ယူကရိန်းကို Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးခြင်းက သတင်းဆိုးဖြစ်လာနိုင်တယ်လို့ ဟန်ဂေရီအစိုးရ သတိပေး

551

Pika (NP News) - အောက်တိုဘာ ၁၉
ယူကရိန်းသို့ အမေရိကန်ထုတ် တာဝေးပစ် Tomahawk ဒုံးကျည်များ ထောက်ပံ့ပေးမှုကို သတင်းဆိုးတစ်ခု အဖြစ် ဟန်ဂေရီအစိုးရက ရှုမြင်ထားကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ထုတ်ဖော်ပြော ဆိုခဲ့ သည်။ ယူကရိန်း ပဋိပက္ခကို ပြေလည်အောင်မဖြေရှင်းနိုင်ပါက ယူက ရိန်းသို့ ခရုဇ်ဒုံးကျည်များထောက်ပံ့ပေးရန် အတည် ပြုသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် Peter Szijjarto ၏ ပြောဆို ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုပြင် လာမည့်ရက်ပိုင်းအတွင်း အိမ်ဖြူ တော်တွင်လုပ်ဆောင်မည့် တွေ့ဆုံမှုအတွင်း တာဝေးပစ်ဒုံးကျည် များကို ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထပ်မံတောင်းခံနိုင်ဖွယ်ရှိနေကြောင်း ဒေါ်နယ်ထရမ့်က ယခုသီတင်းပတ် အစောပိုင်းတွင် အကြံပြုပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က ‘ဇယ်လန်စကီးက စစ်လက်နက်ပစ္စည်းတွေလိုချင်နေပါ တယ်။ တာဝေးပစ် Tomahawk ဒုံးကျည်တွေကို ဇယ်လန်စကီးက လိုချင်နေပါတယ်။ လူတိုင်းက တာဝေးပစ် Tomahawk ဒုံးကျည်တွေကို လိုချင်နေကြတယ်။ ကျွန်တော်တို့မှာ တာဝေးပစ် Tomahawk ဒုံးကျည် အများအပြား ရှိပါ တယ်’ ဟုပြောဆိုခဲ့သည်။
ယူကရိန်းသို့ တာဝေးပစ် Tomahawk ဒုံးကျည်များ ထောက်ပံ့ပေးသွားမည်ဆိုသည့် ဒေါ်နယ်ထရမ့်၏ခြိမ်း ခြောက်မှုများအပေါ် ဟန်ဂေရီအစိုးရ၏ သဘောထားများနှင့်ပတ်သက်သည့် မေးခွန်းများကို Peter Szijjarto ကို သတင်းထောက်များက မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Peter Szijjarto က ‘ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်း ရေးရရှိအောင် ကြိုးပမ်းမှုတွေအားလုံးနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကိုကျေးဇူးတင်မိပါတယ်။ ယခင်အမေရိ ကန်သမ္မတ ဟောင်းဂျိုးဘိုင်ဒန်အစိုးရနဲ့ လက်ရှိ ဒေါ်နယ်ထရမ့်အစိုးရကြားက ချဉ်းကပ်ပုံတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပ အလယ်ပိုင်းဒေသကို ငြိမ်းချမ်းရေးယူဆောင်လာနိုင်ဖို့ ဒေါ်နယ်ထရမ့်က အများကြီးလုပ်ခဲ့တာ သိသာထင်ရှားပါတယ်’ ဟုပြောဆိုခဲ့သည်။
ထို့ပြင် တင်းမာမှုအရှိန်မြင့်တက်လာစေနိုင် သည့်အန္တရာယ်များကို ရှေ့တန်းတင်မည့်အစား စေ့စပ်ညှိနှိုင်းမှုများ ကို ဆက်လက်လုပ်ဆောင်စေချင်ကြောင်း Peter Szijjarto က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
ယူကရိန္းကို Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးျခင္းက သတင္းဆိုးျဖစ္လာႏိုင္တယ္လို႔ ဟန္ေဂရီအစိုးရ သတိေပး
Pika (NP News) - ေအာက္တိုဘာ ၁၉
ယူကရိန္းသို႔ အေမရိကန္ထုတ္ တာေဝးပစ္ Tomahawk ဒုံးက်ည္မ်ား ေထာက္ပံ့ေပးမႈကို သတင္းဆိုးတစ္ခု အျဖစ္ ဟန္ေဂရီအစိုးရက ရႈျမင္ထားေၾကာင္း ဟန္ေဂရီႏိုင္ငံျခားေရးဝန္ႀကီး Peter Szijjarto က ထုတ္ေဖာ္ေျပာ ဆိုခဲ့ သည္။ ယူကရိန္း ပဋိပကၡကို ေျပလည္ေအာင္မေျဖရွင္းႏိုင္ပါက ယူက ရိန္းသို႔ ခ႐ုဇ္ဒုံးက်ည္မ်ားေထာက္ပံ့ေပးရန္ အတည္ ျပဳသြားႏိုင္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ Peter Szijjarto ၏ ေျပာဆို ခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ထိုျပင္ လာမည့္ရက္ပိုင္းအတြင္း အိမ္ျဖဴ ေတာ္တြင္လုပ္ေဆာင္မည့္ ေတြ႕ဆုံမႈအတြင္း တာေဝးပစ္ဒုံးက်ည္ မ်ားကို ယူကရိန္းသမၼတ ဇယ္လန္စကီးက ထပ္မံေတာင္းခံႏိုင္ဖြယ္ရွိေနေၾကာင္း ေဒၚနယ္ထရမ့္က ယခုသီတင္းပတ္ အေစာပိုင္းတြင္ အႀကံျပဳေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္က ‘ဇယ္လန္စကီးက စစ္လက္နက္ပစၥည္းေတြလိုခ်င္ေနပါ တယ္။ တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြကို ဇယ္လန္စကီးက လိုခ်င္ေနပါတယ္။ လူတိုင္းက တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြကို လိုခ်င္ေနၾကတယ္။ ကြၽန္ေတာ္တို႔မွာ တာေဝးပစ္ Tomahawk ဒုံးက်ည္ အမ်ားအျပား ရွိပါ တယ္’ ဟုေျပာဆိုခဲ့သည္။
ယူကရိန္းသို႔ တာေဝးပစ္ Tomahawk ဒုံးက်ည္မ်ား ေထာက္ပံ့ေပးသြားမည္ဆိုသည့္ ေဒၚနယ္ထရမ့္၏ၿခိမ္း ေျခာက္မႈမ်ားအေပၚ ဟန္ေဂရီအစိုးရ၏ သေဘာထားမ်ားႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကို Peter Szijjarto ကို သတင္းေထာက္မ်ားက ေမးျမန္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Peter Szijjarto က ‘႐ုရွားနဲ႔ ယူကရိန္းၾကား ၿငိမ္းခ်မ္း ေရးရရွိေအာင္ ႀကိဳးပမ္းမႈေတြအားလုံးနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ကိုေက်းဇူးတင္မိပါတယ္။ ယခင္အေမရိ ကန္သမၼတ ေဟာင္းဂ်ိဳးဘိုင္ဒန္အစိုးရနဲ႔ လက္ရွိ ေဒၚနယ္ထရမ့္အစိုးရၾကားက ခ်ဥ္းကပ္ပုံေတြကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ဥေရာပ အလယ္ပိုင္းေဒသကို ၿငိမ္းခ်မ္းေရးယူေဆာင္လာႏိုင္ဖို႔ ေဒၚနယ္ထရမ့္က အမ်ားႀကီးလုပ္ခဲ့တာ သိသာထင္ရွားပါတယ္’ ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ တင္းမာမႈအရွိန္ျမင့္တက္လာေစႏိုင္ သည့္အႏၲရာယ္မ်ားကို ေရွ႕တန္းတင္မည့္အစား ေစ့စပ္ညႇိႏႈိင္းမႈမ်ား ကို ဆက္လက္လုပ္ေဆာင္ေစခ်င္ေၾကာင္း Peter Szijjarto က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။