တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

330

(ဈေးကွက် သုံးသပ်ဆောင်းပါး)
ပြည့်ဖြိုး(NP News)
သီတင်းကျွတ်ကာလရောက်ရှိလာပြီဖြစ်သော်လည်း ပြည်တွင်းစီးပွားရေးဈေးကွက်အတွင်း အပြောင်းအလဲ နည်းပါးစွာဖြင့်ရပ်တည်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးကွက် အတွင်း စံချိန်တင်ရွှေဈေးနှုန်း များဖြစ်ပေါ်နေရာ ပြည်တွင်းရွှေဈေးကွက်သည်လည်း လိုက်ပါမြင့်တက်နေသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း(၈၀)အထက်သို့ရောက်ရှိနေ သော်လည်း အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း ရွှေ လုပ်ငန်းရှင်များထံမှသိရသည်။ နိုင်ငံတကာဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာဈေးဆက်တိုက်ကျ ဆင်းနေရာ ရွှေဝယ်လိုအား ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။ ကုန်သွယ်ရေးစစ်ပွဲများနှင့် အမေရိကန်၏သွင်းကုန်အပေါ် အခွန်တိုးမြင့်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းနေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများကသုံး သပ်ထား သည်။ ဝါကျွတ်ကာလ အိမ်ခြံမြေဈေးကွက် နှင့်ဆောက်လုပ်ရေးလုပ်ငန်းများ အပြောင်းအလဲများ ရှိနိုင်သော်လည်း လက်ရှိမြန်မာ့စီးပွားရေးအခြေအနေအရ အိမ်ငှားဈေးကွက်က ဆက်လက်ဦးဆောင်နေနိုင်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင် ချိန်ဖြစ်သော်လည်း အလုံးအရင်းဖြင့် ဆောက်လုပ်မှု နည်းပါးနိုင်ပြီး တစ်ပိုင်တစ်နိုင် ဆောက်လုပ်ရေးလုပ် ငန်းများသာ ဈေးကွက်အတွင်း ပြန်လည်စတင်နိုင် ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် များထံမှသိသည်။ ပြည်တွင်းအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေး ကွက်သည် နိုင်ငံရေးအပြောင်းအလဲပေါ်မူတည်နေ ကြောင်းနှင့် ဆောက်လုပ်ရေးကုန်စည်များ ပြည်ပမှ တင်သွင်းနိုင်မှုအခြေအနေပေါ်တွင်လည်း မူတည်နေ ကြောင်း ကျွမ်း ကျင်သူများက သုံးသပ်ပြောကြားသည်။ အမေရိကန်ဒေါ်လာဈေး ကျဆင်းနေသည်မှာ တစ်လနီးပါးကြာမြင့် နေပြီဖြစ် သော်လည်း ပြည်ပမှသွင်းကုန် အများစုမှာ လက်ကျန်နည်းပြီး ဈေးမြင့်တက်ခြင်းများ ကြုံတွေ့နေရသည်။ ပြည်ပသွင်း ကုန်မဟုတ်သော ပြည်တွင်းထုတ်ကုန်စည်အချို့မှာလည်း ကုန်ကြမ်း အခက်အခဲကြောင့် ဈေးနှုန်းများမြင့်တက်နေပြီး အထွေထွေကုန်ဈေးနှုန်း အမြင့်ပိုင်းသို့ရောက်ရှိနေခြင်းဖြစ်သည်။ ပြည်တွင်းသို့ အဓိကတင်သွင်းနေသော စက်သုံးဆီနှင့် စားအုန်းဆီဈေးများ တည်ငြိမ်နေသည့်အတွက် အထွေထွေကုန်ဈေးနှုန်းမှာ အထိုက်အလျောက်တည်ငြိမ် နေခြင်းဖြစ် သည်။ အထွေထွေကုန် ဈေးနှုန်းမြင့်တက်ခြင်းကိုကုစားနိုင်ရန် ငွေကြေးလည် ပတ်စီးဆင်းမှုကို ပိုမိုအားကောင်း စေရန်သက်ဆိုင်ရာမှ မူဝါဒချမှတ်အကောင်အထည်ဖော်သင့်သည်။ လာမည့်ရက်များအတွင်း ပွင်လင်းရာသီ ပွဲတော် ကာလ များရောက်ရှိလာမည်ဖြစ်ရာ ဈေးကွက်အတွင်း အရောင်းအဝယ်များ ပြန်လည်ဖြစ်ထွန်းလာနိုင်သော် လည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ကမ္ဘာ့ဈေးကွက်ကြောင့်လှုပ်ခတ်နေသည့် ရွှေနှင့်ဒေါ်လာ
ပြည်တွင်းဈေးကွက်အပြောင်းအလဲ ကြောင့်မဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်အပြောင်းအလဲ များကြောင့် ပြည်တွင်း ရွှေဈေးနှင့်ဒေါ်လာဈေးမှာ အပြောင်းအလဲများမြန်ဆန်နေသည်။ အမေရိကန် နိုင်ငံ၏သွင်းကုန်များအပေါ် အခွန်စည်း ကြပ်မှုတိုးမြင့် ခြင်းသည် ကမ္ဘာ့ငွေလဲဈေးကွက်အတွင်း အမေရိကန် ဒေါ်လာတန်ဖိုးများကျဆင်းသွားစေပြီး ငွေကြေးဈေး ကွက်၏စံသတ်မှတ်ချက်ဖြစ်သော ရွှေတန်ဖိုးများကို ဆက်တိုက်မြင့်တက်လာစေသည်။ ကမ္ဘာ့နိုင်ငံများတွင် အမေရိကန် ဒေါ်လာကို အရန်ငွေကြေးအဖြစ်ထားရှိခြင်းမှ ရွှေကို အစားထိုးပြောင်းလဲလာကြသဖြင့် ရွှေဝယ်လိုအား ဆက်တိုက်မြင့် တက်လာခြင်းဖြစ်သည်။ ဩဂုတ်လအကုန် စက်တင်ဘာလဆန်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် (၃၃၆၀) ဒေါ်လာဝန်း ကျင်ပေါက်ဈေးရှိခဲ့သော်လည်း စက်တင်ဘာလအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ(၃၀)ရက် ပေါက်ဈေးမှာ ရွှေတစ်အောင်စလျှင်(၃၈၆၄)ဒေါ်လာ အထိမြင့်တက်နေသည်။ တစ်လအတွင်း ရွှေတစ် အောင်စလျှင် ဒေါ်လာငါးရာဝန်းကျင်အထိ ဈေးမြင့်တက်လာခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့် တက်နိုင်ကြောင်း ကျွမ်းကျင် သူများကခန့်မှန်းထားရာ အမေရိကန်ဒေါ်လာဈေးမှာလည်း ဆက်လက်ကျ ဆင်းနေနိုင်သည်။ ပြည်တွင်းရွှေဈေး မှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် စက်တင်ဘာလဆန်းက (၇၇)သိန်းကျပ်ဝန်းကျင်ရှိသော်လည်း စက်တင်ဘာ လကုန်တွင် (၈၁)သိန်းကျပ်အထိ ဈေးများမြင့်တက် နေသည်။ ရွှေဈေးများ ဆက်တိုက်မြင့်တက်နေသော် လည်း ပြည်တွင်းရွှေလုပ်ငန်းများအတွင်း၌မူ အရောင်း အဝယ်ပုံမှန်အခြေအနေဖြင့်လည်ပတ်နေကြောင်း သိရသည်။ ရွှေဈေးကို ဆက်လက်မြင့်တက်နိုင်ကြောင်း ရွှေကုန်သည်အများစုကခန့်မှန်းထားကြပြီးလတ်တလောဈေးသည် ရွှေဈေးကွက် သမိုင်းတစ် လျှောက် အမြင့်ဆုံးပေါက်ဈေးဖြစ်သည်။ ပြည်တွင်း ရွှေဈေးနှုန်းအပြောင်းအလဲမှာ ဒေါ်လာဈေးနှင့်လည်း တိုက်ရိုက်သက်ဆိုင်ပြီး လတ်တလောဒေါ်လာဈေးများ ကျဆင်းနေခြင်းကြောင့်သာ အတိုင်းအတာထစ်ခုအထိ ဈေးနှုန်း အပြောင်းအလဲနည်းပါးနေခြင်းဖြစ်သည်။ အကယ်၍ အမေရိကန်ဒေါ်လာဈေးများ မြင့်တက်လာပါက ပြည်တွင်း ရွှေဈေးမှာ လက်ရှိထက် ပိုမိုမြင့်မားနိုင် ကြောင်းသိရသည်။ အမေရိကန်ဒေါ်လာဈေးမှာ စက်တင်ဘာ(၃၀)ရက်တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး (၄၀၉၀)ကျပ်နှင့် ရောင်းဈေး(၄၁၇၀)ကျပ်ပေါက်ဈေး ဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အွန်လိုင်း ရည်òန်းပေါက်ဈေးမှာ (၃၅၉၉)ကျပ်ဖြစ်သောကြောင့် ပြင်ပ ပေါက်ဈေးနှင့် ဗဟိုဘဏ်ဈေးအကြားကွာခြားချက်အနည်းငယ်ပြောင်းလဲလာသည်။ ဆက်တိုက်မြင့်တက်နေသော ကမ္ဘာ့ရွှေဈေးကြောင့် အမေရိကန်ဒေါ်လာဈေး ဆက်လက်ကျဆင်းနေနိုင်ပြီး လာမည့်အောက်တိုဘာလအတွင်း အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေနိုင်သည်။ ပြည်တွင်းရွှေဈေးသည် ပွင့်လင်းရာသီ စပါးပေါ်ချိန်၊ ပဲပေါ်ချိန် တွင်လည်း အပြောင်းအလဲဖြစ်ကာ ဈေးနှုန်းများမြင့်တက်လေ့ရှိရာ လက်ရှိရွှေဈေးထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များကခန့်မှန်းထားကြသည်။ အမေရိကန်နိုင်ငံ၏ စစ်ရေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အပြောင်းအလဲများသည် ကမ္ဘာ့ရွှေဈေးအပေါ်သက်ရောက်မှုရှိနေမည်ဖြစ်ရာ ပြည်တွင်းရွှေဈေးသည်လည်း ကမ္ဘာ့ရွှေ ဈေးပေါ်မူတည်ကာ လာ မည့်ရက်ပိုင်းအတွင်း တည်ငြိမ်မှုနည်းပါးနေမည်ဖြစ် သည်။
ဝါကျွတ်ကာလ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ဈေးကွက်
ဝါကျွတ်ကာလသို့ရောက်ရှိလာပြီဖြစ်ရာ အိမ်ခြံမြေဈေးကွက်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများ သည်လည်း ပြန်လည်စတင်နိုင်ရန်အားယူနေပြီဖြစ်သည်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေအရောင်းအဝယ် ဈေး ကွက်ထက် အငှားဈေးကွက်က ဦးဆောင်နေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။ သို့သော် အိမ်ခြံမြေ အရောင်းအဝယ်မှာ လုံးဝရပ်တန့်ခြင်းမဟုတ်ဘဲ ငွေကြေးလိုအပ်သူများ၊ တန်ဖိုးနည်းအိမ်ခြံမြေသို့ ပြောင်းလဲနေထိုင်လို သူများမှာ ဈေးကွက်အတွင်း ရှာဖွေဝယ်ယူရောင်းချ ခြင်းများရှိနေဆဲဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့ တွင်မူ အချက် အချာကျသောမြို့နယ်များမှ အိမ်ခြံမြေ နှင့်တိုက်ခန်းများကိုရောင်းချကာ ဆင်ခြေဖုံးဒေသ ဒဂုံမြို့သစ်လေးမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်သူများ ရှိနေဆဲပင်ဖြစ်သည်။ ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းစီးပွာရေးအကျပ်အတည်း များရှိနေ သော်လည်း အိမ်ခြံမြေဈေးကွက်မှာ ငွေကြေးဖောင်းပွမှုနှင့်အတူ ဈေးနှုန်းများမြင့်တက်နေဆဲဖြစ်ရာ အိမ်ခြံမြေပိုင်ဆိုင်သူ များအတွက် ငွေကြေးလိုအပ်ပါက ရောင်းချပြီးဈေး နှုန်းနည်းရာမြို့နယ်များတွင် ပြန်လည်ဝယ်ယူနေဆဲ ဖြစ်သည်။ ဝါကျွတ်ကာလတွင် အိမ်ခြံမြေအရောင်း အဝယ်များ ဆက်လက်ဖြစ်ထွန်းနေနိုင်ပြီး အိမ်အငှား ဈေးကွက်မှာလည်း ဆက်လက်အားကောင်းနေမည် ဖြစ်သည်။ ဒေသအချို့ လက်နက်ကိုင်ပဋိပက္ခများကြောင့် ရန်ကုန်အပါအဝင်မြို့ ကြီးများသို့ ပြောင်းရွှေ့ နေထိုင်သူများပြားနေရာ အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်မှာ နှစ်စဉ် (၂၀)ရာခိုင်နှုန်း ခန့်မြင့် တက်လာကြောင်း အကျိုးဆောင်များကဆိုသည်။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း သိန်းတစ်ထောင်မှ သိန်းငါးထောင်အကြား အိမ်ခြံမြေများ အရောင်းအဝယ်သွက်နေပြီး တိုက်ခန်းနှင့်မီနီကွန်ဒိုများလည်းအရောင်းအဝယ်ဖြစ် ကြောင်းသိရသည်။ လာမည့်ပွင့် လင်းရာသီတွင် အိမ်ခြံမြေဈေးကွက်နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများလည်း လုပ်ငန်းပြန် လည်စတင်နိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာ ငလျင်ကြီး အပြီးက တည်းက လုပ်ငန်းများရပ်တန့်နေခဲ့သော်လည်း စက်တင်ဘာလအတွင်းမှစတင်ကာ ဆောက် လုပ်ရေးလုပ်ငန်းအချို့ပြန် လည် စတင်လာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာဈေး ကျဆင်းနေခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်း သုံးကုန်စည်များအတွက် ပြည်ပမှတင်သွင်းရန် အလားအလာကောင်းများရရှိနေကြောင်း ဆောက်လုပ် ရေးလုပ် ငန်းရှင်များထံမှသိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းများအတွင်း အထပ်မြင့်ဆောက်လုပ်ရေးလုပ် ငန်းများမှာ အချိန်ယူ ရနိုင်ပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလတို့အထိကြာမြင့်နိုင်ကြောင်းသိရသည်။ လတ်တလောတွင်မူ တစ်ပိုင်တစ်နိုင်ဆောက် လုပ်ရေးလုပ်ငန်းများနှင့် ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်းများမှာ လုပ်ငန်းပြန်လည်စတင်နေကြောင်းသိရသည်။ ဈေးကွက်အတွင်း ဘိလပ်မြေဈေးများ၊ သံဈေးများလည်းတည် ငြိမ်နေသည့်အပြင် အခြားလိုအပ်သော ဆောက်လုပ် ရေးလုပ်ငန်းသုံးကုန်စည်များမှာ ဈေးဆက်တက်ခြင်း မရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ဆောက်လုပ် ရေးလုပ်ငန်း ကဏ္ဍသည် လုပ်သားအများအပြားကို အလုပ်အကိုင်ရရှိစေရုံသာမက ငွေကြေးလည်ပတ်စီး ဆင်းမှုကိုလည်း အထောက် အကူ ပြုနေကြောင်းသိရသည်။
သီတင်းကျွတ်ကာလ အထွေထွေကုန်ဈေးနှုန်း
သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သော်လည်း ပြည်တွင်းရှိကုန်စည် အများစုမှာ ဈေးနှုန်းမြင့်တက်နေ ကြောင်းသိရသည်။ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများမှ ကုန်သွယ်မှုနည်း ပါးနေရာ လူသုံးကုန် ပစ္စည်းများနှင့်လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများမှာ ဈေးကွက်အတွင်း လက်ကျန်နည်းပါးပြီး ကိုဗစ်ကာလ ကထက်ပင် ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။ လူသုံးကုန်ပစ္စည်းများဖြစ်သည့် တစ်ရှူး၊ ဖ ယောင်းတိုင်၊ မီးသီး၊ မီးချောင်း၊ ထမင်းပေါင်းအိုး၊ ဒယ်နီ၊ အလှကုန်နှင့်အဝတ်အထည်များမှာ တင်သွင်းခွင့်ကန့် သတ်ချက်များကြောင့် ဈေးနှုန်းကြီးမြင့်လာသည့်အပြင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိကြုံ တွေ့နေရ ကြောင်းသိရသည်။ လက်ရှိတွင်ပြည်သူများ အများဆုံးဝယ်ယူသောက်သုံးနေသည့် ဆေးဝါးများဖြစ်သော ပါရာကပ်တစ် ကတ်(၁၆၀ဝ)ကျပ်၊ ဘိုင် အိုဂျက်ဆစ်တစ်ကတ် (၃၅၀ဝ)ကျပ်၊ ဒီကိုလ် ဂျင်တစ်ကတ် (၈၅၀ဝ)ကျပ်၊ ဒီကိုလ်ဂျင်တစ်လုံး (၉၀ဝ)ကျပ်၊ Air-x တစ်လုံး (၄၀ဝ၀ ကျပ်၊ Solmux တစ်လုံး (၆၀ဝ)ကျပ်အထိ ဈေးများမြင့်တက်နေ ခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှ အဓိကတင်သွင်းသော ဒယ်နီမီးဖိုတစ်လုံးမှာ ယခင်နှစ်က လေးသောင်းကျပ် ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် ခုနစ်သောင်း ကျပ်အထက်အထိဈေးများမြင့်တက်နေသည်။ ထို့အတူ ကြာပန်းဆပ်ပြာမှုန့်တစ်ထုပ်လျှင် ယခင် (၅၃၀ဝ)ကျပ်မှ ယခုအခါ (၇၀ဝဝ)ကျပ် ဈေးဖြစ်နေကြောင်း လိုသလောက်ဝယ်ယူ၍မရသဖြင့် ခွဲတမ်းဖြင့်သာဝယ် ယူနေရကြောင်း ပန်းကန်ဆေးဆပ်ပြာဆီမှ ရွှေဝါဆပ်ပြာအထိ ယခင်(၆၀ဝ)ကျပ်ဝန်းကျင်မှ လက်ရှိတွင် (၁၀ဝဝ)ကျပ် အထက်သို့ရောက်ရှိနေကြောင်း ကုန်စုံဆိုင်ဖွင့်လှစ်ထားသူများကပြောသည်။ ပြည်တွင်း၌ထုတ်လုပ်နိုင်သော ကုန်စည် နည်းပါးပြီး ပြည်ပမှအဓိကတင်သွင်းနေရခြင်းနှင့် ကုန်ကြမ်းစရိတ် များမြင့်တက်နေခြင်းတို့သည် ပြည်တွင်းကုန်စည်များ ကို မိုမိုဈေးမြင့်တက်စေနိုင်သည်။ ကုန်စည်အများစုမှာ ဈေးကွက်လက်ကျန်နည်းပါးသောကြောင့် လက်ကျန်ရှိ သော ကုန်သည်များမှ ဈေးကစားမှုများနှင့် ကုန်စည်အသစ်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ဈေးမြင့်တက် မှုများဖြစ်ပေါ်နေ သည်။ အထွေထွေကုန်ဈေးနှုန်းကြီး မြင့်မှုသည် ငွေကြေးဖောင်းပွခြင်းနှင့် စီးပွားရေးအရ ငွေကြေးလှည့်လည်စီးဆင်းမှု အားနည်းသွားခြင်း ကြောင့်ဖြစ်သည်။ ကုန်ဈေးနှုန်းကြီးမြင့်လာသော်လည်း ပြည်သူများ၏တစ်ဦးချင်း ကုန်စည် ဝယ်နိုင်စွမ်း အားမှာ သိသိသာသာ တိုးတက်ခြင်းမရှိသောကြောင့် ဝင်ငွေ/ထွက်ငွေ မမျှတမှုများကြုံတွေ့နေရခြင်းဖြစ် သည်။ လာမည့် ပွင့်လင်းရာသီသည် အမေရိကန်ဒေါ် လာဈေးများကျဆင်းနေပြီး စက်သုံးဆီဈေးများတည် ငြိမ်နေခြင်း ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အလာအလာကောင်းများရှိနေရာ အထွေထွေကုန်ဈေးနှုန်းကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
(ေဈးကြက္ သုံးသပ္ေဆာင္းပါး)
ျပည့္ၿဖိဳး(NP News)
သီတင္းကြၽတ္ကာလေရာက္ရွိလာၿပီျဖစ္ေသာ္လည္း ျပည္တြင္းစီးပြားေရးေဈးကြက္အတြင္း အေျပာင္းအလဲ နည္းပါးစြာျဖင့္ရပ္တည္ေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ကမာၻ႔ေ႐ႊေဈးကြက္ အတြင္း စံခ်ိန္တင္ေ႐ႊေဈးႏႈန္း မ်ားျဖစ္ေပၚေနရာ ျပည္တြင္းေ႐ႊေဈးကြက္သည္လည္း လိုက္ပါျမင့္တက္ေနသည္။ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ သိန္း(၈၀)အထက္သို႔ေရာက္ရွိေန ေသာ္လည္း အေရာင္းအဝယ္ပုံမွန္ရွိေနေၾကာင္း ေ႐ႊ လုပ္ငန္းရွင္မ်ားထံမွသိရသည္။ ႏိုင္ငံတကာေဈးကြက္အတြင္း၌ အေမရိကန္ေဒၚလာေဈးဆက္တိုက္က် ဆင္းေနရာ ေ႐ႊဝယ္လိုအား ဆက္တိုက္ျမင့္တက္ေနျခင္းျဖစ္သည္။ ကုန္သြယ္ေရးစစ္ပြဲမ်ားႏွင့္ အေမရိကန္၏သြင္းကုန္အေပၚ အခြန္တိုးျမင့္မႈမ်ားေၾကာင့္ အေမရိကန္ေဒၚလာတန္ဖိုး က်ဆင္းေနျခင္းျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားကသုံး သပ္ထား သည္။ ဝါကြၽတ္ကာလ အိမ္ၿခံေျမေဈးကြက္ ႏွင့္ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အေျပာင္းအလဲမ်ား ရွိႏိုင္ေသာ္လည္း လက္ရွိျမန္မာ့စီးပြားေရးအေျခအေနအရ အိမ္ငွားေဈးကြက္က ဆက္လက္ဦးေဆာင္ေနႏိုင္သည္။ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား ျပန္လည္စတင္ ခ်ိန္ျဖစ္ေသာ္လည္း အလုံးအရင္းျဖင့္ ေဆာက္လုပ္မႈ နည္းပါးႏိုင္ၿပီး တစ္ပိုင္တစ္ႏိုင္ ေဆာက္လုပ္ေရးလုပ္ ငန္းမ်ားသာ ေဈးကြက္အတြင္း ျပန္လည္စတင္ႏိုင္ ေၾကာင္း ေဆာက္လုပ္ေရး လုပ္ငန္းရွင္ မ်ားထံမွသိသည္။ ျပည္တြင္းအိမ္ၿခံေျမႏွင့္ ေဆာက္လုပ္ေရးေဈး ကြက္သည္ ႏိုင္ငံေရးအေျပာင္းအလဲေပၚမူတည္ေန ေၾကာင္းႏွင့္ ေဆာက္လုပ္ေရးကုန္စည္မ်ား ျပည္ပမွ တင္သြင္းႏိုင္မႈအေျခအေနေပၚတြင္လည္း မူတည္ေန ေၾကာင္း ကြၽမ္း က်င္သူမ်ားက သုံးသပ္ေျပာၾကားသည္။ အေမရိကန္ေဒၚလာေဈး က်ဆင္းေနသည္မွာ တစ္လနီးပါးၾကာျမင့္ ေနၿပီျဖစ္ ေသာ္လည္း ျပည္ပမွသြင္းကုန္ အမ်ားစုမွာ လက္က်န္နည္းၿပီး ေဈးျမင့္တက္ျခင္းမ်ား ႀကဳံေတြ႕ေနရသည္။ ျပည္ပသြင္း ကုန္မဟုတ္ေသာ ျပည္တြင္းထုတ္ကုန္စည္အခ်ိဳ႕မွာလည္း ကုန္ၾကမ္း အခက္အခဲေၾကာင့္ ေဈးႏႈန္းမ်ားျမင့္တက္ေနၿပီး အေထြေထြကုန္ေဈးႏႈန္း အျမင့္ပိုင္းသို႔ေရာက္ရွိေနျခင္းျဖစ္သည္။ ျပည္တြင္းသို႔ အဓိကတင္သြင္းေနေသာ စက္သုံးဆီႏွင့္ စားအုန္းဆီေဈးမ်ား တည္ၿငိမ္ေနသည့္အတြက္ အေထြေထြကုန္ေဈးႏႈန္းမွာ အထိုက္အေလ်ာက္တည္ၿငိမ္ ေနျခင္းျဖစ္ သည္။ အေထြေထြကုန္ ေဈးႏႈန္းျမင့္တက္ျခင္းကိုကုစားႏိုင္ရန္ ေငြေၾကးလည္ ပတ္စီးဆင္းမႈကို ပိုမိုအားေကာင္း ေစရန္သက္ဆိုင္ရာမွ မူဝါဒခ်မွတ္အေကာင္အထည္ေဖာ္သင့္သည္။ လာမည့္ရက္မ်ားအတြင္း ပြင္လင္းရာသီ ပြဲေတာ္ ကာလ မ်ားေရာက္ရွိလာမည္ျဖစ္ရာ ေဈးကြက္အတြင္း အေရာင္းအဝယ္မ်ား ျပန္လည္ျဖစ္ထြန္းလာႏိုင္ေသာ္ လည္း ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။
ကမာၻ႔ေဈးကြက္ေၾကာင့္လႈပ္ခတ္ေနသည့္ ေ႐ႊႏွင့္ေဒၚလာ
ျပည္တြင္းေဈးကြက္အေျပာင္းအလဲ ေၾကာင့္မဟုတ္ဘဲ ကမာၻ႔ေဈးကြက္အေျပာင္းအလဲ မ်ားေၾကာင့္ ျပည္တြင္း ေ႐ႊေဈးႏွင့္ေဒၚလာေဈးမွာ အေျပာင္းအလဲမ်ားျမန္ဆန္ေနသည္။ အေမရိကန္ ႏိုင္ငံ၏သြင္းကုန္မ်ားအေပၚ အခြန္စည္း ၾကပ္မႈတိုးျမင့္ ျခင္းသည္ ကမာၻ႔ေငြလဲေဈးကြက္အတြင္း အေမရိကန္ ေဒၚလာတန္ဖိုးမ်ားက်ဆင္းသြားေစၿပီး ေငြေၾကးေဈး ကြက္၏စံသတ္မွတ္ခ်က္ျဖစ္ေသာ ေ႐ႊတန္ဖိုးမ်ားကို ဆက္တိုက္ျမင့္တက္လာေစသည္။ ကမာၻ႔ႏိုင္ငံမ်ားတြင္ အေမရိကန္ ေဒၚလာကို အရန္ေငြေၾကးအျဖစ္ထားရွိျခင္းမွ ေ႐ႊကို အစားထိုးေျပာင္းလဲလာၾကသျဖင့္ ေ႐ႊဝယ္လိုအား ဆက္တိုက္ျမင့္ တက္လာျခင္းျဖစ္သည္။ ဩဂုတ္လအကုန္ စက္တင္ဘာလဆန္းက ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ (၃၃၆၀) ေဒၚလာဝန္း က်င္ေပါက္ေဈးရွိခဲ့ေသာ္လည္း စက္တင္ဘာလအတြင္း ဆက္တိုက္ျမင့္တက္ခဲ့ရာ စက္တင္ဘာ(၃၀)ရက္ ေပါက္ေဈးမွာ ေ႐ႊတစ္ေအာင္စလွ်င္(၃၈၆၄)ေဒၚလာ အထိျမင့္တက္ေနသည္။ တစ္လအတြင္း ေ႐ႊတစ္ ေအာင္စလွ်င္ ေဒၚလာငါးရာဝန္းက်င္အထိ ေဈးျမင့္တက္လာျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈး ဆက္လက္ျမင့္ တက္ႏိုင္ေၾကာင္း ကြၽမ္းက်င္ သူမ်ားကခန႔္မွန္းထားရာ အေမရိကန္ေဒၚလာေဈးမွာလည္း ဆက္လက္က် ဆင္းေနႏိုင္သည္။ ျပည္တြင္းေ႐ႊေဈး မွာလည္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ စက္တင္ဘာလဆန္းက (၇၇)သိန္းက်ပ္ဝန္းက်င္ရွိေသာ္လည္း စက္တင္ဘာ လကုန္တြင္ (၈၁)သိန္းက်ပ္အထိ ေဈးမ်ားျမင့္တက္ ေနသည္။ ေ႐ႊေဈးမ်ား ဆက္တိုက္ျမင့္တက္ေနေသာ္ လည္း ျပည္တြင္းေ႐ႊလုပ္ငန္းမ်ားအတြင္း၌မူ အေရာင္း အဝယ္ပုံမွန္အေျခအေနျဖင့္လည္ပတ္ေနေၾကာင္း သိရသည္။ ေ႐ႊေဈးကို ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း ေ႐ႊကုန္သည္အမ်ားစုကခန႔္မွန္းထားၾကၿပီးလတ္တေလာေဈးသည္ ေ႐ႊေဈးကြက္ သမိုင္းတစ္ ေလွ်ာက္ အျမင့္ဆုံးေပါက္ေဈးျဖစ္သည္။ ျပည္တြင္း ေ႐ႊေဈးႏႈန္းအေျပာင္းအလဲမွာ ေဒၚလာေဈးႏွင့္လည္း တိုက္႐ိုက္သက္ဆိုင္ၿပီး လတ္တေလာေဒၚလာေဈးမ်ား က်ဆင္းေနျခင္းေၾကာင့္သာ အတိုင္းအတာထစ္ခုအထိ ေဈးႏႈန္း အေျပာင္းအလဲနည္းပါးေနျခင္းျဖစ္သည္။ အကယ္၍ အေမရိကန္ေဒၚလာေဈးမ်ား ျမင့္တက္လာပါက ျပည္တြင္း ေ႐ႊေဈးမွာ လက္ရွိထက္ ပိုမိုျမင့္မားႏိုင္ ေၾကာင္းသိရသည္။ အေမရိကန္ေဒၚလာေဈးမွာ စက္တင္ဘာ(၃၀)ရက္တြင္ တစ္ေဒၚလာလွ်င္ ဝယ္ေဈး (၄၀၉၀)က်ပ္ႏွင့္ ေရာင္းေဈး(၄၁၇၀)က်ပ္ေပါက္ေဈး ျဖစ္ေပၚေနသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ အြန္လိုင္း ရည္òန္းေပါက္ေဈးမွာ (၃၅၉၉)က်ပ္ျဖစ္ေသာေၾကာင့္ ျပင္ပ ေပါက္ေဈးႏွင့္ ဗဟိုဘဏ္ေဈးအၾကားကြာျခားခ်က္အနည္းငယ္ေျပာင္းလဲလာသည္။ ဆက္တိုက္ျမင့္တက္ေနေသာ ကမာၻ႔ေ႐ႊေဈးေၾကာင့္ အေမရိကန္ေဒၚလာေဈး ဆက္လက္က်ဆင္းေနႏိုင္ၿပီး လာမည့္ေအာက္တိုဘာလအတြင္း အေျပာင္းအလဲမ်ား ဆက္လက္ျဖစ္ေပၚေနႏိုင္သည္။ ျပည္တြင္းေ႐ႊေဈးသည္ ပြင့္လင္းရာသီ စပါးေပၚခ်ိန္၊ ပဲေပၚခ်ိန္ တြင္လည္း အေျပာင္းအလဲျဖစ္ကာ ေဈးႏႈန္းမ်ားျမင့္တက္ေလ့ရွိရာ လက္ရွိေ႐ႊေဈးထက္ ပိုမိုျမင့္တက္လာႏိုင္ေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားကခန႔္မွန္းထားၾကသည္။ အေမရိကန္ႏိုင္ငံ၏ စစ္ေရး၊ ကုန္သြယ္ေရးႏွင့္ ႏိုင္ငံတကာ ဆက္ဆံေရး အေျပာင္းအလဲမ်ားသည္ ကမာၻ႔ေ႐ႊေဈးအေပၚသက္ေရာက္မႈရွိေနမည္ျဖစ္ရာ ျပည္တြင္းေ႐ႊေဈးသည္လည္း ကမာၻ႔ေ႐ႊ ေဈးေပၚမူတည္ကာ လာ မည့္ရက္ပိုင္းအတြင္း တည္ၿငိမ္မႈနည္းပါးေနမည္ျဖစ္ သည္။
ဝါကြၽတ္ကာလ အိမ္ၿခံေျမႏွင့္ ေဆာက္လုပ္ေရး ေဈးကြက္
ဝါကြၽတ္ကာလသို႔ေရာက္ရွိလာၿပီျဖစ္ရာ အိမ္ၿခံေျမေဈးကြက္ႏွင့္ေဆာက္လုပ္ေရးလုပ္ငန္းမ်ား သည္လည္း ျပန္လည္စတင္ႏိုင္ရန္အားယူေနၿပီျဖစ္သည္။ ျပည္တြင္းအိမ္ၿခံေျမေဈးကြက္အတြင္း အိမ္ၿခံေျမအေရာင္းအဝယ္ ေဈး ကြက္ထက္ အငွားေဈးကြက္က ဦးေဆာင္ေနဆဲျဖစ္ေၾကာင္း လုပ္ငန္းရွင္မ်ားက ေျပာၾကားသည္။ သို႔ေသာ္ အိမ္ၿခံေျမ အေရာင္းအဝယ္မွာ လုံးဝရပ္တန႔္ျခင္းမဟုတ္ဘဲ ေငြေၾကးလိုအပ္သူမ်ား၊ တန္ဖိုးနည္းအိမ္ၿခံေျမသို႔ ေျပာင္းလဲေနထိုင္လို သူမ်ားမွာ ေဈးကြက္အတြင္း ရွာေဖြဝယ္ယူေရာင္းခ် ျခင္းမ်ားရွိေနဆဲျဖစ္ေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕ တြင္မူ အခ်က္ အခ်ာက်ေသာၿမိဳ႕နယ္မ်ားမွ အိမ္ၿခံေျမ ႏွင့္တိုက္ခန္းမ်ားကိုေရာင္းခ်ကာ ဆင္ေျခဖုံးေဒသ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္သို႔ ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ား ရွိေနဆဲပင္ျဖစ္သည္။ ယခုႏွစ္ပိုင္းအတြင္း ျပည္တြင္းစီးပြာေရးအက်ပ္အတည္း မ်ားရွိေန ေသာ္လည္း အိမ္ၿခံေျမေဈးကြက္မွာ ေငြေၾကးေဖာင္းပြမႈႏွင့္အတူ ေဈးႏႈန္းမ်ားျမင့္တက္ေနဆဲျဖစ္ရာ အိမ္ၿခံေျမပိုင္ဆိုင္သူ မ်ားအတြက္ ေငြေၾကးလိုအပ္ပါက ေရာင္းခ်ၿပီးေဈး ႏႈန္းနည္းရာၿမိဳ႕နယ္မ်ားတြင္ ျပန္လည္ဝယ္ယူေနဆဲ ျဖစ္သည္။ ဝါကြၽတ္ကာလတြင္ အိမ္ၿခံေျမအေရာင္း အဝယ္မ်ား ဆက္လက္ျဖစ္ထြန္းေနႏိုင္ၿပီး အိမ္အငွား ေဈးကြက္မွာလည္း ဆက္လက္အားေကာင္းေနမည္ ျဖစ္သည္။ ေဒသအခ်ိဳ႕ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ရန္ကုန္အပါအဝင္ၿမိဳ႕ ႀကီးမ်ားသို႔ ေျပာင္းေ႐ႊ႕ ေနထိုင္သူမ်ားျပားေနရာ အိမ္ၿခံေျမေဈးကြက္အတြင္း အငွားေဈးကြက္မွာ ႏွစ္စဥ္ (၂၀)ရာခိုင္ႏႈန္း ခန႔္ျမင့္ တက္လာေၾကာင္း အက်ိဳးေဆာင္မ်ားကဆိုသည္။ ရန္ကုန္အိမ္ၿခံေျမေဈးကြက္အတြင္း သိန္းတစ္ေထာင္မွ သိန္းငါးေထာင္အၾကား အိမ္ၿခံေျမမ်ား အေရာင္းအဝယ္သြက္ေနၿပီး တိုက္ခန္းႏွင့္မီနီကြန္ဒိုမ်ားလည္းအေရာင္းအဝယ္ျဖစ္ ေၾကာင္းသိရသည္။ လာမည့္ပြင့္ လင္းရာသီတြင္ အိမ္ၿခံေျမေဈးကြက္ႏွင့္အတူ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားလည္း လုပ္ငန္းျပန္ လည္စတင္ႏိုင္ရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။ ေဆာက္လုပ္ေရးလုပ္ငန္းအမ်ားစုမွာ ငလ်င္ႀကီး အၿပီးက တည္းက လုပ္ငန္းမ်ားရပ္တန႔္ေနခဲ့ေသာ္လည္း စက္တင္ဘာလအတြင္းမွစတင္ကာ ေဆာက္ လုပ္ေရးလုပ္ငန္းအခ်ိဳ႕ျပန္ လည္ စတင္လာျခင္းျဖစ္သည္။ လက္ရွိအခ်ိန္တြင္ အေမရိကန္ေဒၚလာေဈး က်ဆင္းေနျခင္းေၾကာင့္ ေဆာက္လုပ္ေရး လုပ္ငန္း သုံးကုန္စည္မ်ားအတြက္ ျပည္ပမွတင္သြင္းရန္ အလားအလာေကာင္းမ်ားရရွိေနေၾကာင္း ေဆာက္လုပ္ ေရးလုပ္ ငန္းရွင္မ်ားထံမွသိရသည္။ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအတြင္း အထပ္ျမင့္ေဆာက္လုပ္ေရးလုပ္ ငန္းမ်ားမွာ အခ်ိန္ယူ ရႏိုင္ၿပီး ႏိုဝင္ဘာလ၊ ဒီဇင္ဘာလတို႔အထိၾကာျမင့္ႏိုင္ေၾကာင္းသိရသည္။ လတ္တေလာတြင္မူ တစ္ပိုင္တစ္ႏိုင္ေဆာက္ လုပ္ေရးလုပ္ငန္းမ်ားႏွင့္ ကန္ထ႐ိုက္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားမွာ လုပ္ငန္းျပန္လည္စတင္ေနေၾကာင္းသိရသည္။ ေဈးကြက္အတြင္း ဘိလပ္ေျမေဈးမ်ား၊ သံေဈးမ်ားလည္းတည္ ၿငိမ္ေနသည့္အျပင္ အျခားလိုအပ္ေသာ ေဆာက္လုပ္ ေရးလုပ္ငန္းသုံးကုန္စည္မ်ားမွာ ေဈးဆက္တက္ျခင္း မရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၏ေဆာက္လုပ္ ေရးလုပ္ငန္း က႑သည္ လုပ္သားအမ်ားအျပားကို အလုပ္အကိုင္ရရွိေစ႐ုံသာမက ေငြေၾကးလည္ပတ္စီး ဆင္းမႈကိုလည္း အေထာက္ အကူ ျပဳေနေၾကာင္းသိရသည္။
သီတင္းကြၽတ္ကာလ အေထြေထြကုန္ေဈးႏႈန္း
သီတင္းကြၽတ္မီးထြန္းပြဲေတာ္ႏွင့္အတူ ပြင့္လင္းရာသီသို႔ေရာက္ရွိလာၿပီျဖစ္ေသာ္လည္း ျပည္တြင္းရွိကုန္စည္ အမ်ားစုမွာ ေဈးႏႈန္းျမင့္တက္ေန ေၾကာင္းသိရသည္။ နယ္စပ္ကုန္သြယ္ေရးလမ္း ေၾကာင္းမ်ားမွ ကုန္သြယ္မႈနည္း ပါးေနရာ လူသုံးကုန္ ပစၥည္းမ်ားႏွင့္လွ်ပ္စစ္ပစၥည္းမ်ား၊ ေဆးဝါးမ်ားမွာ ေဈးကြက္အတြင္း လက္က်န္နည္းပါးၿပီး ကိုဗစ္ကာလ ကထက္ပင္ ေဈးႏႈန္းမ်ားျမင့္တက္ေနေၾကာင္းသိရသည္။ လူသုံးကုန္ပစၥည္းမ်ားျဖစ္သည့္ တစ္ရႉး၊ ဖ ေယာင္းတိုင္၊ မီးသီး၊ မီးေခ်ာင္း၊ ထမင္းေပါင္းအိုး၊ ဒယ္နီ၊ အလွကုန္ႏွင့္အဝတ္အထည္မ်ားမွာ တင္သြင္းခြင့္ကန႔္ သတ္ခ်က္မ်ားေၾကာင့္ ေဈးႏႈန္းႀကီးျမင့္လာသည့္အျပင္ ေဈးကြက္အတြင္း ပစၥည္းျပတ္လပ္သည္အထိႀကဳံ ေတြ႕ေနရ ေၾကာင္းသိရသည္။ လက္ရွိတြင္ျပည္သူမ်ား အမ်ားဆုံးဝယ္ယူေသာက္သုံးေနသည့္ ေဆးဝါးမ်ားျဖစ္ေသာ ပါရာကပ္တစ္ ကတ္(၁၆၀ဝ)က်ပ္၊ ဘိုင္ အိုဂ်က္ဆစ္တစ္ကတ္ (၃၅၀ဝ)က်ပ္၊ ဒီကိုလ္ ဂ်င္တစ္ကတ္ (၈၅၀ဝ)က်ပ္၊ ဒီကိုလ္ဂ်င္တစ္လုံး (၉၀ဝ)က်ပ္၊ Air-x တစ္လုံး (၄၀ဝ၀ က်ပ္၊ Solmux တစ္လုံး (၆၀ဝ)က်ပ္အထိ ေဈးမ်ားျမင့္တက္ေန ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံမွ အဓိကတင္သြင္းေသာ ဒယ္နီမီးဖိုတစ္လုံးမွာ ယခင္ႏွစ္က ေလးေသာင္းက်ပ္ ဝန္းက်င္သာရွိေသာ္လည္း လက္ရွိတြင္ ခုနစ္ေသာင္း က်ပ္အထက္အထိေဈးမ်ားျမင့္တက္ေနသည္။ ထို႔အတူ ၾကာပန္းဆပ္ျပာမႈန႔္တစ္ထုပ္လွ်င္ ယခင္ (၅၃၀ဝ)က်ပ္မွ ယခုအခါ (၇၀ဝဝ)က်ပ္ ေဈးျဖစ္ေနေၾကာင္း လိုသေလာက္ဝယ္ယူ၍မရသျဖင့္ ခြဲတမ္းျဖင့္သာဝယ္ ယူေနရေၾကာင္း ပန္းကန္ေဆးဆပ္ျပာဆီမွ ေ႐ႊဝါဆပ္ျပာအထိ ယခင္(၆၀ဝ)က်ပ္ဝန္းက်င္မွ လက္ရွိတြင္ (၁၀ဝဝ)က်ပ္ အထက္သို႔ေရာက္ရွိေနေၾကာင္း ကုန္စုံဆိုင္ဖြင့္လွစ္ထားသူမ်ားကေျပာသည္။ ျပည္တြင္း၌ထုတ္လုပ္ႏိုင္ေသာ ကုန္စည္ နည္းပါးၿပီး ျပည္ပမွအဓိကတင္သြင္းေနရျခင္းႏွင့္ ကုန္ၾကမ္းစရိတ္ မ်ားျမင့္တက္ေနျခင္းတို႔သည္ ျပည္တြင္းကုန္စည္မ်ား ကို မိုမိုေဈးျမင့္တက္ေစႏိုင္သည္။ ကုန္စည္အမ်ားစုမွာ ေဈးကြက္လက္က်န္နည္းပါးေသာေၾကာင့္ လက္က်န္ရွိ ေသာ ကုန္သည္မ်ားမွ ေဈးကစားမႈမ်ားႏွင့္ ကုန္စည္အသစ္ဝင္ေရာက္မႈနည္းပါးျခင္းေၾကာင့္ ေဈးျမင့္တက္ မႈမ်ားျဖစ္ေပၚေန သည္။ အေထြေထြကုန္ေဈးႏႈန္းႀကီး ျမင့္မႈသည္ ေငြေၾကးေဖာင္းပြျခင္းႏွင့္ စီးပြားေရးအရ ေငြေၾကးလွည့္လည္စီးဆင္းမႈ အားနည္းသြားျခင္း ေၾကာင့္ျဖစ္သည္။ ကုန္ေဈးႏႈန္းႀကီးျမင့္လာေသာ္လည္း ျပည္သူမ်ား၏တစ္ဦးခ်င္း ကုန္စည္ ဝယ္ႏိုင္စြမ္း အားမွာ သိသိသာသာ တိုးတက္ျခင္းမရွိေသာေၾကာင့္ ဝင္ေငြ/ထြက္ေငြ မမွ်တမႈမ်ားႀကဳံေတြ႕ေနရျခင္းျဖစ္ သည္။ လာမည့္ ပြင့္လင္းရာသီသည္ အေမရိကန္ေဒၚ လာေဈးမ်ားက်ဆင္းေနၿပီး စက္သုံးဆီေဈးမ်ားတည္ ၿငိမ္ေနျခင္း ေၾကာင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား အလာအလာေကာင္းမ်ားရွိေနရာ အေထြေထြကုန္ေဈးႏႈန္းကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။