တရုတ် GACC မှ မြန်မာနိုင်ငံရှိ လုပ်ငန်း ၁၁၀၀ ကျော်အား မှတ်ပုံတင်ခွင့်ပြုထား

 428

Pearl (NP News) - နိုဝင်ဘာ ၃

တရုတ် GACC မှ မြန်မာနိုင်ငံရှိ လုပ်ငန်း ၁၁၀၀ ကျော်အား မှတ်ပုံတင်ခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ ၁၈၂၄ ခုမှ ပေးပို့ထားသည့် စောင်ရေစုစုပေါင်း (၃၇၉၅) စောင်အား မှတ်ပုံတင်ရန်လျှောက်ထားပြီးဖြစ်ရာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ (Competent Authority) များဖြစ်သည့် စိုက်ပျိုးရေး ဦးစီးဌာနမှ ကုမ္ပဏီ ၁၆၄၈ ခု၊ စောင်ရေ ၃၆၁၉ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ ၁၅၃ ခု၊ စောင်ရေ ၁၅၃ စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခု၊ စောင်ရေ ၁၄ စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခု၊ စောင်ရေ ၉ စောင် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင် ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့(GACC) မှ online စနစ်ဖြင့် (CA ထောက်ခံချက်ဖြင့် လျှောက်ထားမှုနှင့် ကုမ္ပဏီကိုယ်တိုင်လျှောက်ထားမှု) မှတ်ပုံတင်ပေးပြီးဖြစ်သည့်လုပ်ငန်းများစာရင်းအား GACC ၏ Website၌ ဖော်ပြထားရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စုစုပေါင်းစောင်ရေ ၁၁၅၆ စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

Manual စနစ်ဖြင့် မှတ်ပုံတင်ပြီးသည့် စာရင်းများ ကို GACC ၏ Website: http://dzs.customs.gov.cn/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ ကြေညာချက်အမှတ် ၂၄၈ နှင့် ၂၄၉ တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ GACC မွ ျမန္မာႏိုင္ငံရွိ လုပ္ငန္း ၁၁၀၀ ေက်ာ္အား မွတ္ပုံတင္ခြင့္ျပဳထား
Pearl (NP News) - ႏိုဝင္ဘာ ၃

တ႐ုတ္ GACC မွ ျမန္မာႏိုင္ငံရွိ လုပ္ငန္း ၁၁၀၀ ေက်ာ္အား မွတ္ပုံတင္ခြင့္ျပဳထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔မွ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ ကုမၸဏီ/ စက္႐ုံ ၁၈၂၄ ခုမွ ေပးပို႔ထားသည့္ ေစာင္ေရစုစုေပါင္း (၃၇၉၅) ေစာင္အား မွတ္ပုံတင္ရန္ေလွ်ာက္ထားၿပီးျဖစ္ရာ သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕ (Competent Authority) မ်ားျဖစ္သည့္ စိုက္ပ်ိဳးေရး ဦးစီးဌာနမွ ကုမၸဏီ ၁၆၄၈ ခု၊ ေစာင္ေရ ၃၆၁၉ ေစာင္၊ ငါးလုပ္ငန္းဦးစီးဌာနမွ ကုမၸဏီ/စက္႐ုံ ၁၅၃ ခု၊ ေစာင္ေရ ၁၅၃ ေစာင္၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ကုမၸဏီ ၁၄ ခု၊ ေစာင္ေရ ၁၄ ေစာင္ႏွင့္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲ‌ေရးဦးစီးဌာနမွ ကုမၸဏီ ၉ ခု၊ ေစာင္ေရ ၉ ေစာင္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ လယ္ယာစိုက္ပ်ိဳးေရးထြက္ကုန္မ်ား အပါအဝင္ ကုန္စည္မ်ားအား တရားဝင္တင္ပို႔ႏိုင္ရန္အတြက္ တ႐ုတ္ႏိုင္ငံ၊ အေကာက္ခြန္အေထြ ေထြအုပ္ခ်ဳပ္မႈအာဏာပိုင္ အဖြဲ႕(GACC) မွ online စနစ္ျဖင့္ (CA ေထာက္ခံခ်က္ျဖင့္ ေလွ်ာက္ထားမႈႏွင့္ ကုမၸဏီကိုယ္တိုင္ေလွ်ာက္ထားမႈ) မွတ္ပုံတင္ေပးၿပီးျဖစ္သည့္လုပ္ငန္းမ်ားစာရင္းအား GACC ၏ Website၌ ေဖာ္ျပထားရာ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ စုစုေပါင္းေစာင္ေရ ၁၁၅၆ ေစာင္အား မွတ္ပုံတင္ခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း သိရသည္။

Manual စနစ္ျဖင့္ မွတ္ပုံတင္ၿပီးသည့္ စာရင္းမ်ား ကို GACC ၏ Website: http://dzs.customs.gov.cn/ တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ေၾကာင္းလည္း သိရသည္။

တ႐ုတ္ႏိုင္ငံ၊ အေကာက္ခြန္အေထြေထြအုပ္ခ်ဳပ္မႈအာဏာပိုင္အဖြဲ႕ (GACC) ၏ ေၾကညာခ်က္အမွတ္ ၂၄၈ ႏွင့္ ၂၄၉ တို႔အရ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔မွစတင္၍ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ စားေသာက္ကုန္တင္ပို႔ မည့္/ တင္ပို႔လ်က္ရွိသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ GACC တြင္ မွတ္ပုံတင္ၿပီးမွသာလွ်င္ တင္ပို႔ခြင့္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.