တိုက်ပွဲများကြောင့် (၄) နှစ်ခွဲကျော်အတွင်း ကျပ်သန်းပေါင်း (၁)သိန်းကျော် လျှပ်စစ်ဝန်ကြီးဌာနဆုံးရှုံး

325

သန့်ဇင် (NP News)-အောက်တိုဘာ ၁၉
တိုက်ပွဲများကြောင့် (၄)နှစ်ခွဲကျော်ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျပ်သန်း ပေါင်း(၁)သိန်း ကျော် ဆုံးရှုံးခဲ့ရကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှ (၂၀၂၅) ခုနှစ် စက်တင်ဘာလအထိ တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယာဉ်၊ ယန္တရားများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲစက်ရုံများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ဓာတ်အားလိုင်းများ၊ အဆောက်အအုံများ၊ ထရန်စဖော်မာများနှင့် မီတာများသည် တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
‘တိုက်ပွဲတွေကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိပါတယ်။ ဘယ်တိုင်းဒေသကြီးက အများဆုံးလဲဆိုတာတော့ ကျွန်တော်တို့ စာရင်းထဲမှာ မပါသေးပါဘူး’ ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးက NP News သို့ ပြောသည်။
ပျက်ဆီးရှုံးမှုများအတွင်း ထရန်စဖော်မာ (၂၅၀)လုံးပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၅၉၂၇၁ ဒသမ ၈၉၂) သန်း အထိ အများဆုံးရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲများကြောင့် ယာဉ်၊ ယန္တရား (၄၉)ခုအတွက် ကျပ်(၈၇၃ ဒသမ ၄၇၅) သန်း၊ ဓာတ်အားပေးစက်ရုံ (၆၂) ခုအတွက် ကျပ် (၆၀၉၇ ဒသမ ၄၉၀)သန်း၊ ဓာတ်အားခွဲစက်ရုံ(၆၅) ခုအတွက် ကျပ် (၃၄၅၉၉ ဒသမ ၂၆၅)သန်း ဓာတ်အားလိုင်း တာဝါတိုင် (၃၈၇)တိုင်အတွက် ကျပ် (၁၀၁၆၃ ဒသမ ၉၁၅) သန်း ၊ ဓာတ်အားလိုင်း (၇၈)မိုင် အတွက် ကျပ် (၂၆၆၈ ဒသမ ၉၈၂) သန်း၊ အဆောက်အအုံ(၄၅၇) လုံးအတွက် ကျပ် (၂၅၇၇ ဒသမ ၄၉၉) သန်းနှင့် မီတာများ (၄၁၈၃) လုံးအတွက် ကျပ် (၁၂၄၀ ဒသမ ၅၉၇) သန်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် (၄) နှစ်ခွဲကျော်ကာလအတွင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ကျပ် (၁၁၇၄၉၃ ဒသမ ၁၁၅) သန်းခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အလားတူ အကြမ်းဖက်အဖွဲ့များက မိုင်း ထောင်ဖောက်ခွဲမှု၊ လက်နက်ကြီးကျရောက်ပေါက် ကွဲမှုနှင့် သေနတ် နှင့် အခြားလက်နက်များကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းအပါအဝင်လူ (၃၁)ဦးသေဆုံးခဲ့ပြီး (၇၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
တိုက္ပြဲမ်ားေၾကာင့္ (၄) ႏွစ္ခြဲေက်ာ္အတြင္း က်ပ္သန္းေပါင္း (၁)သိန္းေက်ာ္ လွ်ပ္စစ္ဝန္ႀကီးဌာနဆုံးရႈံး
သန႔္ဇင္ (NP News)-ေအာက္တိုဘာ ၁၉
တိုက္ပြဲမ်ားေၾကာင့္ (၄)ႏွစ္ခြဲေက်ာ္ကာလအတြင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ က်ပ္သန္း ေပါင္း(၁)သိန္း ေက်ာ္ ဆုံးရႈံးခဲ့ရေၾကာင္း လွ်ပ္စစ္စြမ္း အားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
(၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလမွ (၂၀၂၅) ခုႏွစ္ စက္တင္ဘာလအထိ တိုင္းေဒသႀကီးႏွင့္ျပည္ နယ္အသီးသီးရွိ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ယာဥ္၊ ယႏၲရားမ်ား၊ ဓာတ္အားေပးစက္႐ုံမ်ား၊ ဓာတ္အားခြဲစက္႐ုံမ်ား၊ ဓာတ္အားလိုင္း တာဝါတိုင္မ်ား၊ ဓာတ္အားလိုင္းမ်ား၊ အေဆာက္အအုံမ်ား၊ ထရန္စေဖာ္မာမ်ားႏွင့္ မီတာမ်ားသည္ တိုက္ပြဲမ်ားေၾကာင့္ ပ်က္စီးဆုံးရႈံး ခဲ့ရျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
‘တိုက္ပြဲေတြေၾကာင့္ လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနရဲ႕ ပ်က္စီးဆုံးရႈံးမႈေတြရွိပါတယ္။ ဘယ္တိုင္းေဒသႀကီးက အမ်ားဆုံးလဲဆိုတာေတာ့ ကြၽန္ေတာ္တို႔ စာရင္းထဲမွာ မပါေသးပါဘူး’ ဟု လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာနမွတာဝန္ရွိသူ တစ္ဦးက NP News သို႔ ေျပာသည္။
ပ်က္ဆီးရႈံးမႈမ်ားအတြင္း ထရန္စေဖာ္မာ (၂၅၀)လုံးပ်က္စီးခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးမွာ က်ပ္ (၅၉၂၇၁ ဒသမ ၈၉၂) သန္း အထိ အမ်ားဆုံးရွိခဲ့ ေၾကာင္း သိရသည္။
ထို႔ျပင္ တိုက္ပြဲမ်ားေၾကာင့္ ယာဥ္၊ ယႏၲရား (၄၉)ခုအတြက္ က်ပ္(၈၇၃ ဒသမ ၄၇၅) သန္း၊ ဓာတ္အားေပးစက္႐ုံ (၆၂) ခုအတြက္ က်ပ္ (၆၀၉၇ ဒသမ ၄၉၀)သန္း၊ ဓာတ္အားခြဲစက္႐ုံ(၆၅) ခုအတြက္ က်ပ္ (၃၄၅၉၉ ဒသမ ၂၆၅)သန္း ဓာတ္အားလိုင္း တာဝါတိုင္ (၃၈၇)တိုင္အတြက္ က်ပ္ (၁၀၁၆၃ ဒသမ ၉၁၅) သန္း ၊ ဓာတ္အားလိုင္း (၇၈)မိုင္ အတြက္ က်ပ္ (၂၆၆၈ ဒသမ ၉၈၂) သန္း၊ အေဆာက္အအုံ(၄၅၇) လုံးအတြက္ က်ပ္ (၂၅၇၇ ဒသမ ၄၉၉) သန္းႏွင့္ မီတာမ်ား (၄၁၈၃) လုံးအတြက္ က်ပ္ (၁၂၄၀ ဒသမ ၅၉၇) သန္း ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ (၄) ႏွစ္ခြဲေက်ာ္ကာလအတြင္း လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာနမွ က်ပ္ (၁၁၇၄၉၃ ဒသမ ၁၁၅) သန္းခန႔္ ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
အလားတူ အၾကမ္းဖက္အဖြဲ႕မ်ားက မိုင္း ေထာင္ေဖာက္ခြဲမႈ၊ လက္နက္ႀကီးက်ေရာက္ေပါက္ ကြဲမႈႏွင့္ ေသနတ္ ႏွင့္ အျခားလက္နက္မ်ားေၾကာင့္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ဝန္ထမ္းအပါအဝင္လူ (၃၁)ဦးေသဆုံးခဲ့ၿပီး (၇၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။