နိုဘယ်ဆု ရရှိထားတဲ့ ရူပဗေဒပညာရှင် ချင်နင်ယန် အသက် ၁၀၃ နှစ်မှာ ကွယ်လွန်

283
ရောင်နီ (NP News) - အောက်တိုဘာ ၁၉
ကမ္ဘာ့အကျော်ကြားဆုံး ရူပဗေဒပညာရှင်၊ နိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ ချင်နင်ယန်(၁၀၃ နှစ်)ဟာ အောက်တိုဘာ ၁၈ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမှာ ကွယ်လွန်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီဆင်ဟွာက စနေနေ့(အောက်တိုဘာ ၁၈ ရက်) မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အန်ဟွုင် ပြည်နယ်၊ ဟီဖယ် မှာ ၁၉၂၂ ခုနှစ်က မွေးဖွားခဲ့တဲ့ ယန် ဟာ ၁၉၅၇ ခုနှစ်မှာ ရူပဗေဓ ပညာရှင် ဆိုင်ဒိုလီ နဲ့အတူ ရူပဗေဒနိုဘယ်ဆု တွဲဖက် ရရှိခဲ့ပါတယ်။ ဒါအပြင် ယန် ဟာ ၁၉၄၀ ခုနှစ်တွေအတွင်း ချီကာဂိုတက္ကသိုလ်မှာ ပါရဂူဘွဲ့ ရယူခဲ့ပြီး ၁၉၇၀ ခုနှစ်မှာတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေး စတင်ဖွင့်လှစ်ချိန်မှာ တရုတ်နိုင်ငံကို ပထမဆုံးလာရောက်ရတဲ့ တရုတ်သိပ္ပံပညာရှင် ဖြစ်ခဲ့ပါတယ်။ ယန် ဟာ ၁၉၉၀ ခုနှစ်ကတည်းက ချင်ဟွာ တက္ကသိုလ်မှာ ပါမေက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။
ယန်ရဲ့ ကွယ်လွန်သတင်းအတွက် ချင်ဟွာ တက္ကသိုလ် က အောက်မေ့သတိရကြောင်း ပြောကြားခဲ့ပါတယ်။
Zawgyi Version:
ႏိုဘယ္ဆု ရရွိထားတဲ့ ႐ူပေဗဒပညာရွင္ ခ်င္နင္ယန္ အသက္ ၁၀၃ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၉
ကမာၻ႔အေက်ာ္ၾကားဆုံး ႐ူပေဗဒပညာရွင္၊ ႏိုဘယ္ဆုရွင္တစ္ဦးျဖစ္တဲ့ ခ်င္နင္ယန္(၁၀၃ ႏွစ္)ဟာ ေအာက္တိုဘာ ၁၈ ရက္က တ႐ုတ္ႏိုင္ငံ၊ ေပက်င္းမွာ ကြယ္လြန္ခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းေအဂ်င္စီဆင္ဟြာက စေနေန႔(ေအာက္တိုဘာ ၁၈ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း၊ အန္ဟြဳင္ ျပည္နယ္၊ ဟီဖယ္ မွာ ၁၉၂၂ ခုႏွစ္က ေမြးဖြားခဲ့တဲ့ ယန္ ဟာ ၁၉၅၇ ခုႏွစ္မွာ ႐ူပေဗဓ ပညာရွင္ ဆိုင္ဒိုလီ နဲ႔အတူ ႐ူပေဗဒႏိုဘယ္ဆု တြဲဖက္ ရရွိခဲ့ပါတယ္။ ဒါအျပင္ ယန္ ဟာ ၁၉၄၀ ခုႏွစ္ေတြအတြင္း ခ်ီကာဂိုတကၠသိုလ္မွာ ပါရဂူဘြဲ႕ ရယူခဲ့ၿပီး ၁၉၇၀ ခုႏွစ္မွာေတာ့ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရး စတင္ဖြင့္လွစ္ခ်ိန္မွာ တ႐ုတ္ႏိုင္ငံကို ပထမဆုံးလာေရာက္ရတဲ့ တ႐ုတ္သိပၸံပညာရွင္ ျဖစ္ခဲ့ပါတယ္။ ယန္ ဟာ ၁၉၉၀ ခုႏွစ္ကတည္းက ခ်င္ဟြာ တကၠသိုလ္မွာ ပါေမကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါ တယ္။
ယန္ရဲ႕ ကြယ္လြန္သတင္းအတြက္ ခ်င္ဟြာ တကၠသိုလ္ က ေအာက္ေမ့သတိရေၾကာင္း ေျပာၾကားခဲ့ပါတယ္။