ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ ကိုဗစ် မတိုင်မီ ကာလ နီးပါး ပြန်လည်စည်ကားဖွယ်ရှိ

406

စော(NP News )-အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းတွင် နှစ်စဉ်ကျင်းပနေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် ကိုဗစ် မတိုင်မီ ကာလ နီးပါး ပြန်လည်စည်ကားဖွယ် ရှိကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက The Statesman ဂျာနယ်ကိုပြောသည်။
အဆိုပါတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ ၃ နှစ်ကြာ ရပ်နားထားခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ် မီးပုံးပျံပွဲတော်တွင် ညမီးကြီး မီးပုံးပျံ (၂၆) လုံး၊ စိန်နားပန်မီးပုံးပျံ (၂၄) လုံးနှင့် နေ့လွှတ် မီးပုံးပျံ ၁၀၀ ကျော်ကို လွှတ်တင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်၌ ညလွှတ်မီးပုံများဖြစ်သော ညမီးကြီး (၂၅)ပေအတွက် (၁၈)လုံး၊ ညမီးကြီး (၂၂)ပေအတွက် (၂၅)လုံးနှင့် စိန်နားပန် (၁၈)ပေအတွက် (၃၈)လုံး စုစုပေါင်း (၈၁)လုံးဖြစ်ပြီး နေ့လွှတ်မီးပုံများဖြစ်သော အရုပ်ခြေ (၂)ချောင်းအတွက် (၁၉၁)လုံး၊အရုပ်ခြေ(၄)ချောင်းအတွက် (၁၀၄)လုံးနှင့် အရုပ်အုပ်စုအတွက် (၆၆)လုံး စုစုပေါင်း (၃၆၁)လုံးဖြစ်ကြောင်း မီးပုံးပျံပွဲတော် ကျင်းပရေး ကော်မတီ၏ အချက်အလက်များအရ သိရသည်။
“ညလွှတ်မီးပုံပျံကနေ စိန်နားပန်နဲ့ ညမီးကြီးနှစ်မျိုးပေါင်းက (၈၁)လုံး နေ့လွှတ်အရုပ်က (၃၆၁)လုံးရှိပါတယ်။ ၂၀၂၄ထက်စာရင် တော့ထက်ဝက်ကျော်ကွာခြားသွားတယ်ပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါမီးပုံပျံပွဲတော်ကာလအတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများရှိ အခန်းများ ကြိုတင်မှာယူသူ များပြားလျက်ရှိနေပြီး အခန်းလွတ်မရှိအောင် ပြည့်နှက်နေ၍ ခရီးသွားဧည့်သည်များအတွက် ဒေသခံလုပ်ငန်းရှင်များက ရက်တို အိမ်လုံးချင်းငှားရမ်းခြင်း၊ ဘန်ဂလိုအခန်းများငှားရမ်းခြင်းများကို လုပ်ဆောင်ပေးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများအထိ ခရီးသွားဧည့်သည့်များ နားခိုနိုင်အောင် စီစဉ်ပေးထားကြောင်း သိရသည်။
“ဒီတစ်နှစ်က ပြိုင်ပွဲဝင်အရေအတွက်လည်းများတယ်။ ဒုတိယရက် နေ့လွှတ်အရုပ် စတင်လွှတ်တင်နေတာလဲ များပြားတယ်။ အောက်တိုဘာ ၂၉ရက် ဆိုရင် ညလွှတ်အစီအစဉ်တွေစလွှတ်တယ်။ ခါတိုင်းနှစ်တွေကို စံချိန်ချိုးပြီးတော့ စည်ကားနိုင်ပါတယ်။ စံချိန်ချိုးနိုင်တယ်ဆိုတာ (ကိုဗစ်မတိုင်ခင်) (၂၀၁၉)တုန်းက ကျင်းပခဲ့တဲ့စံချိန်ကိုမီတော့မှာပေါ့။ လူအင်အားများလာတာ အရင်ကထက်ကို ပိုပြီးတော့များလာတယ်။ များလာတဲ့အခါမှာ ခရီးသွာ ၂၉းကဏ္ဍလည်ပတ်ဝင်ရောက်မှုက ပိုများလာတဲ့သဘော သက်ရောက်နေပါတယ်။ အဖိတ်လပြည့်နေ့တွေကျရင် ကျော်လဲကျော်လွန်နိုင်ပါတယ်” ၎င်းကဆက်လက်ပြောသည်။
ယင်းပွဲတော်ကာလတွင် ယာဉ်ကြောပိတ်ဆိုမှုပြဿနာများကို လျှော့ချနိုင်ရန်အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်၊ ညနေ ၄ နာရီမှ မနက် ၄ နာရီအထိ ကုန်တင်ကားများနှင့် တွဲကားများသွားလာခွင့်ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
“အရင်ကထက်ပိုစည်းကားလာတာပေါ့။ စည်ကားလာလို့ လမ်းမတွေလည်း ယာဉ်ထိန်းရဲတွေအကုန်လုံးက ပွဲတော်လုံခြုံရေးအတွက် အထူးဂရုစိုက်ပြီး စောင့်ကြပ်ပါတယ်။ အတွင်းစည်းတွေ၊ အပြင်စည်းတွေရှိတော့ ပွဲတော်လာရောက်လည်ပတ်မဲ့လူတွေအတွက် ဘာမှဘေးအန္တရာယ်မရှိဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပျော်ရွှင်ရမှာပါ”ဟု ၎င်းကဆိုသည်။

Zawgyi Version:
ယခုႏွစ္ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံ ပြဲေတာ္မွာ ကိုဗစ္ မတိုင္မီ ကာလ နီးပါး ျပန္လည္စည္ကားဖြယ္ ရွိ
ေစာ(NP News )-ေအာက္တိုဘာ ၂၉
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ အေဝရာကုန္းသာယာမီးပုံးပ်ံကြင္းတြင္ ႏွစ္စဥ္က်င္းပေနသည့္ တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္သည္ ကိုဗစ္ မတိုင္မီ ကာလ နီးပါး ျပန္လည္စည္ကားဖြယ္ ရွိေၾကာင္း ရွမ္းျပည္နယ္(ေတာင္ပိုင္း) ႐ိုး႐ုာမီးပုံးပ်ံ ပညာရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက The Statesman ဂ်ာနယ္ကိုေျပာသည္။
အဆိုပါတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္မွစ၍ ၃ ႏွစ္ၾကာ ရပ္နားထားခဲ့ကာ ၂၀၂၃ ခုႏွစ္တြင္ ျပန္လည္က်င္းပခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့ေသာ ၂၀၂၄ ခုႏွစ္ မီးပုံးပ်ံပြဲေတာ္တြင္ ညမီးႀကီး မီးပုံးပ်ံ (၂၆) လုံး၊ စိန္နားပန္မီးပုံးပ်ံ (၂၄) လုံးႏွင့္ ေန႔လႊတ္ မီးပုံးပ်ံ ၁၀၀ ေက်ာ္ကို လႊတ္တင္ခဲ့ေၾကာင္း သိရသည္။
ယခုႏွစ္၌ ညလႊတ္မီးပုံမ်ားျဖစ္ေသာ ညမီးႀကီး (၂၅)ေပအတြက္ (၁၈)လုံး၊ ညမီးႀကီး (၂၂)ေပအတြက္ (၂၅)လုံးႏွင့္ စိန္နားပန္ (၁၈)ေပအတြက္ (၃၈)လုံး စုစုေပါင္း (၈၁)လုံးျဖစ္ၿပီး ေန႔လႊတ္မီးပုံမ်ားျဖစ္ေသာ အ႐ုပ္ေျခ (၂)ေခ်ာင္းအတြက္ (၁၉၁)လုံး၊အ႐ုပ္ေျခ(၄)ေခ်ာင္းအတြက္ (၁၀၄)လုံးႏွင့္ အ႐ုပ္အုပ္စုအတြက္ (၆၆)လုံး စုစုေပါင္း (၃၆၁)လုံးျဖစ္ေၾကာင္း မီးပုံးပ်ံပြဲေတာ္ က်င္းပေရး ေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။
“ညလႊတ္မီးပုံပ်ံကေန စိန္နားပန္နဲ႔ ညမီးႀကီးႏွစ္မ်ိဳးေပါင္းက (၈၁)လုံး ေန႔လႊတ္အ႐ုပ္က (၃၆၁)လုံးရွိပါတယ္။ ၂၀၂၄ထက္စာရင္ ေတာ့ထက္ဝက္ေက်ာ္ကြာျခားသြားတယ္ေပါ့”ဟု ၎ကေျပာသည္။
အဆိုပါမီးပုံပ်ံပြဲေတာ္ကာလအတြက္ ဟိုတယ္၊ မိုတယ္ႏွင့္ တည္းခိုခန္းမ်ားရွိ အခန္းမ်ား ႀကိဳတင္မွာယူသူ မ်ားျပားလ်က္ရွိေနၿပီး အခန္းလြတ္မရွိေအာင္ ျပည့္ႏွက္ေန၍ ခရီးသြားဧည့္သည္မ်ားအတြက္ ေဒသခံလုပ္ငန္းရွင္မ်ားက ရက္တို အိမ္လုံးခ်င္းငွားရမ္းျခင္း၊ ဘန္ဂလိုအခန္းမ်ားငွားရမ္းျခင္းမ်ားကို လုပ္ေဆာင္ေပးျခင္းႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအထိ ခရီးသြားဧည့္သည့္မ်ား နားခိုႏိုင္ေအာင္ စီစဥ္ေပးထားေၾကာင္း သိရသည္။
“ဒီတစ္ႏွစ္က ၿပိဳင္ပြဲဝင္အေရအတြက္လည္းမ်ားတယ္။ ဒုတိယရက္ ေန႔လႊတ္အ႐ုပ္ စတင္လႊတ္တင္ေနတာလဲ မ်ားျပားတယ္။ ေအာက္တိုဘာ ၂၉ရက္ ဆိုရင္ ညလႊတ္အစီအစဥ္ေတြစလႊတ္တယ္။ ခါတိုင္းႏွစ္ေတြကို စံခ်ိန္ခ်ိဳးၿပီးေတာ့ စည္ကားႏိုင္ပါတယ္။ စံခ်ိန္ခ်ိဳးႏိုင္တယ္ဆိုတာ (ကိုဗစ္မတိုင္ခင္) (၂၀၁၉)တုန္းက က်င္းပခဲ့တဲ့စံခ်ိန္ကိုမီေတာ့မွာေပါ့။ လူအင္အားမ်ားလာတာ အရင္ကထက္ကို ပိုၿပီးေတာ့မ်ားလာတယ္။ မ်ားလာတဲ့အခါမွာ ခရီးသြာ ၂၉းက႑လည္ပတ္ဝင္ေရာက္မႈက ပိုမ်ားလာတဲ့သေဘာ သက္ေရာက္ေနပါတယ္။ အဖိတ္လျပည့္ေန႔ေတြက်ရင္ ေက်ာ္လဲေက်ာ္လြန္ႏိုင္ပါတယ္” ၎ကဆက္လက္ေျပာသည္။
ယင္းပြဲေတာ္ကာလတြင္ ယာဥ္ေၾကာပိတ္ဆိုမႈျပႆနာမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ေအာက္တိုဘာ ၂၉ ရက္ေန႔မွ ႏိုဝင္ဘာ ၅ ရက္၊ ညေန ၄ နာရီမွ မနက္ ၄ နာရီအထိ ကုန္တင္ကားမ်ားႏွင့္ တြဲကားမ်ားသြားလာခြင့္ကို ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
“အရင္ကထက္ပိုစည္းကားလာတာေပါ့။ စည္ကားလာလို႔ လမ္းမေတြလည္း ယာဥ္ထိန္းရဲေတြအကုန္လုံးက ပြဲေတာ္လုံၿခဳံေရးအတြက္ အထူးဂ႐ုစိုက္ၿပီး ေစာင့္ၾကပ္ပါတယ္။ အတြင္းစည္းေတြ၊ အျပင္စည္းေတြရွိေတာ့ ပြဲေတာ္လာေရာက္လည္ပတ္မဲ့လူေတြအတြက္ ဘာမွေဘးအႏၲရာယ္မရွိဘဲနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေပ်ာ္႐ႊင္ရမွာပါ”ဟု ၎ကဆိုသည္။