ပြင်ဦးလွင်မြို့သည် ကော်ဖီမြို့တော်ဖြစ်ရန် အလှမ်းဝေးနေသေး
                        
                            
                             
 299
 
                             
                            
                            
                         
                        
Pearl (NP News) - အောက်တိုဘာ ၃၁ 
 ပြင်ဦးလွင်မြို့တွင် မြေအသိမ်းမခံရရန်အတွက်သာ စိုက်ပျိုးသူ များပြားနေသောကြောင့် ကော်ဖီမြို့တော်အဖြစ် တင်စားရန် အလှမ်းဝေးနေသေးကြောင်း ကော်ဖီလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောကြားချက်များ အရ သိရသည်။ 
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသကို ကော်ဖီဒေသဖြစ်ရေးအတွက် ယခင်ကပင် ကော်ဖီလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေဖြင့် စီမံကိန်းမြေနေရာများ ဖော်ဆောင်ပေးခဲ့သော်လည်း မြေနေရာရယူထားသူများအနက်  ကော်ဖီစျေးနှုန်း မကောင်းခြင်း အပါအဝင် အခြေအနေအမျိုးမျိုးကြောင့် အမှန်တကယ် အကောင် အထည်ဖော်ဆောင်ရွက်ရန် အားနည်းနေကြောင်း သိရသည်။
“ပြင်ဦးလွင်ဒေသမှာ စိုက်ဧက တစ်သောင်းလောက်ရှိတာကို (၅၀၀၀)လောက်ပဲ အောင်မြင်တာပေါ့နော်။ ကျန်တဲ့ (၅၀၀၀) သာ သေသေချာချာလုပ်ရင် ကော်ဖီမြို့တော်ဖြစ်နိုင်တာပေါ့။ လုပ်ငန်းရှင်တော်တော်များများက  ကော်ဖီခြံကို ပစ်ထားကြတာ။ တချို့တွေကျ မြေယူထားပြီးတော့ အဖြစ်စိုက်နေတဲ့လူတွေက တော်တော်များတယ်လေ။ အဲဒါတွေက စနစ်တကျလုပ်ဖို့ လိုတာပေါ့နော်။ သူတို့က ပစ်ထားသလိုဖြစ်နေတော့ ကော်ဖီလည်း မထွက်ဘူး။ ရောဂါမွေးတဲ့ခြံကြီးဖြစ်နေတာပေါ့။ တချို့တွေကျတော့လည်း  လုပ်ပေးမဲ့သူမရှိတာ၊ တချို့တွေကျတော့လည်း  စိတ်မဝင်စားတာတွေ မျိုးစုံပေါ့” ဟု  ကော်ဖီလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။ 
နိုင်ငံတော်အနေဖြင့် မြေနေရာရယူထားသူများအနက် အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသူများထံမှ မြေနေရာပြန်လည်သိမ်းမှုများလည်း ရှိနေသည့်အတွက် ကော်ဖီလုပ်ငန်းရှင်အများစုကလည်း မြေနေရာ အသိမ်းမခံရရေးအတွက်သာ စိုက်ပျိုးနေသည့်အတွက်  ကော်ဖီမြို့တော်ဖြစ်ရန် အလှမ်းဝေးနေသေးကြောင်းလည်း သိရသည်။ 
“ပြန်သိမ်းတာတွေလည်း လုပ်နေတာပဲ။ တချို့ကျတော့ အသိမ်းမခံရရုံစိုက်ထားတာပဲ။  ကော်ဖီလည်း ဝါသနာမပါဘဲ ဒီအတိုင်းလုပ်ပြီး ပစ်ထားကြတာတွေ ရှိတယ်။ အဲဒါတွေကို ဘယ်လိုလုပ်မလဲ အဖြေရှာရမယ်။ ဘယ်လို တွန်းအားပေးမလဲ။ အတင်းလုပ်ခိုင်းလို့လည်းမရဘူး။ ဒါပေမဲ့ ကော်ဖီ ဒီစျေးနှုန်းလေးနဲ့ဆိုရင် လုပ်သင့်တာပေါ့နော်။  ကော်ဖီမြို့တော်ဖြစ်ဖို့ဝေးသေးတယ်လို့ပဲ ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ကော်ဖီက အများကြီးထွက်ဖို့အများကြီးလုပ်ဖို့ လိုသေးတာပေါ့။ အသိမ်းမခံရရုံစိုက်နေတဲ့လူတွေက ပြင်ဦးလွင်ဒေသမှာကိုက (၅၀)ရာခိုင်နှုန်းအထက်ရှိနေတယ်။ တကယ့်ကော်ဖီလုပ်တဲ့ လူတွေကတော့ ကော်ဖီမြို့တော်ဖြစ် စေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 
လက်ရှိတွင် ပြည်တွင်း၊ ပြည်ပစျေးကွက်တွင် ကော်ဖီသည့် စျေးကောင်းရနေပြီး ပြင်ဦးလွင်မြို့ကိုလည်း ပြင်ဦးလွင်ကို ကော်ဖီမြို့တော်အဖြစ် နာမည် တွင်နိုင်ရေးအတွက် စိုက်ပျိုးမြေယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်သင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။
                     
                        
                                                                    
Zawgyi Version: 
 ျပင္ဦးလြင္ၿမိဳ႕သည္ ေကာ္ဖီၿမိဳ႕ေတာ္ျဖစ္ရန္ အလွမ္းေဝးေနေသး 
Pearl (NP News) - ေအာက္တိုဘာ ၃၁ 
 ျပင္ဦးလြင္ၿမိဳ႕တြင္ ေျမအသိမ္းမခံရရန္အတြက္သာ စိုက္ပ်ိဳးသူ မ်ားျပားေနေသာေၾကာင့္ ေကာ္ဖီၿမိဳ႕ေတာ္အျဖစ္ တင္စားရန္ အလွမ္းေဝးေနေသးေၾကာင္း ေကာ္ဖီလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာၾကားခ်က္မ်ား အရ သိရသည္။ 
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ေဒသကို ေကာ္ဖီေဒသျဖစ္ေရးအတြက္ ယခင္ကပင္ ေကာ္ဖီလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံေတာ္အေနျဖင့္ စီမံကိန္းေျမေနရာမ်ား ေဖာ္ေဆာင္ေပးခဲ့ေသာ္လည္း ေျမေနရာရယူထားသူမ်ားအနက္  ေကာ္ဖီေစ်းႏႈန္း မေကာင္းျခင္း အပါအဝင္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ အမွန္တကယ္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္ အားနည္းေနေၾကာင္း သိရသည္။
“ျပင္ဦးလြင္ေဒသမွာ စိုက္ဧက တစ္ေသာင္းေလာက္ရွိတာကို (၅၀၀၀)ေလာက္ပဲ ေအာင္ျမင္တာေပါ့ေနာ္။ က်န္တဲ့ (၅၀၀၀) သာ ေသေသခ်ာခ်ာလုပ္ရင္ ေကာ္ဖီၿမိဳ႕ေတာ္ျဖစ္ႏိုင္တာေပါ့။ လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားက  ေကာ္ဖီၿခံကို ပစ္ထားၾကတာ။ တခ်ိဳ႕ေတြက် ေျမယူထားၿပီးေတာ့ အျဖစ္စိုက္ေနတဲ့လူေတြက ေတာ္ေတာ္မ်ားတယ္ေလ။ အဲဒါေတြက စနစ္တက်လုပ္ဖို႔ လိုတာေပါ့ေနာ္။ သူတို႔က ပစ္ထားသလိုျဖစ္ေနေတာ့ ေကာ္ဖီလည္း မထြက္ဘူး။ ေရာဂါေမြးတဲ့ၿခံႀကီးျဖစ္ေနတာေပါ့။ တခ်ိဳ႕ေတြက်ေတာ့လည္း  လုပ္ေပးမဲ့သူမရွိတာ၊ တခ်ိဳ႕ေတြက်ေတာ့လည္း  စိတ္မဝင္စားတာေတြ မ်ိဳးစုံေပါ့” ဟု  ေကာ္ဖီလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။ 
ႏိုင္ငံေတာ္အေနျဖင့္ ေျမေနရာရယူထားသူမ်ားအနက္ အမွန္တကယ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းမရွိသူမ်ားထံမွ ေျမေနရာျပန္လည္သိမ္းမႈမ်ားလည္း ရွိေနသည့္အတြက္ ေကာ္ဖီလုပ္ငန္းရွင္အမ်ားစုကလည္း ေျမေနရာ အသိမ္းမခံရေရးအတြက္သာ စိုက္ပ်ိဳးေနသည့္အတြက္  ေကာ္ဖီၿမိဳ႕ေတာ္ျဖစ္ရန္ အလွမ္းေဝးေနေသးေၾကာင္းလည္း သိရသည္။ 
“ျပန္သိမ္းတာေတြလည္း လုပ္ေနတာပဲ။ တခ်ိဳ႕က်ေတာ့ အသိမ္းမခံရ႐ုံစိုက္ထားတာပဲ။  ေကာ္ဖီလည္း ဝါသနာမပါဘဲ ဒီအတိုင္းလုပ္ၿပီး ပစ္ထားၾကတာေတြ ရွိတယ္။ အဲဒါေတြကို ဘယ္လိုလုပ္မလဲ အေျဖရွာရမယ္။ ဘယ္လို တြန္းအားေပးမလဲ။ အတင္းလုပ္ခိုင္းလို႔လည္းမရဘူး။ ဒါေပမဲ့ ေကာ္ဖီ ဒီေစ်းႏႈန္းေလးနဲ႔ဆိုရင္ လုပ္သင့္တာေပါ့ေနာ္။  ေကာ္ဖီၿမိဳ႕ေတာ္ျဖစ္ဖို႔ေဝးေသးတယ္လို႔ပဲ ေျပာရမွာေပါ့။ ဘာလို႔လဲဆိုေတာ့ ေကာ္ဖီက အမ်ားႀကီးထြက္ဖို႔အမ်ားႀကီးလုပ္ဖို႔ လိုေသးတာေပါ့။ အသိမ္းမခံရ႐ုံစိုက္ေနတဲ့လူေတြက ျပင္ဦးလြင္ေဒသမွာကိုက (၅၀)ရာခိုင္ႏႈန္းအထက္ရွိေနတယ္။ တကယ့္ေကာ္ဖီလုပ္တဲ့ လူေတြကေတာ့ ေကာ္ဖီၿမိဳ႕ေတာ္ျဖစ္ ေစခ်င္တယ္” ဟု ၎က ဆက္လက္ေျပာသည္။ 
လက္ရွိတြင္ ျပည္တြင္း၊ ျပည္ပေစ်းကြက္တြင္ ေကာ္ဖီသည့္ ေစ်းေကာင္းရေနၿပီး ျပင္ဦးလြင္ၿမိဳ႕ကိုလည္း ျပင္ဦးလြင္ကို ေကာ္ဖီၿမိဳ႕ေတာ္အျဖစ္ နာမည္ တြင္ႏိုင္ေရးအတြက္ စိုက္ပ်ိဳးေျမယူထားသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ စနစ္တက် စိုက္ပ်ိဳး ထုတ္လုပ္သင့္ေၾကာင္းလည္း ၎က အႀကံျပဳထားသည္။