Amazon က ကမ္ဘာတစ်ဝှမ်း ကော်ပိုရိတ်အလုပ်အကိုင် ၁၄ဝဝဝ ထိ လျှော့ချ

 145

ရောင်နီ (NP News) - အောက်တိုဘာ ၃၁

အွန်လိုင်းဈေးဝယ်ပလက်ဖောင်းနဲ့ နည်းပညာ လုပ်ငန်းစုကြီး Amazon ဟာ အောက်တိုဘာ ၂၈ ရက်မှစ သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာရုံးခွဲတွေမှ ကော်ပိုရိတ်အလုပ်အကိုင် ၁၄ဝဝဝ လျှော့ချတော့မှာဖြစ်ပြီး အဲဒီထဲမှာ စင်ကာပူ နိုင်ငံကိုလည်း ချန်လှပ်ထားမှ မဟုတ်ဘူးလို့ စောင့်ကြည့်သူတွေက ပြောကြားပါတယ်။
လူ့စွမ်းအားအရင်းအမြစ် ကြီးကြပ်ရေး အကြီးတန်းဒုတိယဥက္ကဋ္ဌ ဘက်ဂယ်လ်တီက သူမရဲ့လုပ်ဖော်ကိုင် ဖက်ဆီ ပေးပို့တဲ့စာမှာ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းအများစုကို အလုပ်အသစ်ရှာဖွေကြဖို့ ရက် ၉ဝ ပေးဆောင်မှာဖြစ်တဲ့ အပြင် အလုပ်ထုတ်ခံရသူတွေကို လျော်ကြေးငွေ၊ ရာထူးမှထုတ်ပယ်ခြင်းဆိုင်ရာခံစားခွင့်တွေနဲ့ ကျန်းမာရေး အာမခံအကျိုးခံစားခွင့်တွေ ပေးအပ်သွားမယ်လို့ ပြောကြားပါတယ်။ ဒီအလုပ်ဖြုတ်ခံရမှုတွေဟာ ကုမ္ပဏီရဲ့အရွှေ့ အပြောင်းတစ်ခုဖြစ်ပြီး ဘာကြောင့်လဲဆိုတာကိုတော့ တိတိကျကျ မပြောထားပါဘူး။ Amazon ဟာ သူ့ရဲ့အာရှ-ပစိဖိတ်ဌာနချုပ်လည်းဖြစ်တဲ့စင်ကာပူမှာ cloud၊ ကော်ပိုရိတ်၊ လက်လီရောင်းဝယ်ရေး၊ နည်းပညာနဲ့လုပ်ငန်း လည်ပတ်မှုဆိုင်ရာဌာနခွဲတွေအတွက် ဝန်ထမ်း ၂၅၀၀ ကျော် ခန့်အပ်ထားတာဖြစ်ပါတယ်။
တရားဝင် ကိန်းဂဏန်းတွေအရ ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း Amazon၊ Microsoft၊ Meta နဲ့ TikTok စတဲ့ နည်းပညာကုမ္ပဏီတွေနဲ့ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ မီဒီယာနဲ့ ထုတ်လုပ်ရေးကဏ္ဍ အခြားကုမ္ပဏီတွေကနေ စင်ကာပူ အလုပ်သမား ၇၀၀၀ ကျော်ဟာ အလုပ်ဖြုတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ Amazon ဟာ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှစ အလုပ်ထုတ်မှုအကြိမ်ရေများတဲ့ နည်းပညာကုမ္ပဏီကြီးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Zawgyi Version:
Amazon က ကမာၻတစ္ဝွမ္း ေကာ္ပိုရိတ္အလုပ္အကိုင္ ၁၄ဝဝဝ ထိ ေလွ်ာ့ခ်
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃၁
အြန္လိုင္းေဈးဝယ္ပလက္ေဖာင္းနဲ႔ နည္းပညာ လုပ္ငန္းစုႀကီး Amazon ဟာ ေအာက္တိုဘာ ၂၈ ရက္မွစ သူ႔ရဲ႕ကမာၻလုံးဆိုင္ရာ႐ုံးခြဲေတြမွ ေကာ္ပိုရိတ္အလုပ္အကိုင္ ၁၄ဝဝဝ ေလွ်ာ့ခ်ေတာ့မွာျဖစ္ၿပီး အဲဒီထဲမွာ စင္ကာပူ ႏိုင္ငံကိုလည္း ခ်န္လွပ္ထားမွ မဟုတ္ဘူးလို႔ ေစာင့္ၾကည့္သူေတြက ေျပာၾကားပါတယ္။
လူ႔စြမ္းအားအရင္းအျမစ္ ႀကီးၾကပ္ေရး အႀကီးတန္းဒုတိယဥကၠ႒ ဘက္ဂယ္လ္တီက သူမရဲ႕လုပ္ေဖာ္ကိုင္ ဖက္ဆီ ေပးပို႔တဲ့စာမွာ ကုမၸဏီအေနနဲ႔ ဝန္ထမ္းအမ်ားစုကို အလုပ္အသစ္ရွာေဖြၾကဖို႔ ရက္ ၉ဝ ေပးေဆာင္မွာျဖစ္တဲ့ အျပင္ အလုပ္ထုတ္ခံရသူေတြကို ေလ်ာ္ေၾကးေငြ၊ ရာထူးမွထုတ္ပယ္ျခင္းဆိုင္ရာခံစားခြင့္ေတြနဲ႔ က်န္းမာေရး အာမခံအက်ိဳးခံစားခြင့္ေတြ ေပးအပ္သြားမယ္လို႔ ေျပာၾကားပါတယ္။ ဒီအလုပ္ျဖဳတ္ခံရမႈေတြဟာ ကုမၸဏီရဲ႕အေ႐ႊ႕ အေျပာင္းတစ္ခုျဖစ္ၿပီး ဘာေၾကာင့္လဲဆိုတာကိုေတာ့ တိတိက်က် မေျပာထားပါဘူး။ Amazon ဟာ သူ႔ရဲ႕အာရွ-ပစိဖိတ္ဌာနခ်ဳပ္လည္းျဖစ္တဲ့စင္ကာပူမွာ cloud၊ ေကာ္ပိုရိတ္၊ လက္လီေရာင္းဝယ္ေရး၊ နည္းပညာနဲ႔လုပ္ငန္း လည္ပတ္မႈဆိုင္ရာဌာနခြဲေတြအတြက္ ဝန္ထမ္း ၂၅၀၀ ေက်ာ္ ခန႔္အပ္ထားတာျဖစ္ပါတယ္။
တရားဝင္ ကိန္းဂဏန္းေတြအရ ၂၀၂၅ ခုႏွစ္ ပထမေျခာက္လအတြင္း Amazon၊ Microsoft၊ Meta နဲ႔ TikTok စတဲ့ နည္းပညာကုမၸဏီေတြနဲ႔ ဘဏ္လုပ္ငန္း၊ စြမ္းအင္၊ မီဒီယာနဲ႔ ထုတ္လုပ္ေရးက႑ အျခားကုမၸဏီေတြကေန စင္ကာပူ အလုပ္သမား ၇၀၀၀ ေက်ာ္ဟာ အလုပ္ျဖဳတ္ခံခဲ့ရၿပီး ျဖစ္ပါတယ္။ Amazon ဟာ ၂၀၂၂ ခုႏွစ္ ေႏွာင္းပိုင္းမွစ အလုပ္ထုတ္မႈအႀကိမ္ေရမ်ားတဲ့ နည္းပညာကုမၸဏီႀကီးေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.