စသုံးလုံးအတွက် ဒုတိယလက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူးနှင့် အငယ်တန်းစာရေး ရာထူးများ ခေါ်ယူနေ

 548

စော(NP News)-‌အောက်တိုဘာ ၂၇

ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)တွင် တာဝန်ထမ်း‌ဆောင်ရန် ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့် အငယ်တန်းစာရေး ရာထူးများ ခေါ်ယူနေကြောင်း အောက်တိုဘာ ၂၇ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

အဆိုပါဌာနတွင် ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် (၁၆)ဦး ခေါ်ယူသွားမည်ဖြစ်ပြီး အငယ်တန်းစာရေး ရာထူးအတွက် (၁၂)ဦး ခေါ်ယူသွားမည်ဖြစ်ကာ အမျိုးသမီးများပါ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ လူပျို၊အပျို ဖြစ်ရမည်ဖြစ်ပြီး လုပ်ငန်းသဘောသဘာဝအရ ကိုယ်အင်္ဂါချို့ယွင်းသူများ မဖြစ်ရန် လိုအပ်ကာ အသက် (၂၈)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ကြောင်း သိရသည်။

လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတများကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကို ဆေးစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသော လျှောက်လွှာပုံစံကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများတွင် ယနေ့ (အောက်တိုဘာ ၂၇ရက်)မှစ၍ ရယူနိုင်ပြီး နိုဝင်ဘာ ၈ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာရယူခဲ့သည့်ဌာနရုံးကို ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

===================
Zawgyi

ေစာ(NP News)-‌ေအာက္တိုဘာ ၂၇

ျပည္ထဲေရးဝန္ႀကီးဌာန၊ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန(စသုံးလုံး)တြင္ တာဝန္ထမ္း‌ေဆာင္ရန္ ဒုတိယလက္ေထာက္ကြန္ပ်ဴတာလုပ္ေဆာင္ေရးမႉးႏွင့္ အငယ္တန္းစာေရး ရာထူးမ်ား ေခၚယူေနေၾကာင္း ေအာက္တိုဘာ ၂၇ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ ေၾကညာထားသည္။

အဆိုပါဌာနတြင္ ဒုတိယလက္ေထာက္ကြန္ပ်ဴတာလုပ္ေဆာင္ေရးမႉးရာထူးအတြက္ (၁၆)ဦး ေခၚယူသြားမည္ျဖစ္ၿပီး အငယ္တန္းစာေရး ရာထူးအတြက္ (၁၂)ဦး ေခၚယူသြားမည္ျဖစ္ကာ အမ်ိဳးသမီးမ်ားပါ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသား အိမ္ေထာင္မရွိဖူးသူ လူပ်ိဳ၊အပ်ိဳ ျဖစ္ရမည္ျဖစ္ၿပီး လုပ္ငန္းသေဘာသဘာဝအရ ကိုယ္အဂၤါခ်ိဳ႕ယြင္းသူမ်ား မျဖစ္ရန္ လိုအပ္ကာ အသက္ (၂၈)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရမည္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားသည္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အေထြေထြဗဟုသုတမ်ားကို ေရးေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ၿပီး ေရးေျဖေအာင္ျမင္သူမ်ားကို ေဆးစစ္ေဆးျခင္းႏွင့္ လူေတြ႕စစ္ေဆးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတ္မွတ္ထားေသာ ေလွ်ာက္လႊာပုံစံကို သက္ဆိုင္ရာတိုင္းေဒသႀကီး၊ ျပည္နယ္ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန႐ုံးမ်ားတြင္ ယေန႔ (ေအာက္တိုဘာ ၂၇ရက္)မွစ၍ ရယူႏိုင္ၿပီး ႏိုဝင္ဘာ ၈ရက္ေန႔ ေနာက္ဆုံးထား၍ ေလွ်ာက္လႊာရယူခဲ့သည့္ဌာန႐ုံးကို ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.