မြောက်ကိုရီးယားနဲ့ဆက်ဆံရာမှာ ကူညီပေးဖို့ တရုတ်ကို တောင်ကိုရီးယား တောင်းဆို

 167

Pika (NP News) - နိုဝင်ဘာ ၃

တောင်ကိုရီးယားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့၊စိန်ခေါ်မှုတွေကို ပူးတွဲကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိ တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က တောင်ကိုရီးယားသမ္မတလီဂျေးမြောင်ကို ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အိမ်နီးချင်းမြောက်ကိုရီးယားနိုင်ငံနဲ့ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုတွေမှာ တရုတ်က ပါဝင် ကူညီပေးဖို့ လီဂျေးမြောင်က ရှီကျင့်ဖျင်ကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ လီဂျေးမြောင်ဟာ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်အပြီးမှာ ရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့ပြီး ညစာစားပွဲကျင်းပခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
တောင်ကိုရီးယားနဲ့ တရုတ်ဆက်ဆံရေးဟာ အလွန်အရေးကြီးကြောင်းနဲ့ တောင်ကိုရီးယားကို ခွဲထားလို့မရတဲ့ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရှီကျင့်ဖျင်က ရှုမြင်ထားတယ်လို့လည်း လီဂျေးမြောင်က ပြောကြားခဲ့ပါတယ်။
လီဂျေးမြောင် က “မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့အတွက် အခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်တော်အကောင်းမြင်မိပါတယ်။ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုတွေမှာ တရုတ်က ပါဝင်ကူညီပေးဖို့ ရှီကျင့်ဖျင်ကို ကျွန်တော်တောင်းဆိုခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားနဲ႔ဆက္ဆံရာမွာ ကူညီေပးဖို႔ တ႐ုတ္ကို ေတာင္ကိုရီးယား ေတာင္းဆို
Pika (NP News) - ႏိုဝင္ဘာ ၃
ေတာင္ကိုရီးယားႏိုင္ငံနဲ႔ပူးေပါင္းေဆာင္႐ြက္မႈေတြကို တိုးခ်ဲ႕ဖို႔၊စိန္ေခၚမႈေတြကို ပူးတြဲကိုင္တြယ္ေျဖရွင္းဖို႔ ဆႏၵရွိတယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္ကို ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အိမ္နီးခ်င္းေျမာက္ကိုရီးယားႏိုင္ငံနဲ႔ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔ ႀကိဳးပမ္းမႈေတြမွာ တ႐ုတ္က ပါဝင္ ကူညီေပးဖို႔ လီေဂ်းေျမာင္က ရွီက်င့္ဖ်င္ကို ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ လီေဂ်းေျမာင္ဟာ အာရွ-ပစိဖိတ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဖိုရမ္အၿပီးမွာ ရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံခဲ့ၿပီး ညစာစားပြဲက်င္းပခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ဆက္ဆံေရးဟာ အလြန္အေရးႀကီးေၾကာင္းနဲ႔ ေတာင္ကိုရီးယားကို ခြဲထားလို႔မရတဲ့ ပူးေပါင္းေဆာင္႐ြက္မႈမိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရွီက်င့္ဖ်င္က ရႈျမင္ထားတယ္လို႔လည္း လီေဂ်းေျမာင္က ေျပာၾကားခဲ့ပါတယ္။
လီေဂ်းေျမာင္ က “ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔အတြက္ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္အေကာင္းျမင္မိပါတယ္။ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔ ႀကိဳးပမ္းမႈေတြမွာ တ႐ုတ္က ပါဝင္ကူညီေပးဖို႔ ရွီက်င့္ဖ်င္ကို ကြၽန္ေတာ္ေတာင္းဆိုခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.