ကြောက်မက်ဖွယ် ဒုတိယ သတင်းအသိပညာတော်လှန်ရေးနဲ့ ခေတ်သစ် စုန်းဖမ်းပွဲ

 749

HtayOung #OungMarine(NP News)-အောက်တိုဘာ-၆
ခရစ်နှစ် ၁၀၅-ခုနှစ်ခန့်မှာ တရုတ်လူမျိုး ချိုင်လွန်းဆိုသူက ယနေ့ခေတ်သုံး စက္ကူကို စတင်တီထွင်နိုင်ခဲ့ပါတယ်။ စာတမ်း-စာချုပ်များ အလွယ်တကူ ရေးမှတ်နိုင်တဲ့အတွက် နိုင်ငံရေး-အုပ်ချုပ်ရေး ပိုမိုစနစ်တကျ ဖြစ်လာပါ တယ်။ စာပေ၊ အနုပညာ-သမိုင်းမှတ်တမ်းများကို သိမ်းဆည်းနိုင်ခြင်းဖြင့် လူ့ယဉ်ကျေးမှုတိုးတက်လာခဲ့ပါတယ်။ ပညာသင်ကြားခြင်း၊ ကျမ်းစာ-ဘာသာရေးနဲ့ ဒဿနအတွေးအခေါ်တို့ကို မပျောက်ပျက်အောင် မှတ်သားနိုင်ခဲ့ တယ်။ အသိပညာရယူနိုင်မှု ကျယ်ပြန့်လာတဲ့အတွက် စဉ်းစားတွေးခေါ်မှု တိုးပွားလာပြီး လူမှုအဆင့်အတန်း မြင့်မားလာခဲ့ကြပါတယ်။

ခရစ်နှစ် ၁၄၄၀-ခုနှစ်ခန့်မှာ ဂျာမန်လူမျိုး ဂူတင်ဘတ်က သတ္တုစာလုံးများနဲ့ စာစီပြီး အလွယ်တကူတပ်ဆင် ရွှေ့ပြောင်းနိုင်တဲ့ ပုံနှိပ်စက်ကို တီထွင်နိုင်ခဲ့ပါတယ်။ ချိုင်လွန်းတို့ခေတ်က ယခင်ရေးမှတ်ထားခဲ့သမျှဟာ လျင် မြန်စွာ မိတ္တူပွားများနိုင်ပြီး နေရာဒေသ ကန့်သတ်ချက် မရှိတော့ပဲ ကမ္ဘာအနှံ့ဖြန့်ဝေခြင်းဖြင့် လူ့သမိုင်းမှာ Information Revolution “သတင်းအသိပညာ တော်လှန်ရေးကြီး” မကြုံစဖူး ဖြစ်ပွားခဲ့ပါတယ်။

စာအုပ် စာစောင်ရယ်လို့ စတင်ဖြန့်ဝေစဉ်က ပညာရေး-ကျန်းမာရေး-လူမှုရေး စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်း အရာတွေ နေ့စဉ်နဲ့ ယခင်ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေ၊ သမ္မာကျမ်းစာနဲ့ ဘာသာရေးဆိုင်ရာကျမ်းစာအုပ်တွေပါ။ ဒါပေမယ့် လူပြိန်းသည်းခြေကြိုက် ကောလဟလတွေ၊ တီးတိုးအတင်းအဖျင်းတွေ ပါးစပ်စကားတွေလည်း တစ်စစ တွင်ကျယ်လာခဲ့တယ်။

ဒီအတွက် ရလဒ်ကတော့ လူ့အဖွဲ့အစည်းအတွင်း လူကို လူချင်း “ပြုစားမှု” နဲ့ “စုန်း စွပ်စွဲ” ခံရပြီး အထူးသဖြင့် အမေရိကန်နဲ့ ဥရောပမှာ အပြစ်မဲ့သူပေါင်း ၄ သောင်းမှ ၆ သောင်းခန့်အထိ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါ တယ်။ ယနေ့ခေတ်လို လူဦးရေ ၈ ဘီလီယံ မဟုတ်တဲ့ ကမ္ဘာကြီးမှာ အရေအတွက် အလွန်များ ပြားတယ်လို့ ဆိုနိုင်သူတွေဟာ အလွန်ရက်စက်ကြောက်မက်ဖွယ်နည်းလမ်းများနဲ့ အသက်အိုးအိမ် ပျက်စီးခဲ့ရပါတယ်။

ခုနောက်ပိုင်း အင်တာနက်ခေတ်မှာတော့ သတင်းအချက်အလက် ပျံ့နှံ့နိုင်စွမ်းဟာ စက္ကူ+ပုံနှိပ်ခေတ်ထက် နှိုင်းယှဉ်လို့ မသင့်တော်လောက်အောင် အဆပေါင်းများစွာ ပိုမို မြန်ဆန် ကျယ်ဝန်းပါတယ်။ ဈေးနှုန်းချိုသာပြီး နည်းပညာမြင့်မားတဲ့ စမတ်ဖုန်းတွေကို လူတိုင်း လက်လှမ်းမီတဲ့အတွက် သတင်းနဲ့ အချက်အလက် ပြန့်နှံ့မှု ဟာ အရှိန်အဟုန် အလွန်ကြီးမား မြန်ဆန်ပြီး “ဒုတိယ သတင်းအသိပညာတော်လှန်ရေးကြီး” ဖြစ်ပွားနေပါ တယ်။ ပထမခေတ်ထက် အရှိန် အဟုန်၊ ပမာဏ၊ သက်ရောက်မှုမှာ အဆပေါင်း ရာထောင်ချီ ပိုမိုမြန်ဆန်တဲ့အ တွက် ဆိုးကျိုး၊ ကောင်းကျိုးတွေ လည်း ပိုကြီးမားပါတယ်။

ပထမ သတင်းအသိပညာ တော်လှန်ရေးခေတ်ထက် ပိုမိုကြီးမားဆိုးရွားတဲ့ စိန်ခေါ် မှုများဖြစ်ပေါ်နေပါတယ်။ အောက်လမ်းနဲ့ ပြုစားတယ် စုန်းစွပ်စွဲခြင်းလို သဘောမျိုးဟာ “အွန်လိုင်းအသုံးပြုပြီး လူစုလူဝေးနဲ့ တရား လက်လွတ် အဆုံးစီရင်ခြင်း” Online Mob Lynching အသွင် ပိုမိုအားကောင်းလာပါတယ်။

မှန်ကန်ခြင်း မရှိတဲ့ သတင်းတစ်ပုဒ်ကို မှားယွင်းပြောဆို/ဖြန့်ဝေခြင်းကို Misinformation လို့ ခေါ်ပါတယ်။ မှား မှန်းသိသိကြီးနဲ့ ပြောဆို/ဖြန့်ဝေခြင်းကို Disinformation လို့ ခေါ်ပါတယ်။ အချိန်တိုအတွင်း ကမ္ဘာပတ်သွားနိုင်တဲ့ သတင်းမီဒီယာခေတ်ဖြစ်တဲ့အလျောက် နစ်နာသူဟာ ခေတ်သစ်စုန်း အဖြစ်စွပ်စွဲခံရတာထက် ဆိုးရွား ပါတယ်။

ပထမခေတ်မှာ သတင်းမှားကို စာအုပ်နဲ့ဖြန့်ရတာ လနဲ့ချီကြာတယ်။ ယခုခေတ်မှာ ဓာတ်ပုံတု(Deepfake)၊ အသံတု၊ AI နဲ့ ဖန်တီးသော သတင်းမှားများကို စက္ကန့်ပိုင်းအတွင်း လူသန်းပေါင်းများစွာဆီ ရောက်အောင် ဖြန့် နိုင်ပါတယ်။ ဥပမာ ဒီလူက ကပ်ရောဂါပြန့်ပွားအောင် လုပ်နေတယ်၊ ဒီအမျိုးသမီးက လူကုန်ကူးတာနဲ့ သက် ဆိုင်တယ်" စတဲ့ စွဲချက်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ တောမီးပမာ ပျံ့နှံ့သွားပြီး အပြစ်မဲ့သူတွေခမျာ လူအများ ရဲ့ အငြိုးအတေးခံ ဖြစ်စေတယ်။

AI စနစ်တွေကို လူသားတွေရဲ့ ဒေတာနဲ့ လေ့ကျင့်ထားတယ်။ အဲ့ဒီ ဒေတာထဲမှာ လူမျိုးရေး၊ ကျား/မ၊ လူ တန်း စား ခွဲခြားမှုတွေ ပါရှိနေရင် AI ကလည်း ဒီဘက်လိုက်မှုတွေကို ပိုမိုအားကောင်းအောင် လုပ်မိစေပါတယ်။ ဒါ ဟာ နည်းပညာဆိုင်ရာ "စုန်းစွဲချက်သစ်" တစ်မျိုးပဲဖြစ်တယ်။ ပထမခေတ်က လူစုလူဝေးဖြစ်အောင် စည်းရုံးရ တာ ခက်ခဲတယ်။ ယခုခေတ်မှာ Algorithm က ဒေါသထွက်စရာ အကြောင်းအရာတွေကို ရွေးချယ်ပြီး လူထုရဲ့ စိတ်ခံစားမှုကို လှုံ့ဆော်ပြီး အုပ်စုခွဲ-ထိန်းချုပ်နိုင်တယ်။ ဒါဟာ သမိုင်းမှာ မကြုံဖူးတဲ့ အန္တရာယ်ကြီးပါ။

ဒုတိယ သတင်းအသိပညာတော်လှန်ရေးဟာ လူ့အဖွဲ့အစည်းအတွက် အကြီးမားဆုံး စမ်းသပ်မှုကာလကြီး တစ်ခုပါပဲ။ လူသားတွေရဲ့ ဉာဏ်ပညာကို အကြီးမားဆုံး အရှိန်မြှင့်ပေးနေသလို၊ လူသားတွေရဲ့ စိတ်နေသဘော ထား၊ ကိုယ်ကျင့်တရားနဲ့ ပညာဉာဏ်ကိုလည်း အကြီးမားဆုံး စစ်ဆေးနေပါတယ်။ နည်းပညာကို ကောင်းတဲ့ ဘက်မှာ လမ်းညွှန်နိုင်ဖို့အတွက် လူသားတို့ရဲ့ ရွေးချယ်မှုနဲ့ ထိန်းကျောင်းမှုက အလွန်အရေးကြီးပါတယ်။

ပြီးခဲ့တဲ့ ဧပြီလခန့်ကစပြီး ဗြိတိန်နဲ့ ဥရောပမှာ လူထုဆန္ဒပြပွဲများဖြစ်ပွားခဲ့တယ်။ လန်ဒန်-ဘာမင်ဟမ်မြို့များနဲ့ နယ်သာလန်-ဂျာမနီ-ပြင်သစ်တို့မှာ မွတ်စလင်ဆန့်ကျင်ရေး- လူဝင်မှုကြီးကြပ်ရေးမူဝါဒ ဆန့်ကျင်ရေး လမ်းမ ပေါ် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့တယ်။ ဥရောပမှာ လက်ယာစွန်းရောက် တစ်ဇောက်ကန်း အမျိုးသားရေးဝါဒီများ အားကောင်းတဲ့အလျောက် မွတ်စလင်ဆန့်ကျင်ရေး စကားလုံးတွေနဲ့ ဆန္ဒပြမှုများ ရှိခဲ့တယ်။ အဲ့ဒီ နိုင်ငံတွေ ဟာ တရားဥပဒေစိုးမိုးပြီး ဘာသာရေးလွတ်လပ်ခွင့်၊ လူလူချင်း တန်းတူညီမျှမှု လွတ်လပ်စွာပြောဆို ခွင့်ကို အာမခံထားပါတယ်။

ဒါပေမဲ့ ဗြိတိန်နဲ့ ဥရောပတစ်တိုက်လုံးမှာ မွတ်စလင်ဆန့်ကျင်ရေး ဖြစ်ပွားနေသယောင် သတင်းမှားဖြန့်ဝေနေတာ အဲ့ဒီ လက်ယာစွန်း တစ်ဇောက်ကန်း အမျိုးသားရေးသမားတွေပဲဖြစ်တယ်။ ဂျာမနီနိုင်ငံ ဘာလင်နဲ့ဒူဆယ်လ်ဒေါ့ဖ်မြို့များက ဆီးရီးယားအစွန်းရောက်တို့ပေါ် ထောက်ခံသူတို့ရဲ့ ပြောဆိုချက်များကို ဖြတ်ညှပ်ကပ်လုပ် အွန်လိုင်းပေါ် လွှင့်တင်ပြီး “ဥရောပမှာ မွတ်စလင်တို့ ကြီးစိုးနေကြောင်း အစ္စလာမ်ရှရီယာ တရားဥပဒေကိုပင် အစိုးရက ပြဌာန်းပေးရန် တောင်းဆိုနေပြီ” ဖြစ်ကြောင်း ဖြန့်ဝေနေကြပါတယ်။

ဥရောပ အစွန်းရောက်အမျိုးသားရေးဝါဒီတို့ရဲ့ Disinformation ကို အတည်ပြုပြီး ယုံကြည်စိတ်ချရတဲ့ ဘယ် သ တင်းမီဒီယာမျှ ဖော်ပြခြင်း မရှိခဲ့ပါ။ ဒါပေမယ့် မြန်မာပြည်က သတင်းသမားနဲ့ အမျိုးသားရေးဝါဒီတစ်ချို့ က တော့ မှားမှန် စိစစ်မနေပဲ ယုံကြည်ပုံရပါတယ်။ ရှရီယာတရားဥပဒေ တောင်းဆိုချက်များကို လက်မခံ ကြောင်း နဲ့ ပြည်နှင်ဒဏ်ပေးဖို့အထိ ပြောဆိုဖြန့်ဝေနေကြပါတယ်။ စာမဖတ်ပဲ လေသံကြား တရားနာနေကြတယ်။

ကျွန်တော်စိတ်ပူမိတာ အကွက်ကောင်း စောင့်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်စွာ စုံစမ်းစစ်ဆေးရေး ယန္တယားက အဲ့ဒီ ပြောဆိုချက်များကို ရယူသွားနိုင်ခြင်းပါ။ ၂၀၁၈-ခုနှစ်က စတင်ဖွဲ့ စည်းခဲ့တဲ့ အဲ့ဒီအဖွဲ့ဟာ လူမျိုးလိမ်ကိစ္စ ဂျီနိုဆိုက်ခေါင်းစဉ်နဲ့ မြန်မာအပေါ် စွဲချက်တင်ရန် ကြိုးစားနေပါတယ်။

၂၀၁၁-ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကြမ်းကြုတ်ရက်စက်မှုများ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုများကို စစ်ဆေးဖော်ထုတ်ရမယ့် အဲ့ဒီအဖွဲ့ထံ သန်းနဲ့ချီတဲ့ ရေးသားချက်များ၊ ဖျက်သိမ်းထားတဲ့ အကောင့် နဲ့ဆိုင်တဲ့ အကြောင်းအရာများကို ပေးပို့ခဲ့ကြောင်း Facebook က ၂၀၁၈-ခုနှစ်မှာ သတင်းထုတ်ပြန်ခဲ့ဖူးပါ တယ်။

ယခုလည်း မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းအနာနဲ့ မတည့်သူ မြန်မာတို့ရဲ့ ဥရောပ အစွန်းရောက် ဂျင်းသတင်းများကို မိန်မိန်ရှက်ရှက်ကြီး ဖြန့်ဝေနေတဲ့ ခေတ်သစ် စုန်းဖမ်းပွဲကြီးက ကွက်တိဖြစ်နေပါတယ်။
.

Zawgyi Version:
ေၾကာက္မက္ဖြယ္ ဒုတိယ သတင္းအသိပညာေတာ္လွန္ေရးနဲ႔ ေခတ္သစ္ စုန္းဖမ္းပြဲ
HtayOung #OungMarine(NP News)-ေအာက္တိုဘာ-၆
ခရစ္ႏွစ္ ၁၀၅-ခုႏွစ္ခန႔္မွာ တ႐ုတ္လူမ်ိဳး ခ်ိဳင္လြန္းဆိုသူက ယေန႔ေခတ္သုံး စကၠဴကို စတင္တီထြင္ႏိုင္ခဲ့ပါတယ္။ စာတမ္း-စာခ်ဳပ္မ်ား အလြယ္တကူ ေရးမွတ္ႏိုင္တဲ့အတြက္ ႏိုင္ငံေရး-အုပ္ခ်ဳပ္ေရး ပိုမိုစနစ္တက် ျဖစ္လာပါ တယ္။ စာေပ၊ အႏုပညာ-သမိုင္းမွတ္တမ္းမ်ားကို သိမ္းဆည္းႏိုင္ျခင္းျဖင့္ လူ႔ယဥ္ေက်းမႈတိုးတက္လာခဲ့ပါတယ္။ ပညာသင္ၾကားျခင္း၊ က်မ္းစာ-ဘာသာေရးနဲ႔ ဒႆနအေတြးအေခၚတို႔ကို မေပ်ာက္ပ်က္ေအာင္ မွတ္သားႏိုင္ခဲ့ တယ္။ အသိပညာရယူႏိုင္မႈ က်ယ္ျပန႔္လာတဲ့အတြက္ စဥ္းစားေတြးေခၚမႈ တိုးပြားလာၿပီး လူမႈအဆင့္အတန္း ျမင့္မားလာခဲ့ၾကပါတယ္။

ခရစ္ႏွစ္ ၁၄၄၀-ခုႏွစ္ခန႔္မွာ ဂ်ာမန္လူမ်ိဳး ဂူတင္ဘတ္က သတၱဳစာလုံးမ်ားနဲ႔ စာစီၿပီး အလြယ္တကူတပ္ဆင္ ေ႐ႊ႕ေျပာင္းႏိုင္တဲ့ ပုံႏွိပ္စက္ကို တီထြင္ႏိုင္ခဲ့ပါတယ္။ ခ်ိဳင္လြန္းတို႔ေခတ္က ယခင္ေရးမွတ္ထားခဲ့သမွ်ဟာ လ်င္ ျမန္စြာ မိတၱဴပြားမ်ားႏိုင္ၿပီး ေနရာေဒသ ကန႔္သတ္ခ်က္ မရွိေတာ့ပဲ ကမာၻအႏွံ႔ျဖန႔္ေဝျခင္းျဖင့္ လူ႔သမိုင္းမွာ Information Revolution “သတင္းအသိပညာ ေတာ္လွန္ေရးႀကီး” မႀကဳံစဖူး ျဖစ္ပြားခဲ့ပါတယ္။

စာအုပ္ စာေစာင္ရယ္လို႔ စတင္ျဖန႔္ေဝစဥ္က ပညာေရး-က်န္းမာေရး-လူမႈေရး စီးပြားေရးနဲ႔ဆိုင္တဲ့ အေၾကာင္း အရာေတြ ေန႔စဥ္နဲ႔ ယခင္ျဖစ္ပ်က္ခဲ့တဲ့ သတင္းေတြ၊ သမၼာက်မ္းစာနဲ႔ ဘာသာေရးဆိုင္ရာက်မ္းစာအုပ္ေတြပါ။ ဒါေပမယ့္ လူၿပိန္းသည္းေျခႀကိဳက္ ေကာလဟလေတြ၊ တီးတိုးအတင္းအဖ်င္းေတြ ပါးစပ္စကားေတြလည္း တစ္စစ တြင္က်ယ္လာခဲ့တယ္။

ဒီအတြက္ ရလဒ္ကေတာ့ လူ႔အဖြဲ႕အစည္းအတြင္း လူကို လူခ်င္း “ျပဳစားမႈ” နဲ႔ “စုန္း စြပ္စြဲ” ခံရၿပီး အထူးသျဖင့္ အေမရိကန္နဲ႔ ဥေရာပမွာ အျပစ္မဲ့သူေပါင္း ၄ ေသာင္းမွ ၆ ေသာင္းခန႔္အထိ ရက္စက္စြာ သတ္ျဖတ္ခံခဲ့ရပါ တယ္။ ယေန႔ေခတ္လို လူဦးေရ ၈ ဘီလီယံ မဟုတ္တဲ့ ကမာၻႀကီးမွာ အေရအတြက္ အလြန္မ်ား ျပားတယ္လို႔ ဆိုႏိုင္သူေတြဟာ အလြန္ရက္စက္ေၾကာက္မက္ဖြယ္နည္းလမ္းမ်ားနဲ႔ အသက္အိုးအိမ္ ပ်က္စီးခဲ့ရပါတယ္။

ခုေနာက္ပိုင္း အင္တာနက္ေခတ္မွာေတာ့ သတင္းအခ်က္အလက္ ပ်ံ႕ႏွံ႔ႏိုင္စြမ္းဟာ စကၠဴ+ပုံႏွိပ္ေခတ္ထက္ ႏႈိင္းယွဥ္လို႔ မသင့္ေတာ္ေလာက္ေအာင္ အဆေပါင္းမ်ားစြာ ပိုမို ျမန္ဆန္ က်ယ္ဝန္းပါတယ္။ ေဈးႏႈန္းခ်ိဳသာၿပီး နည္းပညာျမင့္မားတဲ့ စမတ္ဖုန္းေတြကို လူတိုင္း လက္လွမ္းမီတဲ့အတြက္ သတင္းနဲ႔ အခ်က္အလက္ ျပန႔္ႏွံ႔မႈ ဟာ အရွိန္အဟုန္ အလြန္ႀကီးမား ျမန္ဆန္ၿပီး “ဒုတိယ သတင္းအသိပညာေတာ္လွန္ေရးႀကီး” ျဖစ္ပြားေနပါ တယ္။ ပထမေခတ္ထက္ အရွိန္ အဟုန္၊ ပမာဏ၊ သက္ေရာက္မႈမွာ အဆေပါင္း ရာေထာင္ခ်ီ ပိုမိုျမန္ဆန္တဲ့အ တြက္ ဆိုးက်ိဳး၊ ေကာင္းက်ိဳးေတြ လည္း ပိုႀကီးမားပါတယ္။

ပထမ သတင္းအသိပညာ ေတာ္လွန္ေရးေခတ္ထက္ ပိုမိုႀကီးမားဆိုး႐ြားတဲ့ စိန္ေခၚ မႈမ်ားျဖစ္ေပၚေနပါတယ္။ ေအာက္လမ္းနဲ႔ ျပဳစားတယ္ စုန္းစြပ္စြဲျခင္းလို သေဘာမ်ိဳးဟာ “အြန္လိုင္းအသုံးျပဳၿပီး လူစုလူေဝးနဲ႔ တရား လက္လြတ္ အဆုံးစီရင္ျခင္း” Online Mob Lynching အသြင္ ပိုမိုအားေကာင္းလာပါတယ္။

မွန္ကန္ျခင္း မရွိတဲ့ သတင္းတစ္ပုဒ္ကို မွားယြင္းေျပာဆို/ျဖန႔္ေဝျခင္းကို Misinformation လို႔ ေခၚပါတယ္။ မွား မွန္းသိသိႀကီးနဲ႔ ေျပာဆို/ျဖန႔္ေဝျခင္းကို Disinformation လို႔ ေခၚပါတယ္။ အခ်ိန္တိုအတြင္း ကမာၻပတ္သြားႏိုင္တဲ့ သတင္းမီဒီယာေခတ္ျဖစ္တဲ့အေလ်ာက္ နစ္နာသူဟာ ေခတ္သစ္စုန္း အျဖစ္စြပ္စြဲခံရတာထက္ ဆိုး႐ြား ပါတယ္။

ပထမေခတ္မွာ သတင္းမွားကို စာအုပ္နဲ႔ျဖန႔္ရတာ လနဲ႔ခ်ီၾကာတယ္။ ယခုေခတ္မွာ ဓာတ္ပုံတု(Deepfake)၊ အသံတု၊ AI နဲ႔ ဖန္တီးေသာ သတင္းမွားမ်ားကို စကၠန႔္ပိုင္းအတြင္း လူသန္းေပါင္းမ်ားစြာဆီ ေရာက္ေအာင္ ျဖန႔္ ႏိုင္ပါတယ္။ ဥပမာ ဒီလူက ကပ္ေရာဂါျပန႔္ပြားေအာင္ လုပ္ေနတယ္၊ ဒီအမ်ိဳးသမီးက လူကုန္ကူးတာနဲ႔ သက္ ဆိုင္တယ္" စတဲ့ စြဲခ်က္ေတြဟာ ဆိုရွယ္မီဒီယာေပၚမွာ ေတာမီးပမာ ပ်ံ႕ႏွံ႔သြားၿပီး အျပစ္မဲ့သူေတြခမ်ာ လူအမ်ား ရဲ႕ အၿငိဳးအေတးခံ ျဖစ္ေစတယ္။

AI စနစ္ေတြကို လူသားေတြရဲ႕ ေဒတာနဲ႔ ေလ့က်င့္ထားတယ္။ အဲ့ဒီ ေဒတာထဲမွာ လူမ်ိဳးေရး၊ က်ား/မ၊ လူ တန္း စား ခြဲျခားမႈေတြ ပါရွိေနရင္ AI ကလည္း ဒီဘက္လိုက္မႈေတြကို ပိုမိုအားေကာင္းေအာင္ လုပ္မိေစပါတယ္။ ဒါ ဟာ နည္းပညာဆိုင္ရာ "စုန္းစြဲခ်က္သစ္" တစ္မ်ိဳးပဲျဖစ္တယ္။ ပထမေခတ္က လူစုလူေဝးျဖစ္ေအာင္ စည္း႐ုံးရ တာ ခက္ခဲတယ္။ ယခုေခတ္မွာ Algorithm က ေဒါသထြက္စရာ အေၾကာင္းအရာေတြကို ေ႐ြးခ်ယ္ၿပီး လူထုရဲ႕ စိတ္ခံစားမႈကို လႈံ႕ေဆာ္ၿပီး အုပ္စုခြဲ-ထိန္းခ်ဳပ္ႏိုင္တယ္။ ဒါဟာ သမိုင္းမွာ မႀကဳံဖူးတဲ့ အႏၲရာယ္ႀကီးပါ။

ဒုတိယ သတင္းအသိပညာေတာ္လွန္ေရးဟာ လူ႔အဖြဲ႕အစည္းအတြက္ အႀကီးမားဆုံး စမ္းသပ္မႈကာလႀကီး တစ္ခုပါပဲ။ လူသားေတြရဲ႕ ဉာဏ္ပညာကို အႀကီးမားဆုံး အရွိန္ျမႇင့္ေပးေနသလို၊ လူသားေတြရဲ႕ စိတ္ေနသေဘာ ထား၊ ကိုယ္က်င့္တရားနဲ႔ ပညာဉာဏ္ကိုလည္း အႀကီးမားဆုံး စစ္ေဆးေနပါတယ္။ နည္းပညာကို ေကာင္းတဲ့ ဘက္မွာ လမ္းၫႊန္ႏိုင္ဖို႔အတြက္ လူသားတို႔ရဲ႕ ေ႐ြးခ်ယ္မႈနဲ႔ ထိန္းေက်ာင္းမႈက အလြန္အေရးႀကီးပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလခန႔္ကစၿပီး ၿဗိတိန္နဲ႔ ဥေရာပမွာ လူထုဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့တယ္။ လန္ဒန္-ဘာမင္ဟမ္ၿမိဳ႕မ်ားနဲ႔ နယ္သာလန္-ဂ်ာမနီ-ျပင္သစ္တို႔မွာ မြတ္စလင္ဆန႔္က်င္ေရး- လူဝင္မႈႀကီးၾကပ္ေရးမူဝါဒ ဆန႔္က်င္ေရး လမ္းမ ေပၚ လူစုလူေဝးမ်ား ျဖစ္ေပၚခဲ့တယ္။ ဥေရာပမွာ လက္ယာစြန္းေရာက္ တစ္ေဇာက္ကန္း အမ်ိဳးသားေရးဝါဒီမ်ား အားေကာင္းတဲ့အေလ်ာက္ မြတ္စလင္ဆန႔္က်င္ေရး စကားလုံးေတြနဲ႔ ဆႏၵျပမႈမ်ား ရွိခဲ့တယ္။ အဲ့ဒီ ႏိုင္ငံေတြ ဟာ တရားဥပေဒစိုးမိုးၿပီး ဘာသာေရးလြတ္လပ္ခြင့္၊ လူလူခ်င္း တန္းတူညီမွ်မႈ လြတ္လပ္စြာေျပာဆို ခြင့္ကို အာမခံထားပါတယ္။

ဒါေပမဲ့ ၿဗိတိန္နဲ႔ ဥေရာပတစ္တိုက္လုံးမွာ မြတ္စလင္ဆန႔္က်င္ေရး ျဖစ္ပြားေနသေယာင္ သတင္းမွားျဖန႔္ေဝေနတာ အဲ့ဒီ လက္ယာစြန္း တစ္ေဇာက္ကန္း အမ်ိဳးသားေရးသမားေတြပဲျဖစ္တယ္။ ဂ်ာမနီႏိုင္ငံ ဘာလင္နဲ႔ဒူဆယ္လ္ေဒါ့ဖ္ၿမိဳ႕မ်ားက ဆီးရီးယားအစြန္းေရာက္တို႔ေပၚ ေထာက္ခံသူတို႔ရဲ႕ ေျပာဆိုခ်က္မ်ားကို ျဖတ္ညႇပ္ကပ္လုပ္ အြန္လိုင္းေပၚ လႊင့္တင္ၿပီး “ဥေရာပမွာ မြတ္စလင္တို႔ ႀကီးစိုးေနေၾကာင္း အစၥလာမ္ရွရီယာ တရားဥပေဒကိုပင္ အစိုးရက ျပဌာန္းေပးရန္ ေတာင္းဆိုေနၿပီ” ျဖစ္ေၾကာင္း ျဖန႔္ေဝေနၾကပါတယ္။

ဥေရာပ အစြန္းေရာက္အမ်ိဳးသားေရးဝါဒီတို႔ရဲ႕ Disinformation ကို အတည္ျပဳၿပီး ယုံၾကည္စိတ္ခ်ရတဲ့ ဘယ္ သ တင္းမီဒီယာမွ် ေဖာ္ျပျခင္း မရွိခဲ့ပါ။ ဒါေပမယ့္ ျမန္မာျပည္က သတင္းသမားနဲ႔ အမ်ိဳးသားေရးဝါဒီတစ္ခ်ိဳ႕ က ေတာ့ မွားမွန္ စိစစ္မေနပဲ ယုံၾကည္ပုံရပါတယ္။ ရွရီယာတရားဥပေဒ ေတာင္းဆိုခ်က္မ်ားကို လက္မခံ ေၾကာင္း နဲ႔ ျပည္ႏွင္ဒဏ္ေပးဖို႔အထိ ေျပာဆိုျဖန႔္ေဝေနၾကပါတယ္။ စာမဖတ္ပဲ ေလသံၾကား တရားနာေနၾကတယ္။

ကြၽန္ေတာ္စိတ္ပူမိတာ အကြက္ေကာင္း ေစာင့္ေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္ လပ္စြာ စုံစမ္းစစ္ေဆးေရး ယႏၲယားက အဲ့ဒီ ေျပာဆိုခ်က္မ်ားကို ရယူသြားႏိုင္ျခင္းပါ။ ၂၀၁၈-ခုႏွစ္က စတင္ဖြဲ႕ စည္းခဲ့တဲ့ အဲ့ဒီအဖြဲ႕ဟာ လူမ်ိဳးလိမ္ကိစၥ ဂ်ီႏိုဆိုက္ေခါင္းစဥ္နဲ႔ ျမန္မာအေပၚ စြဲခ်က္တင္ရန္ ႀကိဳးစားေနပါတယ္။

၂၀၁၁-ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံအတြင္း ၾကမ္းၾကဳတ္ရက္စက္မႈမ်ား၊ ဆိုး႐ြားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ မႈမ်ားကို စစ္ေဆးေဖာ္ထုတ္ရမယ့္ အဲ့ဒီအဖြဲ႕ထံ သန္းနဲ႔ခ်ီတဲ့ ေရးသားခ်က္မ်ား၊ ဖ်က္သိမ္းထားတဲ့ အေကာင့္ နဲ႔ဆိုင္တဲ့ အေၾကာင္းအရာမ်ားကို ေပးပို႔ခဲ့ေၾကာင္း Facebook က ၂၀၁၈-ခုႏွစ္မွာ သတင္းထုတ္ျပန္ခဲ့ဖူးပါ တယ္။

ယခုလည္း မုန႔္ဆီေၾကာ္က ဘယ္ေနမွန္းမသိ၊ ႏႈတ္ခမ္းအနာနဲ႔ မတည့္သူ ျမန္မာတို႔ရဲ႕ ဥေရာပ အစြန္းေရာက္ ဂ်င္းသတင္းမ်ားကို မိန္မိန္ရွက္ရွက္ႀကီး ျဖန႔္ေဝေနတဲ့ ေခတ္သစ္ စုန္းဖမ္းပြဲႀကီးက ကြက္တိျဖစ္ေနပါတယ္။
.

Related news

© 2021. All rights reserved.