ဘားအံမြို့ရှိ Photogenic Spot နေရာနှင့် မြေယာရှုခင်းပန်းခြံတို့ကို ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ထား

260

စော (NP News) - အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့အဝင် တရုတ်လှလမ်းဆုံတွင် Photogenic Spot နေရာ နှင့် မြေယာရှုခင်းပန်းခြံတို့ကို ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ထားကာ ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) က ဖွင့်လှစ်ခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဇွဲကပင်တောင်ကိုနောက်ခံထား၍ ဓာတ်ပုံရိုက်ရန်စွယ်စုံ ရနေရာ (Photogenic Spot) တစ်ခုအဖြစ် ရည်ရွယ်တည်ဆောက်ထားပြီး ခရီးသွားဧည့်သည်များကိုကြိုဆိုသည့် သဘောထားတစ်ရပ်ဖြစ်ကြောင်း အဆိုပါဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဒေသအလှအပကို ပြည်တွင်းပြည်ပဧည့်သည်များ ပိုမိုသိရှိလာစေရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေယာ၏သဘာဝအလှကိုအမြင့်ဆုံးအသုံးချခြင်းသာမက၊ ဒေသ၏ စီးပွားရေးနှင့်ခရီးသွား လာရေးကို မြှင့်တင်ပေးသည့်ချဉ်းကပ်မှုတစ်ရပ်လည်းဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ဘားအံမြို့ကို သဘာဝအလှနှင့်ယဉ်ကျေးမှုရင်းမြစ် ကြွယ်ဝသောမြို့၊ ပိုမိုလှပသော ဖွံ့ဖြိုးတိုးတက်သောမြို့အဖြစ် အဆင့်မြှင့်တင်နိုင်ရေး အားလုံးပူးပေါင်းပါဝင်ကြရန်လည်း ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုက်တွန်းပြောကြားသည်။
အဆိုပါ Photogenic Spot နှင့် မြေယာရှုခင်းအလှသည် လမ်းဦးစီးဌာနပိုင် ပေ(၂၀၀)အကျယ် လမ်းနယ်အတွင်းရှိ လမ်းဘေးဝဲ/ယာတွင်တည်ရှိပြီး Photogenic Spot နေရာ နှင့် မြေယာရှုခင်းပန်းခြံတို့ကို ဝဲ၊ယာ နှစ်ဖက်ခွဲ၍ဆောင်ရွက်ထားကာ စတုရန်းပေ (၁၄၀၀၀) ခန့်ရှိ၍ ပန်းခြံတည်ဆောက်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဘားအံၿမိဳ႕ရွိ Photogenic Spot ေနရာႏွင့္ ေျမယာရႈခင္းပန္းၿခံတို႔ကို ျပည္နယ္အစိုးရအဖြဲ႕၏ ရန္ပုံေငြျဖင့္ ေဆာင္႐ြက္ထား
ေစာ (NP News) - ေအာက္တိုဘာ ၂၀
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕အဝင္ တ႐ုတ္လွလမ္းဆုံတြင္ Photogenic Spot ေနရာ ႏွင့္ ေျမယာရႈခင္းပန္းၿခံတို႔ကို ျပည္နယ္အစိုးရအဖြဲ႕၏ ရန္ပုံေငြျဖင့္ ေဆာင္႐ြက္ထားကာ ယမန္ေန႔ (ေအာက္တိုဘာ ၁၉ ရက္) က ဖြင့္လွစ္ခဲ့ေၾကာင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။
ဇြဲကပင္ေတာင္ကိုေနာက္ခံထား၍ ဓာတ္ပုံ႐ိုက္ရန္စြယ္စုံ ရေနရာ (Photogenic Spot) တစ္ခုအျဖစ္ ရည္႐ြယ္တည္ေဆာက္ထားၿပီး ခရီးသြားဧည့္သည္မ်ားကိုႀကိဳဆိုသည့္ သေဘာထားတစ္ရပ္ျဖစ္ေၾကာင္း အဆိုပါဖြင့္ပြဲတြင္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေစာျမင့္ဦးက ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒသအလွအပကို ျပည္တြင္းျပည္ပဧည့္သည္မ်ား ပိုမိုသိရွိလာေစရန္ႏွင့္ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေျမယာ၏သဘာဝအလွကိုအျမင့္ဆုံးအသုံးခ်ျခင္းသာမက၊ ေဒသ၏ စီးပြားေရးႏွင့္ခရီးသြား လာေရးကို ျမႇင့္တင္ေပးသည့္ခ်ဥ္းကပ္မႈတစ္ရပ္လည္းျဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။
ဘားအံၿမိဳ႕ကို သဘာဝအလွႏွင့္ယဥ္ေက်းမႈရင္းျမစ္ ႂကြယ္ဝေသာၿမိဳ႕၊ ပိုမိုလွပေသာ ဖြံ႕ၿဖိဳးတိုးတက္ေသာၿမိဳ႕အျဖစ္ အဆင့္ျမႇင့္တင္ႏိုင္ေရး အားလုံးပူးေပါင္းပါဝင္ၾကရန္လည္း ဝန္ႀကီးခ်ဳပ္ ဦးေစာျမင့္ဦးက တိုက္တြန္းေျပာၾကားသည္။
အဆိုပါ Photogenic Spot ႏွင့္ ေျမယာရႈခင္းအလွသည္ လမ္းဦးစီးဌာနပိုင္ ေပ(၂၀၀)အက်ယ္ လမ္းနယ္အတြင္းရွိ လမ္းေဘးဝဲ/ယာတြင္တည္ရွိၿပီး Photogenic Spot ေနရာ ႏွင့္ ေျမယာရႈခင္းပန္းၿခံတို႔ကို ဝဲ၊ယာ ႏွစ္ဖက္ခြဲ၍ေဆာင္႐ြက္ထားကာ စတုရန္းေပ (၁၄၀၀၀) ခန႔္ရွိ၍ ပန္းၿခံတည္ေဆာက္ေရးလုပ္ငန္းမ်ားကို ျပည္နယ္အစိုးရအဖြဲ႕ ခြင့္ျပဳရန္ပုံေငြက်ပ္သန္း ၂၀၀ ျဖင့္ ေဆာင္႐ြက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။