လားရှိး-မန္တလေး ပြည်ထောင်စုလမ်းမကြီး ကားလေးများကိုပြေးဆွဲခွင့်ပြုခဲ့ရာ ကုန်ကားကြီးများလည်း ပြေးဆွဲနိုင်ရန် စောင့်မျှော်နေ

400

စော(NP News)-အောက်တိုဘာ ၁၉
တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်တွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည့်အပြင် ကျောက်မဲမြို့ကိုလည်း အောက်တိုဘာ ၁ရက်နေ့တွင် ထပ်မံသိမ်းယူနိုင်ခဲ့သည်။
ထို့ပြင် TNLA အကြမ်းဖက်သောင်းကျန်းသူများထံမှ သီပေါမြို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် ယာဉ်များသွားလာမှုအဆင်ပြေစေရန် ပြည်ထောင်စုလမ်းမကြီးကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်။ ဆွဲနေကြပြီ။ မန္တလေး နဲ့ လားရှိုးကို တစ်သိန်းလို့ ပြောတယ်။ လမ်းကတော့ ပွင့်သွားပါပြီ။ လမ်းကမနေ့က စပွင့်တာ ကားသေးလေးတွေတော့သွားနေကြတာပဲ။ အရင်တုန်းကတော့ နည်းနည်းရှားတာပေါ့။ အခုကျတော့ တိုက်ရိုက်လမ်းပေါက်ပြီဆိုတော့ ဈေးလည်းနည်းနည်းချပေးတယ်လေ”ဟု လားရှိုးဒေသခံတစ်ဦးက NP Newsကိုပြောသည်။
မန္တလေး-လားရှိုးခရီးစဉ်အတွက် ကားသေးတစ်စီးလျှင် လူတစ်ဦးအတွက် ငွေကျပ် (၁)သိန်းမှ (၂)သိန်းဝန်းကျင်ပေါက်ဈေးရှိနေပြီး တစ်ချို့ယာဉ်ငယ်များသည် ပတ်လမ်းကြောအတိုင်း သွားနေကြသေးကြောင်း သိရသည်။
“ကုန်ကားတွေလည်း ပြေးလို့ရပြေးမှာပဲ။ နောက်ပိုင်းကျရင်တော့ သူတို့လုပ်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ ကွေ့ပတ်သွားနေရင် ကုန်ဈေးနှုန်းကလည်းကြီးပြီ။ အဲဒီလိုဖြစ်နေတာလေ။ သူတို့ကလည်း ဒီလမ်းပွင့်တာကို စောင့်နေကြတာ။ လမ်းပွင့်တော့ ကုန်စည်စီးဆင်းမှုမြန်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါလမ်းပိုင်းအတွင်းရှိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသော ကျင်သီတံတားကို ပြန်လည်ပြင်ဆင်ထားကာ ကားသေးများကိုသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

Zawgyi Version:
လားရွိး-မႏၲေလး ျပည္ေထာင္စုလမ္းမႀကီး ကားေလးမ်ားကိုေျပးဆြဲခြင့္ျပဳခဲ့ရာ ကုန္ကားႀကီးမ်ားလည္း ေျပးဆြဲႏိုင္ရန္ ေစာင့္ေမွ်ာ္ေန
ေစာ(NP News)-ေအာက္တိုဘာ ၁၉
တပ္မေတာ္အေနျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ကို ၿပီးခဲ့သည့္ ဇူလိုင္လ ၁၆ရက္တြင္ ျပန္လည္သိမ္းယူႏိုင္ခဲ့သည့္အျပင္ ေက်ာက္မဲၿမိဳ႕ကိုလည္း ေအာက္တိုဘာ ၁ရက္ေန႔တြင္ ထပ္မံသိမ္းယူႏိုင္ခဲ့သည္။
ထို႔ျပင္ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားထံမွ သီေပါၿမိဳ႕ကို ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၇ ရက္က ျပန္လည္သိမ္းပိုက္ႏိုင္ၿပီးေနာက္ ယာဥ္မ်ားသြားလာမႈအဆင္ေျပေစရန္ ျပည္ေထာင္စုလမ္းမႀကီးကို ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။
“ဟုတ္တယ္။ ဆြဲေနၾကၿပီ။ မႏၲေလး နဲ႔ လားရႈိးကို တစ္သိန္းလို႔ ေျပာတယ္။ လမ္းကေတာ့ ပြင့္သြားပါၿပီ။ လမ္းကမေန႔က စပြင့္တာ ကားေသးေလးေတြေတာ့သြားေနၾကတာပဲ။ အရင္တုန္းကေတာ့ နည္းနည္းရွားတာေပါ့။ အခုက်ေတာ့ တိုက္႐ိုက္လမ္းေပါက္ၿပီဆိုေတာ့ ေဈးလည္းနည္းနည္းခ်ေပးတယ္ေလ”ဟု လားရႈိးေဒသခံတစ္ဦးက NP Newsကိုေျပာသည္။
မႏၲေလး-လားရႈိးခရီးစဥ္အတြက္ ကားေသးတစ္စီးလွ်င္ လူတစ္ဦးအတြက္ ေငြက်ပ္ (၁)သိန္းမွ (၂)သိန္းဝန္းက်င္ေပါက္ေဈးရွိေနၿပီး တစ္ခ်ိဳ႕ယာဥ္ငယ္မ်ားသည္ ပတ္လမ္းေၾကာအတိုင္း သြားေနၾကေသးေၾကာင္း သိရသည္။
“ကုန္ကားေတြလည္း ေျပးလို႔ရေျပးမွာပဲ။ ေနာက္ပိုင္းက်ရင္ေတာ့ သူတို႔လုပ္ရမွာပဲေလ။ ဘာလို႔လဲဆိုေတာ့ ေကြ႕ပတ္သြားေနရင္ ကုန္ေဈးႏႈန္းကလည္းႀကီးၿပီ။ အဲဒီလိုျဖစ္ေနတာေလ။ သူတို႔ကလည္း ဒီလမ္းပြင့္တာကို ေစာင့္ေနၾကတာ။ လမ္းပြင့္ေတာ့ ကုန္စည္စီးဆင္းမႈျမန္တာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါလမ္းပိုင္းအတြင္းရွိ မိုင္းခြဲဖ်က္ဆီးခံခဲ့ရေသာ က်င္သီတံတားကို ျပန္လည္ျပင္ဆင္ထားကာ ကားေသးမ်ားကိုသာျဖတ္သန္းသြားလာခြင့္ျပဳထားေၾကာင္း သိရသည္။