APEC ထိပ်သီးအစည်းအဝေးတွင် ဟောပြောမှုများလုပ်ဆောင်မည့် ပထမဆုံး K-pop အနုပညာရှင်တစ်ဦးဖြစ်လာမည့် BTS အဖွဲ့ဝင် RM

 227

Pika (NP News) - နိုဝင်ဘာ ၃
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ RM သည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး (APEC) တွင် မိန့်ခွန်းဟော ပြောသူအဖြစ် စင်မြင့်ပေါ်သို့ တက်ရောက်လာမည်ဖြစ်ကြောင်းသိရသည်။
RM သည် APEC ထိပ်သီးအစည်းအဝေးတွင် APEC ဒေသရှိ ဖန်တီးမှုယဉ်ကျေးမှုလုပ်ငန်းများနှင့် K-Culture ၏ နူးညံ့သည့်စွမ်းအားဆိုသည့်ခေါင်းစဉ်ဖြင့် ဟောပြောသွားရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါအစီအစဉ်များနှင့်အတူ RM သည် APEC ထိပ်သီးအစည်းအဝေးတွင် ဟောပြောမှုများလုပ်ဆောင် မည့်ပထမဆုံး K-pop အနုပညာရှင်တစ်ဦးဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းဟောပြောမှုအတွင်း RM သည် K-Culture ၏ အရေးပါမှုနှင့် ကမ္ဘာတစ်ဝန်းတွင် ဩဇာ လွှမ်းမိုးမှုများကို မီးမောင်းထိုးပြသွားနိုင်ဖွယ်ရှိနေကြောင်း လေ့လာသုံးသပ်သူများက ထုတ်ပြန်ပြောဆို ထားကြသည်။ ထို့ပြင် RM သည် (၂၀၁၈)ခုနှစ် တွင် UNICEF လူငယ်အစီအစဉ်ပွဲမှာ ဟောပြောသူအဖြစ် ပါဝင်ခဲ့ဖူးကြောင်းလည်းသိရသည်။
အဆိုပါ ဟောပြောမှုနှင့်အတူ RM သည် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပရာနေရာတွင် မိန့်ခွန်းပြောကြားသည့် ပထမဆုံးကိုရီးယားအနုပညာရှင်တစ်ဦးဖြစ်လာခဲ့ကြောင်းလည်းသိရသည်။
(၂၀၂၀)ခုနှစ်နှင့် (၂၀၂၁)ခုနှစ်တို့တွင်လည်း RM သည် ကမ္ဘာတစ်ဝန်းမှလူငယ်များကို မျှော်လင့် ချက် မက်ဆေ့ချ်များပေးပို့ရန် ကုလသမဂ္ဂ အထွေထွေညီလာခံကို ထပ်မံတက်ရောက်ခဲ့ကြောင်း သိရ သည်။ APEC ထိပ်သီးအစည်းအဝေးကို လာမည့်အောက်တိုဘာလ(၂၈)ရက်မှ(၃၁)ရက်အထိ Gyeongju အနုပညာ စင်တာတွင် ကျင်းပသွားမည်ဖြစ်ပြီး APEC အဖွဲ့ဝင်နိုင်ငံ (၂၁)နိုင်ငံမှ ခေါင်းဆောင်(၁၆)ဦးနှင့် စီးပွားရေးခေါင်းဆောင်များအပါအဝင် လူပေါင်း(၁၇၀ဝ)ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
APEC ထိပ္သီးအစည္းအေဝးတြင္ ေဟာေျပာမႈမ်ားလုပ္ေဆာင္မည့္ ပထမဆုံး K-pop အႏုပညာရွင္တစ္ဦးျဖစ္လာမည့္ BTS အဖြဲ႕ဝင္ RM
Pika (NP News) - ႏိုဝင္ဘာ ၃
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ RM သည္ အာရွ-ပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈထိပ္သီးအစည္းအေဝး (APEC) တြင္ မိန႔္ခြန္းေဟာ ေျပာသူအျဖစ္ စင္ျမင့္ေပၚသို႔ တက္ေရာက္လာမည္ျဖစ္ေၾကာင္းသိရသည္။
RM သည္ APEC ထိပ္သီးအစည္းအေဝးတြင္ APEC ေဒသရွိ ဖန္တီးမႈယဥ္ေက်းမႈလုပ္ငန္းမ်ားႏွင့္ K-Culture ၏ ႏူးညံ့သည့္စြမ္းအားဆိုသည့္ေခါင္းစဥ္ျဖင့္ ေဟာေျပာသြားရန္စီစဥ္ထားေၾကာင္းသိရသည္။ အဆိုပါအစီအစဥ္မ်ားႏွင့္အတူ RM သည္ APEC ထိပ္သီးအစည္းအေဝးတြင္ ေဟာေျပာမႈမ်ားလုပ္ေဆာင္ မည့္ပထမဆုံး K-pop အႏုပညာရွင္တစ္ဦးျဖစ္လာမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ယင္းေဟာေျပာမႈအတြင္း RM သည္ K-Culture ၏ အေရးပါမႈႏွင့္ ကမာၻတစ္ဝန္းတြင္ ဩဇာ လႊမ္းမိုးမႈမ်ားကို မီးေမာင္းထိုးျပသြားႏိုင္ဖြယ္ရွိေနေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ထုတ္ျပန္ေျပာဆို ထားၾကသည္။ ထို႔ျပင္ RM သည္ (၂၀၁၈)ခုႏွစ္ တြင္ UNICEF လူငယ္အစီအစဥ္ပြဲမွာ ေဟာေျပာသူအျဖစ္ ပါဝင္ခဲ့ဖူးေၾကာင္းလည္းသိရသည္။
အဆိုပါ ေဟာေျပာမႈႏွင့္အတူ RM သည္ ကုလသမဂၢ အေထြေထြညီလာခံ က်င္းပရာေနရာတြင္ မိန႔္ခြန္းေျပာၾကားသည့္ ပထမဆုံးကိုရီးယားအႏုပညာရွင္တစ္ဦးျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။
(၂၀၂၀)ခုႏွစ္ႏွင့္ (၂၀၂၁)ခုႏွစ္တို႔တြင္လည္း RM သည္ ကမာၻတစ္ဝန္းမွလူငယ္မ်ားကို ေမွ်ာ္လင့္ ခ်က္ မက္ေဆ့ခ်္မ်ားေပးပို႔ရန္ ကုလသမဂၢ အေထြေထြညီလာခံကို ထပ္မံတက္ေရာက္ခဲ့ေၾကာင္း သိရ သည္။ APEC ထိပ္သီးအစည္းအေဝးကို လာမည့္ေအာက္တိုဘာလ(၂၈)ရက္မွ(၃၁)ရက္အထိ Gyeongju အႏုပညာ စင္တာတြင္ က်င္းပသြားမည္ျဖစ္ၿပီး APEC အဖြဲ႕ဝင္ႏိုင္ငံ (၂၁)ႏိုင္ငံမွ ေခါင္းေဆာင္(၁၆)ဦးႏွင့္ စီးပြားေရးေခါင္းေဆာင္မ်ားအပါအဝင္ လူေပါင္း(၁၇၀ဝ)ခန႔္ တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.