အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အမျိုးသားတစ်ဦးကို အီရန်ကွပ်မျက်

 237

Pika (NP News) - အောက်တိုဘာ ၂၁

အစ္စရေးထောက်လှမ်းရေးအေဂျင်စီအတွက် သူလျှိုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့အမျိုးသားတစ်ဦးကို အီရန်အစိုးရ က ကွပ်မျက်လိုက်တယ်လို့ သိရပါတယ်။ ပြည်နယ်တရားရေးမှူး Kazem Mousavi က “ဒီအမျိုးသားဟာ အစ္စရေး အတွက် သူလျှိုလုပ်ပေးနေတယ်လို့ တရားရုံးချုပ်က အတည်ပြုခဲ့ပါတယ်။ အဲဒါကြောင့်မလို့ ၎င်းရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပယ်ချပြီး ကွပ်မျက်မှုကို လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အီရန်နိုင်ငံ တီဟီရန်မြို့တောင်ဘက် Qom မြို့မှာ ကြိုးဆွဲချကွပ်မျက်ခဲ့တဲ့ အမျိုးသားရဲ့အမည်ကိုတော့ အီရန်အစိုးရ က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီအမျိုးသားဟာ (၂၀၂၃)ခုနှစ်‌ အောက်တိုဘာလမှာ အစ္စရေးထောက်လှမ်းရေးအေဂျင်စီကိုဆက်သွယ်မှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး (၂၀၂၄)ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကြားမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အီရန်အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အစ္စရေးထောက်လှမ်းရေးအေဂျင်စီ မော့ဆက်နဲ့ပူးပေါင်းပြီး လျှို့ဝှက်အချက်အလက်တွေကို အွန်လိုင်းကနေတစ်ဆင့် ပေးပို့ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။ အီရန်အစိုးရဟာ အကြမ်းဖက်မှုတွေလုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား(၆)ဦးကို ယခုလ အစောပိုင်းမှာ Khuzestan ပြည်နယ်မှာ ကွပ်မျက်ခဲ့ပြီးနောက် ယခုလိုကြိုးဆွဲချကွပ်မျက်မှုတွေ ထပ်မံထွက်ပေါ်လာ တာဖြစ်ပါတယ်။

Zawgyi Version:
အစၥေရးအတြက္ သူလွ်ိဳလုပ္ေပးတယ္ဆိုၿပီး စြပ္စြဲခံထားရတဲ့အမ်ိဳးသားတစ္ဦးကို အီရန္ကြပ္မ်က္
Pika (NP News) - ေအာက္တိုဘာ ၂၁
အစၥေရးေထာက္လွမ္းေရးေအဂ်င္စီအတြက္ သူလွ်ိဳလုပ္တယ္လို႔ စြပ္စြဲခံထားရတဲ့အမ်ိဳးသားတစ္ဦးကို အီရန္အစိုးရ က ကြပ္မ်က္လိုက္တယ္လို႔ သိရပါတယ္။ ျပည္နယ္တရားေရးမႉး Kazem Mousavi က “ဒီအမ်ိဳးသားဟာ အစၥေရး အတြက္ သူလွ်ိဳလုပ္ေပးေနတယ္လို႔ တရား႐ုံးခ်ဳပ္က အတည္ျပဳခဲ့ပါတယ္။ အဲဒါေၾကာင့္မလို႔ ၎ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ကို ပယ္ခ်ၿပီး ကြပ္မ်က္မႈကို လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ေတာင္ဘက္ Qom ၿမိဳ႕မွာ ႀကိဳးဆြဲခ်ကြပ္မ်က္ခဲ့တဲ့ အမ်ိဳးသားရဲ႕အမည္ကိုေတာ့ အီရန္အစိုးရ က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ အဲဒီအမ်ိဳးသားဟာ (၂၀၂၃)ခုႏွစ္‌ ေအာက္တိုဘာလမွာ အစၥေရးေထာက္လွမ္းေရးေအဂ်င္စီကိုဆက္သြယ္မႈေတြ စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလၾကားမွာ ဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔ အီရန္အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီအမ်ိဳးသားဟာ အစၥေရးေထာက္လွမ္းေရးေအဂ်င္စီ ေမာ့ဆက္နဲ႔ပူးေပါင္းၿပီး လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကို အြန္လိုင္းကေနတစ္ဆင့္ ေပးပို႔ခဲ့တယ္ဆိုတာကို ဝန္ခံခဲ့တယ္လို႔ စုံစမ္းစစ္ေဆးေရးမႉးေတြက ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။ အီရန္အစိုးရဟာ အၾကမ္းဖက္မႈေတြလုပ္ေဆာင္တယ္လို႔ စြပ္စြဲခံထားရတဲ့ အမ်ိဳးသား(၆)ဦးကို ယခုလ အေစာပိုင္းမွာ Khuzestan ျပည္နယ္မွာ ကြပ္မ်က္ခဲ့ၿပီးေနာက္ ယခုလိုႀကိဳးဆြဲခ်ကြပ္မ်က္မႈေတြ ထပ္မံထြက္ေပၚလာ တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.