြောင်း ဒေတာအချက် အလက်များအရသိရသည်။
Franchise Entertainment Research မှ သုတေသီ David A Gross က “ဒါက သည်းထိတ် ရင်ဖိုဇာတ်ကား တစ်ကားအတွက် ကောင်းမွန်တဲ့အဖွင့် တစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အများကြီးပါပါတယ်။ ဝေဖန်ရေးသမားတွေကတောင် ဒီဇာတ်ကားကို အရမ်းကောင်းတဲ့ဇာတ်ကားအဖြစ် သုံးသပ်ခဲ့ကြပါ တယ်”ဟုပြောဆိုခဲ့သည်။
မြောက်အမေရိက ရုံတင်လက်မှတ်ရောင်းချမှုအတွင်း ဒုတိယနေရာမှာရပ်တည့်နေသည့်ဇာတ်ကားမှာ Gabby}s Dollhouse: The Movie ဇာတ် ကားဖြစ်ပြီး ထွက်ရှိသည့်သီတင်းပတ်ကုန်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၃ ဒသမ ၇) သန်းခန့်ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေျမာက္အေမရိက ႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ ထိပ္ဆုံးေနရာသို႔ေရာက္ရွိခဲ့သည့္ သည္းထိတ္ရင္ဖိုဇာတ္လမ္း One Battle After Another
Pika (NP News) - ေအာက္တိုဘာ ၄
အေမရိကန္႐ုပ္ရွင္ထုတ္လုပ္သူ ေပါလ္ေသာမတ္စ္အန္ဒါဆန္၏ သည္းထိတ္ရင္ဖို ႐ုပ္ရွင္ဇာတ္ကား One Battle After Another သည္ ၎၏ပြဲဦးထြက္သီတင္းပတ္ကုန္တြင္ ေျမာက္အေမရိက႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ ထိပ္ဆုံး ေနရာသို႔ ေရာက္ရွိသြားခဲ့ေၾကာင္းသိရသည္။ သမီးျဖစ္သူကို ကူညီရန္အတြက္ ျပန္လည္ပါဝင္လာခဲ့သည့္ အၿငိမ္း စား အစြန္းေရာက္တိုက္ခိုက္ေရးသမားအျဖစ္ အေမရိကန္နာမည္ေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ လီယိုနာဒိုပါဝင္သ႐ုပ္ေဆာင္ ထားသည့္ One Battle After Another ဇာတ္ကားသည္ ပရိသတ္မ်ားၾကားတြင္ အလြန္ ေရပန္းစားခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ One Battle After Another ဇာတ္ကားကို အေကာင္းႏွင့္အဆိုး၊ အၾကမ္းဖက္မႈႏွင့္ အာဏာ၊ ခြဲျခားမရႏိုင္ေသာ အခြင့္အေရးမ်ားႏွင့္ မတရားမႈကို တိုက္ဖ်က္ျခင္းအေၾကာင္း ေဖာ္က်ဴး ထားသည့္ ဇာတ္ကားတစ္ကား အျဖစ္ New York Times သတင္းစာက ေရးသားေဖာ္ျပခဲ့ေၾကာင္း သိရသည္။ အဆိုပါ ႐ုပ္ရွင္ဇာတ္ကားသည္ ထြက္ရွိသည့္ သီတင္းပတ္ကုန္တြင္ ဝင္ေငြ အေမရိကန္ေဒၚလာ (၂၂ ဒသမ ၄) သန္းခန႔္ရရွိခဲ့ေၾကာင္း ေဒတာအခ်က္ အလက္မ်ားအရသိရသည္။
Franchise Entertainment Research မွ သုေတသီ David A Gross က “ဒါက သည္းထိတ္ ရင္ဖိုဇာတ္ကား တစ္ကားအတြက္ ေကာင္းမြန္တဲ့အဖြင့္ တစ္ခုပဲျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ေကာင္းမြန္တဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြ အမ်ားႀကီးပါပါတယ္။ ေဝဖန္ေရးသမားေတြကေတာင္ ဒီဇာတ္ကားကို အရမ္းေကာင္းတဲ့ဇာတ္ကားအျဖစ္ သုံးသပ္ခဲ့ၾကပါ တယ္”ဟုေျပာဆိုခဲ့သည္။
ေျမာက္အေမရိက ႐ုံတင္လက္မွတ္ေရာင္းခ်မႈအတြင္း ဒုတိယေနရာမွာရပ္တည့္ေနသည့္ဇာတ္ကားမွာ Gabby}s Dollhouse: The Movie ဇာတ္ ကားျဖစ္ၿပီး ထြက္ရွိသည့္သီတင္းပတ္ကုန္တြင္ ဝင္ေငြ အေမရိကန္ေဒၚလာ (၁၃ ဒသမ ၇) သန္းခန႔္ရရွိခဲ့ေၾကာင္း သိရသည္။