ကျောက်မြောင်းဒေသတွင် အာဟာရပြတ် သေဆုံးမှုများရှိနေပြီး စားအုန်းဆီ တစ်လီတာ ငါးသောင်း အထိရှိနေ

 1076

Pearl (NP News) - အောက်တိုဘာ ၂၇
ကုန်စည်စီးဆင်းမှုရပ်နေသည့် ကျောက်မြောင်းဒေသတွင် အာဟာရပြတ်လပ်မှုကြောင့် သေဆုံး မှုဖြစ်စဉ်များပင်ရှိနေပြီး စားအုန်းဆီ တစ်လီတာ ကို ငါးသောင်းအထိ ဈေးပေါက်နေကြောင်း ဒေသခံ တစ်ဦးက NP News သို့ ဆက်သွယ်ပြောကြားထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့၌ ကျောက်မြောင်း - ရွှေဘိုကား လမ်းကို အသုံးပြုခွင့်ပိတ်ထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာ ကုန်စည်စီးဆင်းမှုမရှိသည့်အတွက် လက်ရှိတွင် ဒေသခံများအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ၊ ကုန်စည်ပြတ်လပ်မှုများ ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း သိရသည်။
“ရွှေဘို - ကျောက်မြောင်းလမ်းက မဖွင့်တာ တစ်နှစ်ပြည့်နေပြီ။ ကျောက်မြောင်းက လူတွေက စဉ့်ကူးကို သွားဝယ်လို့လည်းမရဘူး။ စဉ့် ကူးကလည်း ပိတ်ထားတယ်။ ရွှေဘိုဘက် သွားဝယ်လို့ လည်း မရဘူး။ တောလမ်းတွေက သွားဝယ်ရတယ်။ အဖမ်းအဆီးတွေက တအားများပြီးတော့ ကျောက်မြောင်း က လူတွေက စားစရာမရှိဘူး။ တောလမ်းတွေကနေ နွားလှည်းနဲ့သွားပြီးဈေးဝယ်ရတယ်။ ဈေးဝယ်တဲ့ လူတွေကိုလည်း PDF က ဖမ်းတယ်။ ဖမ်းခံရတဲ့လူတွေလည်း ကြာနေပြီ။ ပြန်မလွတ်လာဘူး။ တချို့ စစ် ဘေးရှောင်တဲ့လူတွေကလည်း ရှောင်သွားပြီ။ ကျန်နေခဲ့တဲ့ လူတွေက စားစရာလည်းမရှိဘူး။ အကုန်လုံး နီးပါးက ဆန်ပြုတ်ပြုတ်သောက်နေကြရပြီ။ ဝယ်ချင်တိုင်းဝယ်စရာလည်းမရှိဘူး” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ကျောက်မြောင်းဒေသခံအချို့နေရပ်စွန့်ခွာ၍ ရွှေ့ပြောင်းနေထိုင်မှုများရှိပြီး လက်ရှိတွင် ကျောက် မြောင်း၌ ဒေသခံများစွာ ကျန်ရှိနေကာ အခြေခံစားသောက်ကုန်များ အပါအဝင် ကုန်စည်များ ဝယ်ယူရန် အတွက် တောလမ်းများကိုသာ အသုံးပြုနေရသော်လည်း ပြီးခဲ့သည့်အောက်တိုဘာလဆန်းပိုင်းမှ စတင် ၍ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်လာပြီး တစ်လကျော်အတွင်း ဒေသခံ (၄၀) ကျော် ဖမ်း ဆီးခံခဲ့ရကြောင်း သိရသည်။
“ ဒေသခံ အများကြီးကျန်သေးတယ်။ လူထောင်ကြီးဂဏန်းလောက်ရှိဦးမယ်။ ဘာမှလုပ်စားလို့ မရဘူး။ ဘေးမှာရှိနေတဲ့လူက လှမ်းထောက်ပံ့ပေး တာလေးတွေနဲ့စားနေရတာပေါ့။ ဈေးနှုန်းက တအား ကြီးတယ်။ စာအုန်းဆီ ရေသန့်ဘူး တစ်ဘူးကို (၅)သောင်း၊ ဓာတ်ဆီ တစ်လီတာကို (၁) သိန်း၊ ဆန်က တစ်ပြည်ကို (၁၂၀ဝဝ) ၊ ဆန်ကြမ်းပေါ့။ ဖုန်းလိုင်း တွေလည်း မမိဘူး။ တောင်ပေါ်ဘက်တွေ လိုင်းမိတဲ့ နေရာတွေ သွားဆက်ရတယ်။ ဝါးလုပ်ငန်းလုပ်တော့လည်း ဘယ်မှသွားရောင်းလို့မရဘူး။ ဘာမှလုပ်လို့ လည်း မရဘူး။ ပိုက်ဆံ K Pay နဲ့လှမ်းပို့ရင် တစ်သိန်းကို တစ်သောင်း ပေးရတယ်။ တစ်သိန်းပေးချင် ရင် တစ်သိန်း တစ်သောင်း ပို့ပေးရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။ ထို့ပြင် အစာရေစာ ပြတ်လပ် မှုများကြောင့် သေဆုံးမှုဖြစ်စဉ်များလည်းရှိနေပြီး ဒေသခံများ အနေဖြင့် ပြန်လည် ကုန်စည်စီးဆင်း လည် ပတ်နိုင်ရေးအတွက် ကျောက်မြောင်း - ရွှေဘိုကားလမ်းကို ယခင်အတိုင်း အသုံးပြုနိုင်ရန် မျှော်လင့် လျက်ရှိကြောင်း သိရသည်။
“(၂၀) ရက်က ဖြစ်သွားတာ ဆေးဆိုင် ပိုး သတ်ဆေးမှုန့်ကို မုန့်ထင်ပြီး လုပြီး ထွက်ပြေးသွားတာ နှစ်ရက်လောက်နေတော့ လိုက်ရှာကြည့်တာ အိမ်ထဲက အဝတ်ပုံလေးထဲမှာ နား နှားခေါင်းက သွေး ထွက်ပြီး သေနေတာ ဘယ်သူမှမတားလိုက်နိုင်ဘူး။ အရမ်း ရူးနေတာမဟုတ်ဘူးနော် အဲဒီကလေးက လူ ရည်သန့်လေး။ အစာရေစာ ငတ်လွန်းလို့ ဖြစ်သွားရတာ။ (၁၆) ရက်ကတစ်ယောက် အိမ်တွင်းမှာ သေ နေတာ အစာရေစာငတ်ပြီးတော့။ ကူညီကြပါဦးဗျာ လူကြီးတွေပဲ ကျန်တာများတယ် မြို့တက်သွားတဲ့ လူငယ်တွေ အလုပ်အကိုင်အဆင်မပြေရင် ဒုက္ခ အကြီးအကျယ် ရောက်နေကြတယ်။ ကိုယ့်မြို့မှာ ကျန် တဲ့သူတွေ မထောက်ပံ့နိုင်ကြဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေက်ာက္ေျမာင္းေဒသတြင္ အာဟာရျပတ္ ေသဆုံးမႈမ်ားရွိေနၿပီး စားအုန္းဆီ တစ္လီတာ ငါးေသာင္း အထိရွိေန
Pearl (NP News) - ေအာက္တိုဘာ ၂၇
ကုန္စည္စီးဆင္းမႈရပ္ေနသည့္ ေက်ာက္ေျမာင္းေဒသတြင္ အာဟာရျပတ္လပ္မႈေၾကာင့္ ေသဆုံး မႈျဖစ္စဥ္မ်ားပင္ရွိေနၿပီး စားအုန္းဆီ တစ္လီတာ ကို ငါးေသာင္းအထိ ေဈးေပါက္ေနေၾကာင္း ေဒသခံ တစ္ဦးက NP News သို႔ ဆက္သြယ္ေျပာၾကားထားသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုခ႐ိုင္ ေက်ာက္ေျမာင္းၿမိဳ႕၌ ေက်ာက္ေျမာင္း - ေ႐ႊဘိုကား လမ္းကို အသုံးျပဳခြင့္ပိတ္ထားသည္မွာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ကာ ကုန္စည္စီးဆင္းမႈမရွိသည့္အတြက္ လက္ရွိတြင္ ေဒသခံမ်ားအေနျဖင့္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ ၊ ကုန္စည္ျပတ္လပ္မႈမ်ား ရင္ဆိုင္ႀကဳံေတြ႕ေန ရေၾကာင္း သိရသည္။
“ေ႐ႊဘို - ေက်ာက္ေျမာင္းလမ္းက မဖြင့္တာ တစ္ႏွစ္ျပည့္ေနၿပီ။ ေက်ာက္ေျမာင္းက လူေတြက စဥ့္ကူးကို သြားဝယ္လို႔လည္းမရဘူး။ စဥ့္ ကူးကလည္း ပိတ္ထားတယ္။ ေ႐ႊဘိုဘက္ သြားဝယ္လို႔ လည္း မရဘူး။ ေတာလမ္းေတြက သြားဝယ္ရတယ္။ အဖမ္းအဆီးေတြက တအားမ်ားၿပီးေတာ့ ေက်ာက္ေျမာင္း က လူေတြက စားစရာမရွိဘူး။ ေတာလမ္းေတြကေန ႏြားလွည္းနဲ႔သြားၿပီးေဈးဝယ္ရတယ္။ ေဈးဝယ္တဲ့ လူေတြကိုလည္း PDF က ဖမ္းတယ္။ ဖမ္းခံရတဲ့လူေတြလည္း ၾကာေနၿပီ။ ျပန္မလြတ္လာဘူး။ တခ်ိဳ႕ စစ္ ေဘးေရွာင္တဲ့လူေတြကလည္း ေရွာင္သြားၿပီ။ က်န္ေနခဲ့တဲ့ လူေတြက စားစရာလည္းမရွိဘူး။ အကုန္လုံး နီးပါးက ဆန္ျပဳတ္ျပဳတ္ေသာက္ေနၾကရၿပီ။ ဝယ္ခ်င္တိုင္းဝယ္စရာလည္းမရွိဘူး” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ေက်ာက္ေျမာင္းေဒသခံအခ်ိဳ႕ေနရပ္စြန႔္ခြာ၍ ေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ားရွိၿပီး လက္ရွိတြင္ ေက်ာက္ ေျမာင္း၌ ေဒသခံမ်ားစြာ က်န္ရွိေနကာ အေျခခံစားေသာက္ကုန္မ်ား အပါအဝင္ ကုန္စည္မ်ား ဝယ္ယူရန္ အတြက္ ေတာလမ္းမ်ားကိုသာ အသုံးျပဳေနရေသာ္လည္း ၿပီးခဲ့သည့္ေအာက္တိုဘာလဆန္းပိုင္းမွ စတင္ ၍ လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးမႈမ်ား ျပဳလုပ္လာၿပီး တစ္လေက်ာ္အတြင္း ေဒသခံ (၄၀) ေက်ာ္ ဖမ္း ဆီးခံခဲ့ရေၾကာင္း သိရသည္။
“ ေဒသခံ အမ်ားႀကီးက်န္ေသးတယ္။ လူေထာင္ႀကီးဂဏန္းေလာက္ရွိဦးမယ္။ ဘာမွလုပ္စားလို႔ မရဘူး။ ေဘးမွာရွိေနတဲ့လူက လွမ္းေထာက္ပံ့ေပး တာေလးေတြနဲ႔စားေနရတာေပါ့။ ေဈးႏႈန္းက တအား ႀကီးတယ္။ စာအုန္းဆီ ေရသန႔္ဘူး တစ္ဘူးကို (၅)ေသာင္း၊ ဓာတ္ဆီ တစ္လီတာကို (၁) သိန္း၊ ဆန္က တစ္ျပည္ကို (၁၂၀ဝဝ) ၊ ဆန္ၾကမ္းေပါ့။ ဖုန္းလိုင္း ေတြလည္း မမိဘူး။ ေတာင္ေပၚဘက္ေတြ လိုင္းမိတဲ့ ေနရာေတြ သြားဆက္ရတယ္။ ဝါးလုပ္ငန္းလုပ္ေတာ့လည္း ဘယ္မွသြားေရာင္းလို႔မရဘူး။ ဘာမွလုပ္လို႔ လည္း မရဘူး။ ပိုက္ဆံ K Pay နဲ႔လွမ္းပို႔ရင္ တစ္သိန္းကို တစ္ေသာင္း ေပးရတယ္။ တစ္သိန္းေပးခ်င္ ရင္ တစ္သိန္း တစ္ေသာင္း ပို႔ေပးရတယ္” ဟု ၎ကဆက္လက္ေျပာသည္။ ထို႔ျပင္ အစာေရစာ ျပတ္လပ္ မႈမ်ားေၾကာင့္ ေသဆုံးမႈျဖစ္စဥ္မ်ားလည္းရွိေနၿပီး ေဒသခံမ်ား အေနျဖင့္ ျပန္လည္ ကုန္စည္စီးဆင္း လည္ ပတ္ႏိုင္ေရးအတြက္ ေက်ာက္ေျမာင္း - ေ႐ႊဘိုကားလမ္းကို ယခင္အတိုင္း အသုံးျပဳႏိုင္ရန္ ေမွ်ာ္လင့္ လ်က္ရွိေၾကာင္း သိရသည္။
“(၂၀) ရက္က ျဖစ္သြားတာ ေဆးဆိုင္ ပိုး သတ္ေဆးမႈန႔္ကို မုန႔္ထင္ၿပီး လုၿပီး ထြက္ေျပးသြားတာ ႏွစ္ရက္ေလာက္ေနေတာ့ လိုက္ရွာၾကည့္တာ အိမ္ထဲက အဝတ္ပုံေလးထဲမွာ နား ႏွားေခါင္းက ေသြး ထြက္ၿပီး ေသေနတာ ဘယ္သူမွမတားလိုက္ႏိုင္ဘူး။ အရမ္း ႐ူးေနတာမဟုတ္ဘူးေနာ္ အဲဒီကေလးက လူ ရည္သန႔္ေလး။ အစာေရစာ ငတ္လြန္းလို႔ ျဖစ္သြားရတာ။ (၁၆) ရက္ကတစ္ေယာက္ အိမ္တြင္းမွာ ေသ ေနတာ အစာေရစာငတ္ၿပီးေတာ့။ ကူညီၾကပါဦးဗ်ာ လူႀကီးေတြပဲ က်န္တာမ်ားတယ္ ၿမိဳ႕တက္သြားတဲ့ လူငယ္ေတြ အလုပ္အကိုင္အဆင္မေျပရင္ ဒုကၡ အႀကီးအက်ယ္ ေရာက္ေနၾကတယ္။ ကိုယ့္ၿမိဳ႕မွာ က်န္ တဲ့သူေတြ မေထာက္ပံ့ႏိုင္ၾကဘူး” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.