ကိုကိုးကျွန်းမြို့တွင် လယ်ယာမြေများမရှိ၍ လယ်ယာမြေများ၊ ကုန်းမြင့်ယာများ ဖော်ထုတ်သွားရန် လို

360

စော(NP News)-အောက်တိုဘာ ၁၉
ကိုကိုးကျွန်းမြို့တွင် လယ်ယာမြေများမရှိ၍ လယ်ယာမြေများ၊ ကုန်းမြင့်ယာများ ဖော်ထုတ်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို ယမန်နေ့ (အောက်တိုဘာ ၁၈ရက်)က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ကိုကိုးကျွန်းမြို့တွင် လယ်မြေများမရှိကြောင်း၊ သွားလာစားသောက်ရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိကြောင်း၊ သွားလာရန်ခက်ခဲသည့်အချိန်တွင် စားသောက်ရေးအတွက် အခက်အခဲမဖြစ်စေရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးကပြောကြားခဲ့သည်။
ထို့ကြောင့် မြို့တွင်နေထိုင်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မြို့နေပြည်သူများအနေဖြင့် ဝိုင်းဝန်း၍ ဆောင်ရွက်ကြရန်လိုပြီး မြို့မြေများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများ မထိခိုက်စေရေး ကြိုတင်စဉ်းစားတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဒေသတွင်ရှိသည့် ပြည်သူများ မပူမပင်ဖြင့် စားသောက်နိုင်စေရေး အမြဲဆန်ဖူလုံမှုရှိအောင် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသ ဝမ်းစာဖူလုံရေးအတွက် စီမံဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် လယ်ယာများ၊ ကုန်းမြင့်ယာများကို ဖော်ထုတ်သွားရန်လိုကြောင်း၊ ထိုသို့ဖော်ထုတ်နိုင်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စားရေးနှင့်ပတ်သက်၍ ကိုကိုးကျွန်းမြို့တွင် နေထိုင်ကြသည့် ပြည်သူများ၏အရေအတွက်ကို တွက်ချက်၍ ပထမအဆင့် ၂၅ ရာခိုင်နှုန်းဖူလုံစေရန်၊ ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်းဖူလုံစေရန်၊ ထိုမှတစ်ဆင့် ၁၀၀ ရာခိုင်နှုန်းပြည့်မီသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း သိရသည်။
မိမိတို့၏ဒေသဝမ်းစာပြည့်မီရေးအတွက် ဒေသအကျိုးကိုကြည့်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလို၍ ဆောင်ရွက်ရာတွင်လည်း ရေရှည်ကို ကြည့်၍ စနစ်တကျတွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
ကိုကိုးကြၽန္းၿမိဳ႕တြင္ လယ္ယာေျမမ်ားမရွိ၍ လယ္ယာေျမမ်ား၊ ကုန္းျမင့္ယာမ်ား ေဖာ္ထုတ္သြားရန္ လို
ေစာ(NP News)-ေအာက္တိုဘာ ၁၉
ကိုကိုးကြၽန္းၿမိဳ႕တြင္ လယ္ယာေျမမ်ားမရွိ၍ လယ္ယာေျမမ်ား၊ ကုန္းျမင့္ယာမ်ား ေဖာ္ထုတ္သြားရန္ လိုအပ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ရန္ကုန္တိုင္းေဒသႀကီး၊ ကိုကိုးကြၽန္းၿမိဳ႕ရွိ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားကို ယမန္ေန႔ (ေအာက္တိုဘာ ၁၈ရက္)က ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။
ကိုကိုးကြၽန္းၿမိဳ႕တြင္ လယ္ေျမမ်ားမရွိေၾကာင္း၊ သြားလာစားေသာက္ေရးႏွင့္ပတ္သက္၍ စိန္ေခၚမႈမ်ားရွိေၾကာင္း၊ သြားလာရန္ခက္ခဲသည့္အခ်ိန္တြင္ စားေသာက္ေရးအတြက္ အခက္အခဲမျဖစ္ေစရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးကေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ၿမိဳ႕တြင္ေနထိုင္ၾကသည့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ၿမိဳ႕ေနျပည္သူမ်ားအေနျဖင့္ ဝိုင္းဝန္း၍ ေဆာင္႐ြက္ၾကရန္လိုၿပီး ၿမိဳ႕ေျမမ်ားတိုးခ်ဲ႕ရာတြင္ စိုက္ပ်ိဳးေျမမ်ား မထိခိုက္ေစေရး ႀကိဳတင္စဥ္းစားတြက္ခ်က္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒသတြင္ရွိသည့္ ျပည္သူမ်ား မပူမပင္ျဖင့္ စားေသာက္ႏိုင္ေစေရး အၿမဲဆန္ဖူလုံမႈရွိေအာင္ တာဝန္ရွိသူမ်ားအေနျဖင့္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ကိုကိုးကြၽန္းေဒသ ဝမ္းစာဖူလုံေရးအတြက္ စီမံေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း ဆက္လက္ေျပာၾကားခဲ့သည္။
ထို႔ေနာက္ လယ္ယာမ်ား၊ ကုန္းျမင့္ယာမ်ားကို ေဖာ္ထုတ္သြားရန္လိုေၾကာင္း၊ ထိုသို႔ေဖာ္ထုတ္ႏိုင္ရန္အတြက္ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားကို ေစလႊတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စားေရးႏွင့္ပတ္သက္၍ ကိုကိုးကြၽန္းၿမိဳ႕တြင္ ေနထိုင္ၾကသည့္ ျပည္သူမ်ား၏အေရအတြက္ကို တြက္ခ်က္၍ ပထမအဆင့္ ၂၅ ရာခိုင္ႏႈန္းဖူလုံေစရန္၊ ဒုတိယအဆင့္ ၄၀ ရာခိုင္ႏႈန္းဖူလုံေစရန္၊ ထိုမွတစ္ဆင့္ ၁၀၀ ရာခိုင္ႏႈန္းျပည့္မီသည္အထိ တစ္ဆင့္ၿပီးတစ္ဆင့္ ဆက္လက္တိုးတက္ေအာင္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း သိရသည္။
မိမိတို႔၏ေဒသဝမ္းစာျပည့္မီေရးအတြက္ ေဒသအက်ိဳးကိုၾကည့္၍ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလို၍ ေဆာင္႐ြက္ရာတြင္လည္း ေရရွည္ကို ၾကည့္၍ စနစ္တက်တြက္ခ်က္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။