ဂါဇာမှာရှိတဲ့ ပစ်မှတ်ပေါင်း တစ်ဒါဇင်ကျော်ကို အစ္စရေးစစ်တပ်တိုက်ခိုက်

 140

Pika (NP News) - အောက်တိုဘာ ၂၁

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသတစ်လျှောက်မှာ ကြီးမားတဲ့တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ နှစ်ဘက်ကြားသဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တာကြောင့် ယခုလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အစ္စရေးရဲ့စွပ်စွဲချက်တွေအားလုံးကို ဟားမက်လက်နက်ကိုင်အဖွဲ့က ငြင်းဆန်ပယ်ချခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာမျိုးမရှိခဲ့ဘူးလို့ အခိုင်အမာထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင် ဒေသက ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့စစ်လက်နက်ပစ္စည်းသိုလှောင်ရုံတွေနဲ့ အခြေခံအဆောက်အဦးတွေ အပါအဝင် ပစ်မှတ်ပေါင်း တစ်ဒါဇင်ကျော်ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖဲလ်မြို့မှာရှိတဲ့ အစ္စရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတစ်ခုရှိခဲ့တာကြောင့် ယခုလိုလက်တုံ့ပြန်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်က “အစ္စရေးတပ်ဖွဲ့တွေဟာ ခဲယမ်းမီးကျည်(၁၂၀)ကျော်ကို အသုံးပြုပြီး ဟားမက်လက်နက်ကိုင် အဖွဲ့ရဲ့မြေအောက်အခြေခံအဆောက်အဦးတွေကို ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာမွာရွိတဲ့ ပစ္မွတ္ေပါင္း တစ္ဒါဇင္ေက်ာ္ကို အစၥေရးစစ္တပ္တိုက္ခိုက္
Pika (NP News) - ေအာက္တိုဘာ ၂၁
အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသတစ္ေလွ်ာက္မွာ ႀကီးမားတဲ့တိုက္ခိုက္မႈေတြကို ဆက္တိုက္ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ႏွစ္ဘက္ၾကားသေဘာတူညီထားတဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ယခုလိုတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အစၥေရးရဲ႕စြပ္စြဲခ်က္ေတြအားလုံးကို ဟားမက္လက္နက္ကိုင္အဖြဲ႕က ျငင္းဆန္ပယ္ခ်ခဲ့ၿပီး အပစ္အခတ္ရပ္စဲေရးကို ခ်ိဳးေဖာက္တာမ်ိဳးမရွိခဲ့ဘူးလို႔ အခိုင္အမာထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ ေဒသက ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕စစ္လက္နက္ပစၥည္းသိုေလွာင္႐ုံေတြနဲ႔ အေျခခံအေဆာက္အဦးေတြ အပါအဝင္ ပစ္မွတ္ေပါင္း တစ္ဒါဇင္ေက်ာ္ကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္း ရာဖဲလ္ၿမိဳ႕မွာရွိတဲ့ အစၥေရးတပ္ဖြဲ႕ေတြအေပၚ တိုက္ခိုက္မႈတစ္ခုရွိခဲ့တာေၾကာင့္ ယခုလိုလက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ အစၥေရးစစ္တပ္က “အစၥေရးတပ္ဖြဲ႕ေတြဟာ ခဲယမ္းမီးက်ည္(၁၂၀)ေက်ာ္ကို အသုံးျပဳၿပီး ဟားမက္လက္နက္ကိုင္ အဖြဲ႕ရဲ႕ေျမေအာက္အေျခခံအေဆာက္အဦးေတြကို ပစ္ခတ္တိုက္ခိုက္ဖ်က္ဆီးပစ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.