ပေါ်ဆန်းမွှေးကို ဧရာဝတီတိုင်း၏ Brand တစ်ခုအဖြစ် ဆောင်ရွက်ရန်လို

195

Pearl (NP News) - အောက်တိုဘာ ၂ဝ
ပေါ်ဆန်းမွှေးကို ဧရာဝတီတိုင်း၏ Brand တစ်ခုအဖြစ် ဆောင်ရွက်ရန်လိုကြောင်း ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့ မွန်းလွဲပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆွေးနွေးပြောကြားစဉ် စိုက်ပျိုးရေးနှင့်ပတ်သက်၍ မြေကိုစနစ်တကျ အသုံးချရန်လိုကြောင်း နှင့် ဧရာဝတီတိုင်းဒေသကြီး၏ လယ်စိုက်ပျိုးမြေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ရေနက်ကွင်းများ ဖြစ်သည့်အတွက် ရေနက်ကွင်းများအား မြေပြုပြင်သည့် လယ်စပါးစိုက်ပျိုးခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ရေနက်ကွင်းများကို စနစ်တကျ အသုံးချဆောင်ရွက်မည်ဆိုပါက သား၊ ငါး ထုတ်လုပ်မှုကဏ္ဍတွင် ဧရာဝတီတိုင်းအနေဖြင့် ထိပ်ဆုံးတွင်ရှိနေမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း (၄)မျိုးဖြင့်စနစ်တကျ စိုက်ပျိုးကြရန် နှင့် လယ်မြေများအား ဧကကွက်များအဖြစ် ဖော်ထုတ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုပြီး စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန်၊ တိုင်းဒေသကြီးအတွင်းရှိ လယ်မြေများအား မြေပြုပြင်၍ စိုက်ပျိုးသွားကြရန် နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကိုပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်ရန် နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွှေးသည် အမှန်ကတယ်ကောင်းမွန်သည့် အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်းမွှေး ကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ေပၚဆန္းေမႊးကို ဧရာဝတီတိုင္း၏ Brand တစ္ခုအျဖစ္ ေဆာင္႐ြက္ရန္လို
Pearl (NP News) - ေအာက္တိုဘာ ၂ဝ
ေပၚဆန္းေမႊးကို ဧရာဝတီတိုင္း၏ Brand တစ္ခုအျဖစ္ ေဆာင္႐ြက္ရန္လိုေၾကာင္း ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအား ယေန႔ မြန္းလြဲပိုင္းတြင္ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေဆြးေႏြးေျပာၾကားစဥ္ စိုက္ပ်ိဳးေရးႏွင့္ပတ္သက္၍ ေျမကိုစနစ္တက် အသုံးခ်ရန္လိုေၾကာင္း ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး၏ လယ္စိုက္ပ်ိဳးေျမ၏ ၁၀ ရာခိုင္ႏႈန္းခန႔္သည္ ေရနက္ကြင္းမ်ား ျဖစ္သည့္အတြက္ ေရနက္ကြင္းမ်ားအား ေျမျပဳျပင္သည့္ လယ္စပါးစိုက္ပ်ိဳးျခင္းႏွင့္ ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေရနက္ကြင္းမ်ားကို စနစ္တက် အသုံးခ်ေဆာင္႐ြက္မည္ဆိုပါက သား၊ ငါး ထုတ္လုပ္မႈက႑တြင္ ဧရာဝတီတိုင္းအေနျဖင့္ ထိပ္ဆုံးတြင္ရွိေနမည္ျဖစ္ၿပီး စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ မ်ိဳး၊ ေျမ၊ ေရ၊ နည္း (၄)မ်ိဳးျဖင့္စနစ္တက် စိုက္ပ်ိဳးၾကရန္ ႏွင့္ လယ္ေျမမ်ားအား ဧကကြက္မ်ားအျဖစ္ ေဖာ္ထုတ္ႏိုင္မည္ဆိုပါက ပိုမိုအက်ိဳးျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ စပါးစိုက္ပ်ိဳးမႈလုပ္ငန္းမ်ား ယခုထက္ပိုမိုတိုးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေစလိုၿပီး စပါးစိုက္ပ်ိဳးမႈမ်ားကို ပင္ၾကား၊ တန္းၾကားမွန္မွန္ကန္ကန္ႏွင့္ ေကာက္ကြက္ျပည့္မီေအာင္ ေဆာင္႐ြက္သြားၾကရန္၊ တိုင္းေဒသႀကီးအတြင္းရွိ လယ္ေျမမ်ားအား ေျမျပဳျပင္၍ စိုက္ပ်ိဳးသြားၾကရန္ ႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ကိုပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေရး ေဆာင္႐ြက္ရန္ ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတြင္ ေပၚဆန္းေမႊးသည္ အမွန္ကတယ္ေကာင္းမြန္သည့္ အမ်ိဳးအစားျဖစ္သျဖင့္ ေပၚဆန္းေမႊး ကို တိုင္းေဒသႀကီး၏ Brand တစ္ခုအျဖစ္ ေဆာင္႐ြက္ႏိုင္ရန္ လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။