ဒေါ်နယ်ထရမ့်နဲ့ ပူတင်ကြား ထိပ်သီးဆွေးနွေးပွဲအတွက် အချိန်ဇယားသတ်မှတ်ထားတာမျိုး မရှိဘူးလို့ ရုရှားအစိုးရပြော

 188

Pika (NP News)-အောက်တိုဘာ ၂၃
ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကြား ထိပ်သီးဆွေးနွေးပွဲအတွက် အချိန်ဇယားတိတိကျကျသတ်မှတ်ထားမျိုးမရှိသေးဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲကို ဖြေရှင်းဖို့အတွက် ဘူဒါပတ်စ်မြို့မှာတွေ့ဆုံမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က လုပ်ဆောင်ခဲ့တဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ရုရှားအစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုတို့ဟာ ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေကို အောက်တိုဘာလ(၂၀)ရက်နေ့မှာ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ထိပ်သီးဆွေးနွေးပွဲအတွက် အခြေခံအုတ်မြစ်ချတာတွေဟာ အချိန်ယူရနိုင်တယ်လို့ ရုရှားအစိုးရက ပြောဆိုထားပေမယ့်လည်း ပူတင်နဲ့တွေ့ဆုံပွဲဟာ လာမယ့်သီတင်းပတ်(၂)ပတ်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ရုရှားအစိုးရက”ဒေါ်နယ်ထရမ့်နဲ့ပူတင်တို့ကြား တွေ့ဆုံမှုအတွက် အချိန်ဇယားတိတိကျကျ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္နဲ႔ ပူတင္ၾကား ထိပ္သီးေဆြးေႏြးပြဲအတြက္ အခ်ိန္ဇယားသတ္မွတ္ထားတာမ်ိဳး မရွိဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News)-ေအာက္တိုဘာ ၂၃
႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ၾကား ထိပ္သီးေဆြးေႏြးပြဲအတြက္ အခ်ိန္ဇယားတိတိက်က်သတ္မွတ္ထားမ်ိဳးမရွိေသးဘူးလို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲကို ေျဖရွင္းဖို႔အတြက္ ဘူဒါပတ္စ္ၿမိဳ႕မွာေတြ႕ဆုံမယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္က လုပ္ေဆာင္ခဲ့တဲ့ ဖုန္းေခၚဆိုမႈအၿပီးမွာ ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ႐ုရွားအစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုတို႔ဟာ ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ရဲ႕ ထိပ္သီးေဆြးေႏြးပြဲအတြက္ ျပင္ဆင္မႈေတြကို ေအာက္တိုဘာလ(၂၀)ရက္ေန႔မွာ ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ထိပ္သီးေဆြးေႏြးပြဲအတြက္ အေျခခံအုတ္ျမစ္ခ်တာေတြဟာ အခ်ိန္ယူရႏိုင္တယ္လို႔ ႐ုရွားအစိုးရက ေျပာဆိုထားေပမယ့္လည္း ပူတင္နဲ႔ေတြ႕ဆုံပြဲဟာ လာမယ့္သီတင္းပတ္(၂)ပတ္အတြင္း ျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။႐ုရွားအစိုးရက”ေဒၚနယ္ထရမ့္နဲ႔ပူတင္တို႔ၾကား ေတြ႕ဆုံမႈအတြက္ အခ်ိန္ဇယားတိတိက်က် သတ္မွတ္ထားတာမ်ိဳး မရွိေသးပါဘူး။”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.