ရုရှားသမ္မတအပေါ် ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတတောင်းဆို

368

Pika (NP News) - အောက်တိုဘာ ၂၁
ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် ရုရှားသမ္မတပူတင်အပေါ် ဖိအားပေးမှုတွေကို ပိုမိုလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ပူတင်ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ထက် ပိုပြီးအားကောင်းတယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ပူတင်အပေါ် တင်းကျပ် မှုတွေကို လုပ်ဆောင်သင့်သလားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဇီလန်စကီးက ပြန်လည်တုံ့ပြန် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက “ဟုတ်ပါတယ်။ ဒေါ်နယ်ထရမ့်က အဲဒီလိုမျိုးလုပ်ဆောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပူတင်က ဟားမက်လက်နက်ကိုင်အဖွဲ့ထက်ပိုပြီး အားကောင်းလို့ပဲဖြစ်ပါတယ်။ ပူတင်မှာက ကမ္ဘာပေါ်မှာ ဒုတိယမြောက်အကြီးဆုံးစစ်တပ်ရှိပါတယ်။ ဒါကြောင့်မလို့ ပူတင်အပေါ် ဖိအားပေးမှုတွေကို ပိုပြီးလုပ်ဆောင်သင့် ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဇီလန်စကီးဟာ အိမ်ဖြူတော်မှာလုပ်ဆာင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုအတွင်း ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ သဘောတူညီချက်ကို ရယူနိုင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အမေရိကန်ကလည်း ကိုယ်ပိုင်ကာကွယ်မှုတွေအတွက် တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေကို လိုအပ်တာ မလို့ ယူကရိန်းကို ထောက်ပံ့ပေးဖို့က မဖြစ်နိုင်ဘူးလို့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားသမၼတအေပၚ ဖိအားေပးမႈေတြ ပိုမိုလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္ကို ယူကရိန္းသမၼတေတာင္းဆို
Pika (NP News) - ေအာက္တိုဘာ ၂၁
ယူကရိန္းစစ္ပြဲကို အဆုံးသတ္ႏိုင္ဖို႔အတြက္ ႐ုရွားသမၼတပူတင္အေပၚ ဖိအားေပးမႈေတြကို ပိုမိုလုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ယူကရိန္းသမၼတဇီလန္စကီးက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ပူတင္ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ထက္ ပိုၿပီးအားေကာင္းတယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးကို ရယူႏိုင္ခဲ့တဲ့ ေဒၚနယ္ထရမ့္ဟာ ပူတင္အေပၚ တင္းက်ပ္ မႈေတြကို လုပ္ေဆာင္သင့္သလားဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ဇီလန္စကီးက ျပန္လည္တုံ႔ျပန္ ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက “ဟုတ္ပါတယ္။ ေဒၚနယ္ထရမ့္က အဲဒီလိုမ်ိဳးလုပ္ေဆာင္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပူတင္က ဟားမက္လက္နက္ကိုင္အဖြဲ႕ထက္ပိုၿပီး အားေကာင္းလို႔ပဲျဖစ္ပါတယ္။ ပူတင္မွာက ကမာၻေပၚမွာ ဒုတိယေျမာက္အႀကီးဆုံးစစ္တပ္ရွိပါတယ္။ ဒါေၾကာင့္မလို႔ ပူတင္အေပၚ ဖိအားေပးမႈေတြကို ပိုၿပီးလုပ္ေဆာင္သင့္ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဇီလန္စကီးဟာ အိမ္ျဖဴေတာ္မွာလုပ္ဆာင္ခဲ့တဲ့ ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈအတြင္း ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ သေဘာတူညီခ်က္ကို ရယူႏိုင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အေမရိကန္ကလည္း ကိုယ္ပိုင္ကာကြယ္မႈေတြအတြက္ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြကို လိုအပ္တာ မလို႔ ယူကရိန္းကို ေထာက္ပံ့ေပးဖို႔က မျဖစ္ႏိုင္ဘူးလို႔ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။