ဖိလစ်ပိုင်မှာ အပူပိုင်းမုန်တိုင်းဖန်ရှန်း တိုက်ခတ်မှုနဲ့အတူ လူ ၅ ဦး သေဆုံး

96

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ
ဖိလစ်ပိုင်နိုင်ငံမှာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၉ ရက်) က လူဇုန်ကျွန်းကိုဖြတ်ကာ တိုက်ခတ်လာတဲ့ အပူပိုင်းမုန်တိုင်း ဖန်ရှန်းကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ သဘာဝဘေးအန္တရာယ် တာဝန်ရှိသူတွေက ပြောကြားပါတယ်။
အသက်နှစ်နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် လူ ၅ ယောက်ပါ မိသားစုဟာ မိုးသောက်ချိန်မှာ အိမ်ပေါ် သစ်ပင်ပိကာ သေဆုံးခဲ့တယ်လို့ ရဲအရာရှိ ဆိုနီအွန်ဘာဂျီနို က ပြောကြားပါတယ်။ မုန်တိုင်းဟာ လူဇုန် ကျွန်းအရှေ့တောင်ဘက်ခြမ်းကို ညတွင်းချင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မနီလာမြို့အရှေ့တောင်ဘက် ၁၅၃ ကီလိုမီတာအကွာ ပီတိုဂိုမြို့အနီးရှိ ရွာတစ်ရွာကို ဝင်ရောက်တိုက်ခတ်စဉ် အခုလိုအိမ်ပေါ် သစ်ပင်ပိကာ လူသေဆုံးမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဖန်ရှန်း မုန်တိုင်းဟာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက်နှောင်းပိုင်း က မနီလာပင်လယ်အော်မှာ လေပြင်း တစ်နာရီကို ကီလိုမီတာ ၉၀ နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး မြို့တော်မနီလာနဲ့ မြောက်ဘက်ပြည်နယ်တွေကို ဆက်လက်ရွေ့လျားသွားမယ်လို့ ပြည်နယ်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
မုန်တိုင်းကြောင့် ကမ်းရိုးတန်းရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပြီး လူပေါင်း ၄၇,၀၀၀ ထက်မနည်း နေအိမ်များမှ ထွက်ခွာကာ လူဇုန်အရှေ့တောင်ပိုင်းရှိ အစိုးရသတ်မှတ်ထားတဲ့ ယာယီတဲတွေဆီကို ရွှေ့ပြောင်းကြဖို့ ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်တာဝန်ရှိသူတွေက ပြောကြားထားပါ တယ်။ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် မုန်တိုင်းနဲ့ တိုင်ဖွန်းမုန်တိုင်း ၂၀ ခန့် နဲ့ ကြုံတွေ့နေရလေ့ ရှိပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္မွာ အပူပိုင္းမုန္တိုင္းဖန္ရွန္း တိုက္ခတ္မႈနဲ႔အတူ လူ ၅ ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂ဝ
ဖိလစ္ပိုင္ႏိုင္ငံမွာ တနဂၤေႏြေန႔ (ေအာက္တိုဘာ ၁၉ ရက္) က လူဇုန္ကြၽန္းကိုျဖတ္ကာ တိုက္ခတ္လာတဲ့ အပူပိုင္းမုန္တိုင္း ဖန္ရွန္းေၾကာင့္ လူ ၅ ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ သဘာဝေဘးအႏၲရာယ္ တာဝန္ရွိသူေတြက ေျပာၾကားပါတယ္။
အသက္ႏွစ္ႏွစ္နဲ႔ ၁၁ ႏွစ္အ႐ြယ္ ကေလးႏွစ္ဦး အပါအဝင္ လူ ၅ ေယာက္ပါ မိသားစုဟာ မိုးေသာက္ခ်ိန္မွာ အိမ္ေပၚ သစ္ပင္ပိကာ ေသဆုံးခဲ့တယ္လို႔ ရဲအရာရွိ ဆိုနီအြန္ဘာဂ်ီႏို က ေျပာၾကားပါတယ္။ မုန္တိုင္းဟာ လူဇုန္ ကြၽန္းအေရွ႕ေတာင္ဘက္ျခမ္းကို ညတြင္းခ်င္း ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး မနီလာၿမိဳ႕အေရွ႕ေတာင္ဘက္ ၁၅၃ ကီလိုမီတာအကြာ ပီတိုဂိုၿမိဳ႕အနီးရွိ ႐ြာတစ္႐ြာကို ဝင္ေရာက္တိုက္ခတ္စဥ္ အခုလိုအိမ္ေပၚ သစ္ပင္ပိကာ လူေသဆုံးမႈျဖစ္ခဲ့တာျဖစ္ပါတယ္။ ဖန္ရွန္း မုန္တိုင္းဟာ တနဂၤေႏြေန႔ (ေအာက္တိုဘာ ၁၉ ရက္) နံနက္ေႏွာင္းပိုင္း က မနီလာပင္လယ္ေအာ္မွာ ေလျပင္း တစ္နာရီကို ကီလိုမီတာ ၉၀ ႏႈန္းနဲ႔ တိုက္ခတ္ခဲ့ၿပီး ၿမိဳ႕ေတာ္မနီလာနဲ႔ ေျမာက္ဘက္ျပည္နယ္ေတြကို ဆက္လက္ေ႐ြ႕လ်ားသြားမယ္လို႔ ျပည္နယ္မိုးေလဝသဌာနက ခန႔္မွန္းထားပါတယ္။
မုန္တိုင္းေၾကာင့္ ကမ္း႐ိုးတန္းေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြ ျဖစ္ႏိုင္တယ္လို႔ မိုးေလဝသဌာနက သတိေပးထားၿပီး လူေပါင္း ၄၇,၀၀၀ ထက္မနည္း ေနအိမ္မ်ားမွ ထြက္ခြာကာ လူဇုန္အေရွ႕ေတာင္ပိုင္းရွိ အစိုးရသတ္မွတ္ထားတဲ့ ယာယီတဲေတြဆီကို ေ႐ႊ႕ေျပာင္းၾကဖို႔ ေဒသဆိုင္ရာသဘာဝေဘးအႏၲရာယ္တာဝန္ရွိသူေတြက ေျပာၾကားထားပါ တယ္။ ဖိလစ္ပိုင္ႏိုင္ငံဟာ ႏွစ္စဥ္ မုန္တိုင္းနဲ႔ တိုင္ဖြန္းမုန္တိုင္း ၂၀ ခန႔္ နဲ႔ ႀကဳံေတြ႕ေနရေလ့ ရွိပါတယ္။