SEVENTEEN အဖွဲ့၏ ဖျော်ဖြေပွဲတွင် ပါဝင်ခဲ့သည့် ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်း

1325

Pika (NP News) - အောက်တိုဘာ ၅
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းသည် တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆို တော်အဖွဲ့ SEVENTEEN ၏ မကြာသေးမီကပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတွင် ဧည့်သည်အဖြစ်ပါဝင်ကာ ပရိသတ်များကို အံ့အားသင့် အောင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
SEVENTEEN အဖွဲ့သည် ၎င်းတို့၏ (၂၀၂၅) ခုနှစ် ‘‘NEW World Tour”ဖျော်ဖြေရေး ခရီးစဉ်ကို ဟောင်ကောင်တွင် ကျင်းပစဉ်အချိန်အတွင်း ဂျက်ကီချန်းက ဧည့်သည်အဖြစ် ရုတ်တရက် ပေါ်ထွက်လာကာ ပရိသတ် များကို အံ့အားသင့်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျက်ကီချန်းသည် ပွဲစပြီးနောက်အချိန် အနည်းငယ်အကြာတွင် စင်မြင့်ပေါ်သို့ ပေါ်ထွက်လာခဲ့ပြီးနောက် ပရိသတ်အများအပြားက အော်ဟစ်အား ပေးမှုများလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ ဂျက် ကီချန်းကို ဧည့်သည်အဖြစ် စင်မြင့်ပေါ်တွင်ပါဝင်ရန် ဖိတ်ကြားခဲ့သူမှာ SEVENTEEN အဖွဲ့ဝင် ဂျွန်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ဂျက်ကီချန်း သည် SEVENTEEN အဖွဲ့၏ ဖျော်ဖြေပွဲစင်မြင့်ပေါ်တွင် ပါဝင်ခဲ့သည့် ပထမဆုံးဧည့်သည်တစ်ဦးဖြစ်ကြောင်း SEVENTEEN အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ သည်။
SEVENTEEN အဖွဲ့သည် ကမ္ဘာတစ်ဝန်းနှင့် တောင်ကိုရီးယားနိုင်ငံတွင်းတွင် နာမည်ကျော် ကြားသည့်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ဂီတနယ်ပယ်တွင် အောင်မြင်မှုများစွာကို ရရှိထားကြောင်းလည်းသိရသည်။

Zawgyi Version:
SEVENTEEN အဖြဲ႕၏ ေဖ်ာ္ေျဖပြဲတြင္ ပါဝင္ခဲ့သည့္ ကမာၻေက်ာ္ မင္းသားႀကီး ဂ်က္ကီခ်န္း
Pika (NP News) - ေအာက္တိုဘာ ၅
ကမာၻေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသားႀကီး ဂ်က္ကီခ်န္းသည္ ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆို ေတာ္အဖြဲ႕ SEVENTEEN ၏ မၾကာေသးမီကျပဳလုပ္ခဲ့ေသာ ေဖ်ာ္ေျဖပြဲတြင္ ဧည့္သည္အျဖစ္ပါဝင္ကာ ပရိသတ္မ်ားကို အံ့အားသင့္ ေအာင္လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။
SEVENTEEN အဖြဲ႕သည္ ၎တို႔၏ (၂၀၂၅) ခုႏွစ္ ‘‘NEW World Tour”ေဖ်ာ္ေျဖေရး ခရီးစဥ္ကို ေဟာင္ေကာင္တြင္ က်င္းပစဥ္အခ်ိန္အတြင္း ဂ်က္ကီခ်န္းက ဧည့္သည္အျဖစ္ ႐ုတ္တရက္ ေပၚထြက္လာကာ ပရိသတ္ မ်ားကို အံ့အားသင့္ေအာင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဂ်က္ကီခ်န္းသည္ ပြဲစၿပီးေနာက္အခ်ိန္ အနည္းငယ္အၾကာတြင္ စင္ျမင့္ေပၚသို႔ ေပၚထြက္လာခဲ့ၿပီးေနာက္ ပရိသတ္အမ်ားအျပားက ေအာ္ဟစ္အား ေပးမႈမ်ားလုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။ ဂ်က္ ကီခ်န္းကို ဧည့္သည္အျဖစ္ စင္ျမင့္ေပၚတြင္ပါဝင္ရန္ ဖိတ္ၾကားခဲ့သူမွာ SEVENTEEN အဖြဲ႕ဝင္ ဂြၽန္ျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဂ်က္ကီခ်န္း သည္ SEVENTEEN အဖြဲ႕၏ ေဖ်ာ္ေျဖပြဲစင္ျမင့္ေပၚတြင္ ပါဝင္ခဲ့သည့္ ပထမဆုံးဧည့္သည္တစ္ဦးျဖစ္ေၾကာင္း SEVENTEEN အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ သည္။
SEVENTEEN အဖြဲ႕သည္ ကမာၻတစ္ဝန္းႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတြင္းတြင္ နာမည္ေက်ာ္ ၾကားသည့္အဖြဲ႕ တစ္ဖြဲ႕ျဖစ္ၿပီး ဂီတနယ္ပယ္တြင္ ေအာင္ျမင္မႈမ်ားစြာကို ရရွိထားေၾကာင္းလည္းသိရသည္။