ဩစတြေးလျအမျိုးသမီးတစ်ဦးက အချိန်တစ်နာရီအတွင်း (၇၃၃)ကြိမ်အထိ ဘားတန်းဆွဲပြပြီး ဂင်းနစ်စံချိန်ချိုးဖျက်

 342

Pika (NP News) - အောက်တိုဘာ ၁၉
ဩစတြေးလျအမျိုးသမီးတစ်ဦးသည် အချိန်(၁)နာရီအတွင်း ဘားတန်းဆွဲမှုအကြိမ်ရေပေါင်း(၇၃၃)ကြိမ်အထိ ဆွဲပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အသက်(၃၂)နှစ်အရွယ် ဂျိတ်ဟန်ဒါဆန်ဆိုသည့် အမျိုးသမီးသည် (၂၀၁၆)ခုနှစ်တွင် ဩစတြေးလျအမျိုးသမီး အီဗာကလာ့ခ်တင်ခဲ့သော အချိန်တစ်နာရီအတွင်း ဘားတန်းဆွဲမှုအကြိမ်ရေပေါင်း(၇၂၅)ကြိမ် စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျိတ်ဟန်ဒါဆန်သည် အချိန်တစ်မိနစ်လျှင် ပျမ်းမျှအားဖြင့် ဘားတန်းဆွဲမှုအကြိမ်ရေပေါင်း(၁၂)ကြိမ်ကျော်အထိဆွဲပြခဲ့ပြီးနောက် အီဗာ ကလာ့ခ်၏ စံချိန်ကို တရားဝင်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျိတ်ဟန်ဒါဆန်က “ဘယ်သူမှမလုပ်ဖူးတဲ့အရာ တစ်ခုကို လုပ်ရတာကိုနှစ်သက်တာကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန် တင်ဖို့အတွက် လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာ သန်မာမှုတွေကိုလည်း စမ်းသပ်ချင်ခဲ့လို့ပါ”ဟုပြောဆိုခဲ့သည်။ ထို့ပြင် ဘားတန်း ဆွဲမှုကို အချိန်(၂၄)နာရီအထိလုပ်ဆောင်ရန် စီစဉ်ထားခဲ့သော်လည်း လေ့ကျင့်စဉ်အချိန်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ မှုကြောင့် ၎င်း၏အစီအစဉ်များကို ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း ဂျိတ်ဟန်ဒါဆန်က ပြောကြားခဲ့သည်။ ဂျိတ်ဟန်ဒါဆန်က “အချိန်(၁၂)နာရီ အတွင်းမှာ အကြိမ်ရေ (၃၅၀ဝ) လောက် ကျွန်မဘားတန်းဆွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်မရဲ့ ကြွက်သားတွေနာကျင်ခဲ့တာကြောင့် သီတင်း (၆)ပတ်လောက် အနားယူခဲ့ရပါတယ်။ ယခင်စံချိန်ဟောင်းကို ချိုးဖျက်ဖို့က ခက်ခဲမယ်ဆိုတာကို ကျွန်မသိခဲ့ပါတယ်။ တကယ့်လက်တွေ့မှာကျတော့ ကျွန်မထင်ထားသလောက် အရမ်းကြီးမခက်ခဲ ခဲ့ပါဘူး” ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
ဩစေၾတးလ်အမ်ိဳးသမီးတစ္ဦးက အခ်ိန္တစ္နာရီအတြင္း (၇၃၃)ႀကိမ္အထိဘားတန္းဆြဲျပၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - ေအာက္တိုဘာ ၁၉
ဩစေၾတးလ်အမ်ိဳးသမီးတစ္ဦးသည္ အခ်ိန္(၁)နာရီအတြင္း ဘားတန္းဆြဲမႈအႀကိမ္ေရေပါင္း(၇၃၃)ႀကိမ္အထိ ဆြဲျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အသက္(၃၂)ႏွစ္အ႐ြယ္ ဂ်ိတ္ဟန္ဒါဆန္ဆိုသည့္ အမ်ိဳးသမီးသည္ (၂၀၁၆)ခုႏွစ္တြင္ ဩစေၾတးလ်အမ်ိဳးသမီး အီဗာကလာ့ခ္တင္ခဲ့ေသာ အခ်ိန္တစ္နာရီအတြင္း ဘားတန္းဆြဲမႈအႀကိမ္ေရေပါင္း(၇၂၅)ႀကိမ္ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်ိတ္ဟန္ဒါဆန္သည္ အခ်ိန္တစ္မိနစ္လွ်င္ ပ်မ္းမွ်အားျဖင့္ ဘားတန္းဆြဲမႈအႀကိမ္ေရေပါင္း(၁၂)ႀကိမ္ေက်ာ္အထိဆြဲျပခဲ့ၿပီးေနာက္ အီဗာ ကလာ့ခ္၏ စံခ်ိန္ကို တရားဝင္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်ိတ္ဟန္ဒါဆန္က “ဘယ္သူမွမလုပ္ဖူးတဲ့အရာ တစ္ခုကို လုပ္ရတာကိုႏွစ္သက္တာေၾကာင့္ ကမာၻ႔ဂင္းနစ္စံခ်ိန္ တင္ဖို႔အတြက္ ေလ့က်င့္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ၿပီးေတာ့ ကြၽန္မရဲ႕ ခႏၶာကိုယ္နဲ႔စိတ္ပိုင္းဆိုင္ရာ သန္မာမႈေတြကိုလည္း စမ္းသပ္ခ်င္ခဲ့လို႔ပါ”ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ဘားတန္း ဆြဲမႈကို အခ်ိန္(၂၄)နာရီအထိလုပ္ေဆာင္ရန္ စီစဥ္ထားခဲ့ေသာ္လည္း ေလ့က်င့္စဥ္အခ်ိန္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့ မႈေၾကာင့္ ၎၏အစီအစဥ္မ်ားကို ေျပာင္းခဲ့ရျခင္းျဖစ္ေၾကာင္း ဂ်ိတ္ဟန္ဒါဆန္က ေျပာၾကားခဲ့သည္။ ဂ်ိတ္ဟန္ဒါဆန္က “အခ်ိန္(၁၂)နာရီ အတြင္းမွာ အႀကိမ္ေရ (၃၅၀ဝ) ေလာက္ ကြၽန္မဘားတန္းဆြဲခဲ့ပါတယ္။ ဒါေပမဲ့လည္း ကြၽန္မရဲ႕ ႂကြက္သားေတြနာက်င္ခဲ့တာေၾကာင့္ သီတင္း (၆)ပတ္ေလာက္ အနားယူခဲ့ရပါတယ္။ ယခင္စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္ဖို႔က ခက္ခဲမယ္ဆိုတာကို ကြၽန္မသိခဲ့ပါတယ္။ တကယ့္လက္ေတြ႕မွာက်ေတာ့ ကြၽန္မထင္ထားသေလာက္ အရမ္းႀကီးမခက္ခဲ ခဲ့ပါဘူး” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.