စရိတ်စကများကြီးမြင့်လာခြင်းကြောင့် ကြံစိုက်တောင်သူနှင့် သကြားစက်များပါ အရှုံးပေါ်နိုင်သော အခြေအနေဖြစ်နေဟုဆို

216

သန့်ဇင် (NP News) - အောက်တိုဘာလ ၂၉
စရိတ်စကများကြီးမြင့်လာခြင်းကြောင့် ကြံ စိုက်တောင်သူနှင့် သကြားစက်များပါ အရှုံးပေါ်နိုင် သည့်အခြေအနေဖြစ်နေကြောင်း မြန်မာနိုင်ငံ သ ကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ယခုနှစ် ကြံခုတ်ရာသီစတင်ရန် (၃)လခန့် သာလိုတော့သည့်အချိန်တွင် ရှမ်းမြောက်ရှိ ဆင်းရွှေ လီသကြားစက်ရုံက ကြံ (၁)တန်လျှင် စက်ရုံအရောက် ပို့ဈေး ကျပ် (၁၇၀ဝဝဝ)နှုန်းဖြင့် အောက်တိုဘာ (၁) ရက်က ဈေးဖွင့်ခဲ့ကြောင်းသိရသည်။
သို့သော် လက်ရှိအချိန်အထိ သကြားစက် အများစုမှာ ဈေးနှုန်းတိကျစွာဖွင့်လှစ်ထားခြင်းမျိုးမရှိ သေးသည့်အတွက် တောင်သူများအတွက် ဝေခွဲရ ခက်နေသည့်အပြင် အထက်ပါဈေးနှုန်းအတိုင်းဆိုပါ က အရင်းကျေရန်ပင်အခက်အခဲရှိနေကြောင်းသိရသည်။
“ကြံစိုက်တာက (၁)ဧကကို သွင်းအားစု ဘာညာနဲ့ (၂၅)သိန်းလောက်ကုန်တယ်။ (၁)တန်ကို (၁၇၀ဝဝဝ)ဆိုတော့ (၁)ဧကကို (၂၅)တန်ထွက် တယ်ပဲထားဦး၊ (၄၂၅၀ဝဝဝ)ကျပ်ရမယ်။ အဲဒီမှာ ကြံ ခုတ်ခ၊ ကားခက (၁)တန်ကို (၆၀ဝဝဝ)ကျပ်လောက် ကျမယ်။ အဲဒီမှာ (၂၅)တန်ဆိုရင် (၁၅)သိန်းကုန်မယ်။ အဲဒီထဲမှာ ထွန်စက်မောင်းခတွေ၊ သွင်းအားစုဖြစ်တဲ့ ဆေးဖိုးတွေဘာတွေထည့်တွက်လိုက်ရင် (၂)သိန်းခွဲ ကျန်ရင်တောင်ကံကောင်း။ ပင်ပန်းတာပဲ အဖတ်တင် မှာ”ဟု ပဲခူးတိုင်းမှ ကြံစိုက်တောင်သူတစ်ဦးကပြော သည်။
လက်ရှိ ပြည်တွင်းသကြားဈေးကျဆင်းနေ ခြင်းကြောင့် သကြားတင်ပို့ခနှင့် အခြားသော စက်သုံး ဆီဈေးမြင့်တက်ခြင်းများသည်လည်း စက်ရုံများအ ပေါ်သက်ရောက်နေကြောင်း သကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အဲဒါနဲ့ပတ်သက်ပြီးတော့ မနှစ်ကလည်း ဒီဈေးပဲ၊ ဒီနှစ်လည်းဒီဈေးပဲပေးတာပေါ့နော်။ ဒါက တော့ ကျွန်တော်ထင်တယ်။ အခုပြဿနာဘာလဲဆို တော့ သကြားစက်ရုံတွေမှာရှိတဲ့ပြဿနာကတစ်ခု။ တောင်သူတွေမှာရှိတဲ့ပြဿနာက လယ်ထွန်စက်နဲ့ စက်သုံးဆီဈေးကြီးတယ်။ နောက်ပြီး မြေဩဇာရရှိတာ တွေ ဈေးနှုန်းကြီးမြင့်တာတွေဖြစ်တာပေါ့နော်။ နောက်ပြီး လုပ်သားအင်အားရှားပါးတာရှိတယ်။ နောက်ပြီး စက်ရုံတွေဘက်ကကြည့်ရင်တော့ စက်ရုံ တွေမှာသယ်ရတဲ့သယ်ယူစရိတ်က အရင်ကထက်စာ ရင်မြင့်တာ။ သယ်ယူစရိတ်ကမြင့်တဲ့အပြင် ခက်တယ် ပေါ့။ အဲဒီတော့ သူတို့ကလည်းအဲဒီအပေါ်မှာ သကြား တစ်ပိဿာရဲ့သယ်ယူစရိတ်တွေက ရာဂဏန်းကျော် ပြီး၊ အရင်က သိန်း(၃၀)လောက်ရှိတာ။ အခုက ရာဂ ဏန်းရှိတာရယ် အချိန်ကြာမြင့်တာတွေတွက်ချက်ပြီး တော့ပေးရတာပေါ့။ ကျွန်တော့်အမြင်ပြောရရင်တော့ မနှစ်က သကြားတစ်ပိဿာ (၄၀ဝဝ)ကျော်ဈေးနဲ့ပေး တဲ့အချိန်မှာ အခုနှစ် သကြားတစ်ပိဿာ (၃၉၀ဝ) ပေါ့နော်။ အဲဒီတော့ ကျွန်တော့်အထင်ပြောရရင် (၂) ဖက်စလုံးကတော့ အခက်ခဲရှိပါတယ်”ဟု သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
ထို့ပြင် နိုင်ငံတကာသကြားဈေးကွက်တွင် လည်း သကြားတစ်တန်လျှင် ဒေါ်လာ (၄၀ဝ)ကျော် သာပေါက်ဈေးရှိနေသည့်အတွက် ပြည်တွင်း သကြား ဈေးကျဆင်းနေခြင်းအပေါ်လည်း သက်ရောက်မှုကြီး မားနေခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကြံစိုက်ဧကပေါင်း (၄ ဒသမ ၅)သိန်းကျော်ဝန်းကျင် ရှိပြီး နှစ်စဉ် သကြားထုတ်လုပ်မှုသည်လည်း ပျမ်းမျှ တန်ချိန်ပေါင်း (၄)သိန်းခွဲမှ (၅)သိန်းကြားရှိကြောင်း သိရသည်။ “ ကြံစိုက်ဧရိယာက အထိုက်အလျောက် တော့လျော့သွားတယ်ထင်တယ်။ ဘာလို့ဆို မစိုက်နိုင် တဲ့နေရာတွေရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ကနေပြီးတော့ ဝေဖန်လို့ကောင်းတဲ့ကိစ္စတွေ မဟုတ်ဘူးလေ။ စိုက်ပျိုးရေးလုပ်တယ်ဆိုတာ နယ် မြေအေးချမ်းမှု၊ တည်ငြိမ်မှု ဒါတွေ အများကြီးအရေး ကြီးတာကိုး။ အဲဒါတွေပေါ်မှာမူတည်ပြီးတော့ ဒေသ အလိုက်ပေါ်မှာ သွားရေးလာရေးခက်ခဲပြီးတော့မှ ဖြစ်တာပါ။ (၁၀)ရာခိုင်နှုန်းလောက်တော့လျော့မယ်ထင်တယ်”ဟု မြန် မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်တွင်းကြံစိုက်ပျိုးမှုကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုး ကြပြီး ဒုတိယအနေဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ အနောက်ပိုင်းတို့တွင် တတိယ အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

Zawgyi Version:
စရိတ္စကမ်ားႀကီးျမင့္လာျခင္းေၾကာင့္ ႀကံစိုက္ေတာင္သူႏွင့္ သၾကားစက္မ်ားပါ အရႈံးေပၚႏိုင္ေသာ အေျခအေနျဖစ္ေနဟုဆို
သန႔္ဇင္ (NP News) - ေအာက္တိုဘာလ ၂၉
စရိတ္စကမ်ားႀကီးျမင့္လာျခင္းေၾကာင့္ ႀကံ စိုက္ေတာင္သူႏွင့္ သၾကားစက္မ်ားပါ အရႈံးေပၚႏိုင္ သည့္အေျခအေနျဖစ္ေနေၾကာင္း ျမန္မာႏိုင္ငံ သ ၾကားႏွင့္ ႀကံထြက္ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ယခုႏွစ္ ႀကံခုတ္ရာသီစတင္ရန္ (၃)လခန႔္ သာလိုေတာ့သည့္အခ်ိန္တြင္ ရွမ္းေျမာက္ရွိ ဆင္းေ႐ႊ လီသၾကားစက္႐ုံက ႀကံ (၁)တန္လွ်င္ စက္႐ုံအေရာက္ ပို႔ေဈး က်ပ္ (၁၇၀ဝဝဝ)ႏႈန္းျဖင့္ ေအာက္တိုဘာ (၁) ရက္က ေဈးဖြင့္ခဲ့ေၾကာင္းသိရသည္။
သို႔ေသာ္ လက္ရွိအခ်ိန္အထိ သၾကားစက္ အမ်ားစုမွာ ေဈးႏႈန္းတိက်စြာဖြင့္လွစ္ထားျခင္းမ်ိဳးမရွိ ေသးသည့္အတြက္ ေတာင္သူမ်ားအတြက္ ေဝခြဲရ ခက္ေနသည့္အျပင္ အထက္ပါေဈးႏႈန္းအတိုင္းဆိုပါ က အရင္းေက်ရန္ပင္အခက္အခဲရွိေနေၾကာင္းသိရသည္။
“ႀကံစိုက္တာက (၁)ဧကကို သြင္းအားစု ဘာညာနဲ႔ (၂၅)သိန္းေလာက္ကုန္တယ္။ (၁)တန္ကို (၁၇၀ဝဝဝ)ဆိုေတာ့ (၁)ဧကကို (၂၅)တန္ထြက္ တယ္ပဲထားဦး၊ (၄၂၅၀ဝဝဝ)က်ပ္ရမယ္။ အဲဒီမွာ ႀကံ ခုတ္ခ၊ ကားခက (၁)တန္ကို (၆၀ဝဝဝ)က်ပ္ေလာက္ က်မယ္။ အဲဒီမွာ (၂၅)တန္ဆိုရင္ (၁၅)သိန္းကုန္မယ္။ အဲဒီထဲမွာ ထြန္စက္ေမာင္းခေတြ၊ သြင္းအားစုျဖစ္တဲ့ ေဆးဖိုးေတြဘာေတြထည့္တြက္လိုက္ရင္ (၂)သိန္းခြဲ က်န္ရင္ေတာင္ကံေကာင္း။ ပင္ပန္းတာပဲ အဖတ္တင္ မွာ”ဟု ပဲခူးတိုင္းမွ ႀကံစိုက္ေတာင္သူတစ္ဦးကေျပာ သည္။
လက္ရွိ ျပည္တြင္းသၾကားေဈးက်ဆင္းေန ျခင္းေၾကာင့္ သၾကားတင္ပို႔ခႏွင့္ အျခားေသာ စက္သုံး ဆီေဈးျမင့္တက္ျခင္းမ်ားသည္လည္း စက္႐ုံမ်ားအ ေပၚသက္ေရာက္ေနေၾကာင္း သၾကားႏွင့္ႀကံထြက္ ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ မႏွစ္ကလည္း ဒီေဈးပဲ၊ ဒီႏွစ္လည္းဒီေဈးပဲေပးတာေပါ့ေနာ္။ ဒါက ေတာ့ ကြၽန္ေတာ္ထင္တယ္။ အခုျပႆနာဘာလဲဆို ေတာ့ သၾကားစက္႐ုံေတြမွာရွိတဲ့ျပႆနာကတစ္ခု။ ေတာင္သူေတြမွာရွိတဲ့ျပႆနာက လယ္ထြန္စက္နဲ႔ စက္သုံးဆီေဈးႀကီးတယ္။ ေနာက္ၿပီး ေျမဩဇာရရွိတာ ေတြ ေဈးႏႈန္းႀကီးျမင့္တာေတြျဖစ္တာေပါ့ေနာ္။ ေနာက္ၿပီး လုပ္သားအင္အားရွားပါးတာရွိတယ္။ ေနာက္ၿပီး စက္႐ုံေတြဘက္ကၾကည့္ရင္ေတာ့ စက္႐ုံ ေတြမွာသယ္ရတဲ့သယ္ယူစရိတ္က အရင္ကထက္စာ ရင္ျမင့္တာ။ သယ္ယူစရိတ္ကျမင့္တဲ့အျပင္ ခက္တယ္ ေပါ့။ အဲဒီေတာ့ သူတို႔ကလည္းအဲဒီအေပၚမွာ သၾကား တစ္ပိႆာရဲ႕သယ္ယူစရိတ္ေတြက ရာဂဏန္းေက်ာ္ ၿပီး၊ အရင္က သိန္း(၃၀)ေလာက္ရွိတာ။ အခုက ရာဂ ဏန္းရွိတာရယ္ အခ်ိန္ၾကာျမင့္တာေတြတြက္ခ်က္ၿပီး ေတာ့ေပးရတာေပါ့။ ကြၽန္ေတာ့္အျမင္ေျပာရရင္ေတာ့ မႏွစ္က သၾကားတစ္ပိႆာ (၄၀ဝဝ)ေက်ာ္ေဈးနဲ႔ေပး တဲ့အခ်ိန္မွာ အခုႏွစ္ သၾကားတစ္ပိႆာ (၃၉၀ဝ) ေပါ့ေနာ္။ အဲဒီေတာ့ ကြၽန္ေတာ့္အထင္ေျပာရရင္ (၂) ဖက္စလုံးကေတာ့ အခက္ခဲရွိပါတယ္”ဟု သၾကားႏွင့္ ႀကံထြက္ပစၥည္း လုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိ သူတစ္ဦးကေျပာသည္။
ထို႔ျပင္ ႏိုင္ငံတကာသၾကားေဈးကြက္တြင္ လည္း သၾကားတစ္တန္လွ်င္ ေဒၚလာ (၄၀ဝ)ေက်ာ္ သာေပါက္ေဈးရွိေနသည့္အတြက္ ျပည္တြင္း သၾကား ေဈးက်ဆင္းေနျခင္းအေပၚလည္း သက္ေရာက္မႈႀကီး မားေနျခင္းျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ ႀကံစိုက္ဧကေပါင္း (၄ ဒသမ ၅)သိန္းေက်ာ္ဝန္းက်င္ ရွိၿပီး ႏွစ္စဥ္ သၾကားထုတ္လုပ္မႈသည္လည္း ပ်မ္းမွ် တန္ခ်ိန္ေပါင္း (၄)သိန္းခြဲမွ (၅)သိန္းၾကားရွိေၾကာင္း သိရသည္။ “ ႀကံစိုက္ဧရိယာက အထိုက္အေလ်ာက္ ေတာ့ေလ်ာ့သြားတယ္ထင္တယ္။ ဘာလို႔ဆို မစိုက္ႏိုင္ တဲ့ေနရာေတြရွိတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ တို႔ကေနၿပီးေတာ့ ေဝဖန္လို႔ေကာင္းတဲ့ကိစၥေတြ မဟုတ္ဘူးေလ။ စိုက္ပ်ိဳးေရးလုပ္တယ္ဆိုတာ နယ္ ေျမေအးခ်မ္းမႈ၊ တည္ၿငိမ္မႈ ဒါေတြ အမ်ားႀကီးအေရး ႀကီးတာကိုး။ အဲဒါေတြေပၚမွာမူတည္ၿပီးေတာ့ ေဒသ အလိုက္ေပၚမွာ သြားေရးလာေရးခက္ခဲၿပီးေတာ့မွ ျဖစ္တာပါ။ (၁၀)ရာခိုင္ႏႈန္းေလာက္ေတာ့ေလ်ာ့မယ္ထင္တယ္”ဟု ျမန္ မာႏိုင္ငံ သၾကားႏွင့္ႀကံထြက္ပစၥည္း လုပ္ငန္းရွင္မ်ား အသင္းမွတာဝန္ရွိသူတစ္ဦးကေျပာသည္။
ျပည္တြင္းႀကံစိုက္ပ်ိဳးမႈကို ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းတြင္ အမ်ားဆုံးစိုက္ပ်ိဳး ၾကၿပီး ဒုတိယအေနျဖင့္ စစ္ကိုင္းတိုင္းအထက္ပိုင္းႏွင့္ ပဲခူးတိုင္းေဒသႀကီး အေရွ႕ပိုင္း၊ အေနာက္ပိုင္းတို႔တြင္ တတိယ အမ်ားဆုံးစိုက္ပ်ိဳးၾကေၾကာင္း သိရသည္။