ဝါးပိုးမွေးသူများ ပြည်တွင်း၌ စျေးကွက်တွင်ကျယ်စေရန်စီစဉ်နေ

458

ပြည့်ဖြိုး(NP News)- အောက်တိုဘာ ၂၉
ဝါးပိုးမွေးမြူနေသူများမှာ လတ်တလောတွင် ပြည်တွင်းစျေးကွက်အတွင်း တွင်ကျယ်စွာစျေးကွက်ဝင်စေရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း အဆိုပါမွေးမြူလုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိတွင် ဝါးပိုးကို ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် မန္တလေး၊ ပျဉ်းမနား၊ ရှမ်းပြည်နယ်အတွင်း၌ လည်း မွေးမြူနေကြပြီး ရန်ကုန်တစ်ခုတည်း၌ပင် ဝါးပိုးမွေးမြူရေးလုပ်ငန်းများ ၁၀ ခုအထိ ရှိနေပြီဟုလည်း သိရသည်။
ပြည်တွင်းစျေးကွက်တွင် စျေးကွက်ခိုင်မာစွာရရှိအောင်လုပ်ဆောင်နေပြီး ယင်းမှတစ်ဆင့်နောက်ပိုင်းတွင် ပြည်ပစျေးကွက်အထိ မျှော်မှန်းထားကြကြောင်း၊ မူလက တိရစ္ဆာန်အစာအဖြစ်ရည်ရွယ်ထားရာမှ နောက်ပိုင်းတွင် အစားအစာအဖြစ် အသုံးပြုလာကြောင်း၊ ပြည်တွင်းစျေးကွက်အတွင်း စားသုံးမှုနည်းနေသေးသော်လည်း စားသောက် ဆိုင်များနှင့် အရက်၊ ဘီယာ အဖျော်ယမကာဆိုင်များတွင် အမြည်းဟင်းလျာပွဲအဖြစ် ရောင်းချလာခြင်းများ လည်းရှိသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် ထိုင်းတို့တွင်လည်း စီးပွားဖြစ်ဝါးပိုးမွေးမြူထုတ်လုပ်ခြင်းများ ရှိပြီး ပြည်တွင်းစျေးကွက်တွင် တစ်ကီလိုလျှင် ၂၅၀၀၀ ကျပ်၊ ပိဿာစျေးအဖြစ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀၀ အထိ စျေးရနေကြောင်းလည်း သိရသည်။

Zawgyi Version:
ဝါးပိုးမွေးသူများ ပြည်တွင်း၌ ဈေးကွက်တွင်ကျယ်စေရန်စီစဉ်နေ
ဝါးပိုးမွေးမြူနေသူများမှာ လတ်တလောတွင် ပြည်တွင်းဈေးကွက်အတွင်း တွင်ကျယ်စွာဈေးကွက်ဝင်စေရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း အဆိုပါမွေးမြူလုပ်ကိုင်သူများထံမှ သိရသည်။
ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ခိုင်မာစွာရရှိအောင်လုပ်ဆောင်နေပြီး ယင်းမှတစ်ဆင့်နောက်ပိုင်းတွင် ပြည်ပဈေးကွက်အထိ မျှော်မှန်းထားကြကြောင်း၊ မူလက တိရစ္ဆာန်အစာအဖြစ်ရည်ရွယ်ထားရာမှ နောက်ပိုင်းတွင် အစားအစာအဖြစ် အသုံးပြုလာကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း စားသုံးမှုနည်းနေသေးသော်လည်း စားသောက် ဆိုင်များနှင့် အရက်၊ ဘီယာ အဖျော်ယမကာဆိုင်များတွင် အမြည်းဟင်းလျာပွဲအဖြစ် ရောင်းချလာခြင်းများ လည်းရှိသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် ထိုင်းတို့တွင်လည်း စီးပွားဖြစ်ဝါးပိုးမွေးမြူထုတ်လုပ်ခြင်းများ ရှိပြီး ပြည်တွင်းဈေးကွက်တွင် တစ်ကီလိုလျှင် ၂၅၀၀၀ ကျပ်၊ ပိဿာဈေးအဖြစ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀၀ အထိ ဈေးရနေကြောင်းလည်း သိရသည်။