NCA ဘာလဲ ဘယ်လဲ..? အပိုင်း (၂) - (ယခင်တစ်ပတ်မှအဆက်)

 167

သံဝေလွင် (NP News) - နိုဝင်ဘာလ ၈

EAOs များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့်ဆွေးနွေးညှိနှိုင်းမှုမှ အောက်ဖော်ပြပါ ဘုံသဘောတူညီချက် (၄)ချက်ကိုလည်း သဘောတူညီမှုများရရှိခဲ့ပါသည်။
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအ တွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် ရေး။
( ခ ) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး။
( ဂ ) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လက်တွဲပူပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး။
(ဃ) တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍ တရား မျှတစွာယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရေး။
NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား၌ နိုင်ငံတော်အကြီးအကဲပြောကြားခဲ့သည့်မိန့်ခွန်းတွင် NCA ကိုအခြေခံသည့် အောက်ပါ မဟာဗျူဟာ၊ နည်းဗျူဟာများကို လမ်းညွှန်မှာကြားခဲ့သည်ကို ကြည့်ရှုသုံးသပ်ခြင်းဖြင့် NCA အပေါ် တပ်မတော်၊ နိုင်ငံတော်အစိုးရ၏သဘောထားကိုတွေ့မြင်နိုင် သည်။
(က) အဂ္ဂမဟာဗျူဟာ။ စစ်မှန်၍ စည်းကမ်းပြည့် ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုက ရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင် စုတည်ဆောက်ရန်။
( ခ ) မဟာဗျူဟာ။ နိုင်ငံတော်၏ပကတိအနှစ် သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထား သည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ် မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားရန်။
( ဂ ) နည်းဗျူဟာ။ တစ်နိုင်ငံလုံး ထာဝရငြိမ်း ချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရန်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်၏ အခန်း(၃)ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စရပ်များအောက်တွင်ပါဝင်သော လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးခြင်းနှင့်စပ် လျဉ်း၍ NSPNC သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်စေရေးအ တွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများကို (၂၀၂၂) ခုနှစ်မှ (၂၀၂၅) ခုနှစ်အထိ JMC-TSC လမ်းကြောင်းဖြင့် နိုင်ငံတကာအဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုကို ထိရောက် စွာ ဆောင်ရွက်ခဲ့/ဆောင်ရွက်လျက်ရှိသည်။ (၂၀၂၂) ခုနှစ်မှ (၂၀၂၄) ခုနှစ် ဒီဇင်ဘာလအထိ ပဋိပက္ခ ဒဏ်ခံစားနေရသောဒေသများ (ရှမ်း၊ ရခိုင်၊ ကရင်၊ ကယား၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသ) တို့ရှိ တိုက်ပွဲရှောင်နှင့် ဒေသခံပြည်သူလူထုများထံသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှု (၈)ကြိမ်၊ လူဦးရေနှစ်သိန်းငါးသောင်းအား ထောက်ပံ့ပေးနိုင်ခဲ့ သည်။ (၂၀၂၅) ခုနှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြောင်၊ အရာတော်၊ ဝက်လက်၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ် များရှိ လူဦးရေ ၂၁၄၉၆၇ ဦးအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ထောက်ပံ့ပေးရန် စိစစ်ဆောင်ရွက်လျက်ရှိသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ (၇) ဖွဲ့၏ နယ်မြေ ဒေသများအတွင်းရှိ ပဋိပက္ခဒဏ်ခံစားနေရသော တိုက်ပွဲရှောင်ပြည်သူများအတွက်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်း၏ကူညီမှုဖြင့် (၂၀၂၂) ခုနှစ်မှ (၂၀၂၄) ခုနှစ်အတွင်း(၄)ကြိမ် ဆန်အိတ် ပေါင်း ငါးသောင်းရှစ်ထောင်ကျော်(၅၈၀၅၅)ကို ထောက်ပံ့ကူညီမှုများ လက်ဝယ်ရောက်ရှိရေး ပေါင်း စပ်ဆောင်ရွက်ပေးခဲ့ပြီး (၂၀၂၅)ခုနှစ်အတွက် အိတ် ရေ(၂၉၃၀ဝ)ကို ထောက်ပံ့ရေး ဆောင်ရွက်ပေးလျက် ရှိသည်။
ငြိမ်းချမ်းရေးတွေ့ဆုံမှုယန္တရားဖြစ်သော ဆွေး နွေးဖက်အဖွဲ့အစည်းများနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများကို (Inperson, Video Conference နှင့် Virtual) တို့ဖြင့် မပြတ်ဆောင် ရွက်လျက်ရှိသည်။
NSPNC သည် ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative(CMI) နှင့် (၂၀၁၉)မှ စတင်၍ (၂၀၂၅)ခုနှစ်အထိ CMI နှင့် JMC-TSC တို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ နည်း ပညာဆိုင်ရာသင်တန်းများ JMC-TSC၊ NSPNC နှင့် အရပ်သားကိုယ်စားလှယ်များအား ငြိမ်းချမ်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ အထောက်အကူပြု သင်တန်းများ၊Video Conferencing Meeting များဖြင့် ငြိမ်းချမ်းရေးအထောက်အကူ၊ နိုင်ငံတကာ ဆိုင်ရာ ငြိမ်းချမ်းရေးအတွေ့အကြုံများနှင့် နည်းပညာ ဆိုင်ရာအကြံဉာဏ်များကို ရယူဆောင်ရွက်မှုများ စဉ် ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ CMI သည် JMC အဆင့်ဆင့်ရှိ အရပ်သားကိုယ်စားလှယ်များကို အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတကာလေ့လာရေးခရီး စဉ်များ၊ JMC-TSC နှင့် နှစ်ပတ်တစ်ကြိမ် Video Conferencing Meeting ဆောင်ရွက်ခြင်းများ ပြု လုပ်လျက်ရှိသည်။
ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် (၂၀၂၁)ခုနှစ်တွင် DDR, SSR ကို အထောက်အကူပြုစေနိုင်သော အနာဂတ်လုံခြုံရေး နှင့် ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာပညာရှင် စကား ဝိုင်း၊ Peace Process Reviewဆိုင်ရာအလုပ်ရုံဆွေး နွေးပွဲ၊ Security Sector Mapping ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲများ၊ (၂၀၂၂)ခုနှစ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲများ၊ လုံခြုံရေးကဏ္ဍဆိုင်ရာပြန်လည်ပေါင်း စည်းခြင်းဆွေးနွေးပွဲ၊ (၂၀၂၃)ခုနှစ်တွင် Security Integration နှင့် Confidence Building ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ (၂၀၂၅)ခုနှစ်အတွင်း လူ သားချင်းစာနာမှုအကူအညီပေးခြင်းဆိုင်ရာဆွေးနွေးမှုများကို ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
NCA နှစ်ပတ်လည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ ပထမအကြိမ်ကို (၁၅-၁၀-၂၀၁၆)တွင် အင်အား (၄၁၅)ဦး၊ (၁၅-၁၀-၂၀၁၇) တွင် အင်အား (၄၇၉)ဦး၊ (၁၅-၁၀-၂၀၁၈)တွင် (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို (၁၀+၁၀) ထိပ်သီးအစည်းအဝေးဖြင့် နေပြည်တော်၊ (၄)နှစ်မြောက်ကို (၂၈-၁၀-၂၀၁၉) တွင် အင်အား (၄၇၅)ဦး၊ (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို (၁၅- ၁၀-၂၀၂၀)ရက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သဝဏ်လွှာပေးပို့ခြင်းသာဆောင်ရွက်ခဲ့သည်။ (၁၅-၁၀-၂၀၂၁)တွင် (၆) နှစ်မြောက်ကို ညှိနှိုင်းရေးကော် မတီဝင်များနှင့် EAOs များအပါအဝင် (၃၅)ဦး၊ (၁၅-၁၀-၂၀၂၂)တွင် (၇)နှစ်မြောက်ကို (၄၀)ဦး ဖြင့်ဆောင်ရွက်ခဲ့ပြီး (၈)နှစ်မြောက် NCA နှစ်ပတ် လည်နေ့အခမ်းအနားကို (၁၅-၁၀-၂၀၂၃)တွင် အင်အား (၁၃၀ဝ)ဦး၊ (၉)နှစ်မြောက်ကို (၁၅-၁၀-၂၀၂၄)ခုနှစ်တွင် (၇၅)ဦးဖြင့် နေပြည်တော်တွင် နှစ် စဉ်ကျင်းပခဲ့သည်။ (၈)နှစ်မြောက်မှစတင်၍ အခမ်း အနားအပြီး အလုပ်ရုံဆွေးနွေးပွဲများပါ ထည့်သွင်း ဆောင်ရွက်ခဲ့သည်။
(၁၀)နှစ်ပြည့် NCA နှစ်ပတ်လည်နေ့အခမ်း အနားကို နိုင်ငံတကာမှ ငြိမ်းချမ်းရေးဆိုင်ရာ Think Tank များမှပညာရှင်များ၊ တက္ကသိုလ်ကြီးများမှ ပညာ ရှင်များဖိတ်ကြား၍ အလုပ်ရုံဆွေးနွေးပွဲကိုတစ်ဆက် တည်းကျင်းပရန်နှင့် NCA အခမ်းအနား အင်အား (၁၂၀ဝ)၊ အလုပ်ရုံဆွေးနွေးပွဲအင်အား (၃၂၀) ကျော် ဖြင့် နိုင်ငံတော်အဆင့် အသွင်သဏ္ဌာန်ရော အနှစ်သာ ရရှိစွာ၊ နိုင်ငံရေးအဓိပ္ပာယ်ရှိစွာကျင်းပရေး စီမံဆောင် ရွက်လျက်ရှိသည်။
" NCAက အသက်မဝင်တော့ဘူး၊ ပျက်သွားပြီ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကသေသွားပြီ}ဟူသော NCA လက်မှတ်မရေးထိုးရသေးသော EAOs များ၊ လက်မှတ်ရေးထိုးထားသော အချို့သော EAOs အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင်ပါဝင်ပတ်သက်နေသူအချို့မှ လူပုဂ္ဂိုလ် များ၊ အသင်းအဖွဲ့များ၊ အချို့သော NGO, INGO များ၊ အချို့သောသံတမန်များ၏ ပြောကြားမှု မေးမြန်း မှုများအပေါ် " စာရေးသူအနေနဲ့ကတော့ မြန်မာနိုင်ငံ ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တက်ြွကစွာ ရှင်သန်နေဆဲ ပါပဲ။ NCA ဟာလည်း ရှင်သန်နေဆဲပါပဲလို့ ပြောချင် ပါတယ်"
NCA ရှင်သန်နေဆဲဆိုတာကို ဘာလို့ ကျွန် တော်ပြောရသလဲ။
နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၂၇-၂-၂၀၂၁)မှ (၃-၈-၂၀၂၅)ကာလအတွင်းပြောကြားခဲ့ သည့် နိုင်ငံတော် နေ့ထူးနေ့မြတ်မိန့်ခွန်းများ၊ အမှာ စကားများတွင် NCA နှင့်ပတ်သက်၍ (၇၃) ကြိမ်အ ထိ NCA အပေါ် ရပ်တည်ချက်၊ ခံယူချက် ပြောကြား ခဲ့မှုများကိုလေ့လာကြည့်ပါက အောက်ဖော်ပြပါ အဓိကအချက်များကို တွေ့မြင်နိုင်ပါတယ်။
" တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအ တွက် NCA ပါအတိုင်း အလေးထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း"
" NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအားလုံး ပါဝင်လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း"
" တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)နှင့် ပါဝင်သက်ဆိုင်သူအားလုံးသည် အကြမ်းဖက်လုပ် ရပ်များ၊ အဖျက်အမှောက်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှု များ စသည့် အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်မသွားရေးကို အမျိုးသားရေးစိတ်ဓာတ်နှင့် သတိရှိရှိဆောင်ရွက်သွားကြရန်လိုအပ် ကြောင်း"
" ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မထိခိုက်စေလိုကြောင်း"
" NCA စာချုပ်သည် နိုင်ငံအတွက် အရေးတ ကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမည်ဖြစ် ကြောင်း"
" NCA စာချုပ်သည့် Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အခါမှ ပျက်ပြယ် မှုမရှိ တည်ရှိနေသည့် စာချုပ်ဖြစ်ကြောင်း"
စသဖြင့် NCA ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဦးတည်ရည်မှန်းထားခြင်းကို ထင်ရှားစွာတွေ့မြင်နိုင်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်း ငြိမ်းချမ်းရေး သည် အရေးကြီးသည့်အတွက် တပ်မတော်အနေဖြင့် (၂၁-၁၂-၂၀၁၈)မှ (၃၁-၇-၂၀၂၅)အထိ ထာဝရ ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်အဖြစ် တစ်ဖက်သတ်အပစ်ရပ်ထုတ် ပြန်မှုပေါင်း (၂၇) ကြိမ်ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအ တွက် အလေးထားဆောင်ရွက်ခဲ့ခြင်းနှင့် ငြိမ်းချမ်းရေး ကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းဖြင့် သာရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံသားအားလုံး သိရှိ နားလည်စေချင်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)သည် အပစ်ရပ်ခြင်း (Ceasefire) သက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဖော်ပြချက်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည် ဖော် ဆောင်ရွက်မည့်လမ်းကြောင်းတို့ကို ပြဋ္ဌာန်းထား သည့် နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဟုဆိုနိုင်ပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတိအလင်းဖော်ပြထားသည့် တစ်ခုတည်းသော စာချုပ်အဖြစ်လည်းသတ်မှတ်နိုင်ပါသည်။ နိုင်ငံအတွင်း ယနေ့ ပကတိဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပဋိ ပက္ခများ၊ တိုက်ပွဲများကြောင့် နိုင်ငံအတွင်းရှိ ပြည်သူ လူထုများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ နေအိမ်၊ အသက်အိုးအိမ်စည်းစိမ်များ၊ ကြီးမားသော ဆုံးရှုံး ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ နေရပ်စွန့်ခွာပြီး တိုက်ပွဲတိမ်းရှောင်နေကြသည့်ပြည်သူများ၊ လူငယ်အ များစုသည် ပညာရေးနှင့်အလှမ်းဝေးရုံမက ပြည်ပသို့ နည်းမျိုးစုံဖြင့်ထွက်ခွာသွားကြသူများကြောင့် နိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသော လူသားအရင်းအမြစ် ဆုံးရှုံးမှုများဖြစ်ပေါ်နေပါသည်။ သို့ဖြစ်၍ ပဋိပက္ခဖြေ ရှင်းရေးကိုဦးတည်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ် ရပ်ကို မဖြစ်မနေ ဆက်လက်ကြိုးပမ်း အကောင်အ ထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစ ကားနှင့် အမျိုးသားလက္ခဏာများ၊ မတူကွဲပြားမှုများကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစ ကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်သွားကြရမည် ဖြစ်ပါသည်။
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိ ရန်အတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေ ခံသော ပြည်ထောင်စုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း(ဃြဗ အပိုဒ် ၃၀)ကိစ္စရပ်များ၊ လုပ် ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အတွက် ယန္တရားတစ်ရပ်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အလေးထား ကြိုးပမ်းသွား ကြရမည်ဖြစ်ပါသည်။
နိုင်ငံ၏ ပကတိအခြေအနေများအရ စစ်မှန် သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မှ သာလျှင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ဖက်ဒရယ်စနစ်နှင့် အညီ အာဏာခွဲဝေမှု(Power Sharing)၊ သယံဇာ တခွဲဝေမှု (Resource Sharing) နှင့် အခွန် အကောက်ခွဲဝေမှု(Tax Sharing)များရှိရန် ပြည် နယ်များအလိုက် တန်းတူရည်တူရှိမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံမှုရှိသည့် Power Sharing ကို စနစ်တကျ တွေ့ဆုံဆွေးနွေး အဖြေရှာ သဘောတူညီ မှုများရရှိရန် လိုအပ်သည်။ (၂၀၁၆) ခုနှစ် နှစ် စကာလမှစ၍ NCA လက်မှတ်ရေးထိုးထားသော EAOs အဖွဲ့အချို့နှင့် တပ်မတော်အကြား တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့ပြီး တိုက် ပွဲဖြစ်ပွားရာနေရာများတွင် NCA ပါအတိုင်း JMC မှ တိကျစွာ ဖြေရှင်းဆောင် ရွက်နိုင်မှုအားနည်းခဲ့ပါသည်။
ပကတိမြေပြင်အခြေအနေများအရ NCA ပါ သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့် ဆင့်ကို စနစ်တကျပြန်လည်ဖွဲ့စည်း အသက်သွင်းခြင်း လုပ်ငန်းများအတွက် လိုအပ်ချက်များကို ဆောင်ရွက် ရန်လိုအပ်သည်။ မျက်မှောက်ကာလတွင်လည်း နိုင်ငံ တစ်နိုင်ငံ၏ကံကြမ္မာကို အပျက်သဘောဆောင် ပြောင်းလဲစေရေး ကြိုးစားပြုလုပ်နေကြသည့်သတင်း သမားများ၊ သတင်းဌာနများ ရှိနေဆဲဖြစ်သည်။ နေ့ စဉ်နှင့်မျှထုတ်လွှင့်နေသာ ပုံကြီးချဲ့ အပျက်သဘော ဆောင် ချဲ့ကားရေးသားပြောဆိုနေကြသော သတင်း ဌာနများ၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာမဲ့သော လုပ်ကြံ သတင်း၊ Miss Information, Disinformation များ၊ အပြစ်မဲ့ပြည်သူများ၏ ဘဝအိုးအိမ်များကို ပျက် စီးစေကြောင်း သတင်းအမှားများ၊ အကြမ်းဖက်သမား များ၏အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးအား မြှောက်ပြုလုပ်ပေးသောသတင်းများ၊ ထင်ယောင်ထင် မှားစိုးရိမ်ပူပန်စေသောသတင်းများနှင့် အပြုသဘော မဆောင် အကောင်းမမြင်သည့် သဘောထားရှိသော သတင်းဌာနများ၊ သတင်းများကို ပြည်သူလူထုအနေ ဖြင့် ခွဲဝေနားလည်လာရန် ပိုမိုအရေးကြီးပါသည်။
ယခုလက်ရှိအချိန်တွင် " အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်"အနေဖြင့် လွတ် လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှစတင်၍ အပိုင်းလိုက် ကျင်းပပြုလုပ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန်စီမံနေပြီး ရွေးကောက်ပွဲ ရလဒ်များမှထွက်ပေါ်လာသော အစိုးရသစ်ထံ နိုင်ငံ တော်တာဝန်များ အမြန်ဆုံးလွှဲအပ်နိုင်ရေး အစဉ်တ စိုက် အလေးထား ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ NCA အထိမ်းအမှတ် နှစ်ပတ်လည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး (၂၀၂၅)ခုနှစ် အောက်တို ဘာလ (၁၅)ရက်တွင်ကျရောက်သည့် (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရ ရှိရှိဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်း ပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် NCA စာချုပ်ဖြစ် ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ရာတွင်ပါဝင်ခဲ့သော EAOs များ၊ အစိုးရ၊ အရပ်သားကိုယ်စားလှယ်များ၊ လက်မှတ်ရေး ထိုးရာတွင်ပါဝင်ခဲ့ကြသောသူများ၊ ပြည်တွင်းပြည်ပ အသိသက်သေများ စုံလင်စွာဖြင့် အင်အား (၁၂၀ဝ) ကျော်နှင့် ခမ်းနားစွာဆောင်ရွက် ခဲ့ပြီး တစ်ဆက်တည်း NCA အထိမ်းအမှတ် အလုပ် ရုံဆွေးနွေးပွဲကို အင်အား (၃၂၀)ကျော်ဖြင့် ဆက် လက် ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၀)နှစ်ပြည့် NCA နှစ်ပတ်လည်နေ့အခမ်း အနားနှင့် အလုပ်ရုံဆွေးနွေးပွဲအတွက် " NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်" " From NCA To Sustainable Peace Shaping Our Future " ဆောင်ပုဒ်ကို လျာထားသတ်မှတ်ခဲ့ပြီး Theme အဖြစ် " မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော အနာဂတ်တည်ဆောက်ရန်အတွက် ဆက်လက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖော် ထုတ်ခြင်း" (Identifying the Peace Process to Continue to Build a Peaceful Future of Myanmar) ဟု သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။
နှစ်ပတ်လည်နှင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်ဖော်ပြပါ ရည်ရွယ်ချက် (၅)ရပ်နှင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါသည်။
(က) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA) ၏ (၁၀)နှစ်တာ ကာလအ တွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှု များနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်ရန်။
( ခ ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှရရှိခဲ့သည့် အတွေ့အ ကြုံများနှင့်အမြင်များကိုမျှဝေနိုင်ရန် အဓိက သက် ဆိုင်ရာအဖွဲ့အစည်း (stakeholders) များအကြား ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် ဆွေးနွေး မှုများကိုတိုးမြှင့်ရန်။
(ဂ) NCA ၏ ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ပြည်သူလူထု သဘောပေါက် သိရှိနား လည်ပြီး ပိုမို ပူးပေါင်းဆောင်ရွက်လာနိုင်မည့် အခန်း ကဏ္ဍများကိုဖော်ထုတ်ရန်။
(ဃ) အနာဂတ် မြန်မာနိုင်ငံတော်ကို တည်ဆောက် ခြင်းလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးကောက်ပွဲတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်။
( င ) ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရ အဆင့်၊ နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက်‌ရေးစီမံ ကိန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်။
NCA နှစ်ပတ်လည်နေ့အခမ်းအနား အလုပ်ရုံ ဆွေးနွေးပွဲကို နိုင်ငံတကာ (၈) နိုင်ငံမှ အသိပညာ ရှင်များ၊ တက္ကသိုလ်ကြီးများမှ ပညာရှင်များတက် ရောက်ခဲ့ပြီး နိုင်ငံတကာဆွေးနွေးပွဲတွင် နိုင်ငံရေးရှု ထောင့်နှင့် စီးပွားရေးရှုထောင့်မှ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာသုံးသပ်ပြီး ရှေ့ ဆက်လက်ဆောင် ရွက်သင့်သည့်လုပ်ငန်းစဉ်များ ဖော်ထုတ်ခြင်း၊ ပြည် တွင်းကဏ္ဍအသီးသီးမှ လူပုဂ္ဂိုလ် (၃၂၀)ကျော်ခန့်ဖြင့် နိုင်ငံရေး၊ စီးပွားရေးရှုထောင့်မှ နိုင်ငံတော်၏ငြိမ်း ချမ်းသာယာသောအနာဂတ် တည်ဆောက်ရန်အ တွက် နိုင်ငံ၏ လက်ရှိပကတိအခြေအနေမှ လက် တွေ့ကျကျ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်းများ ဆွေး နွေးဆောင်ရွက်ခဲ့ကြပါသည်။
အဓိကအားဖြင့် (၂၀၁၅)ခုနှစ်မှ (၂၀၂၅) ခုနှစ် အတွင်း NCA ပါ ငြိမ်းချမ်းရေးလုပ်ငန်းများ အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင် မှု၊ စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ဖော်ထုတ် (NCA Review) ပြီး အနာဂတ်တွင် အစိုးရအဖွဲ့အသစ်အနေ ဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် (Forward Action Plan) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော် ထုတ်ဆွေးနွေးအဖြေရှာခဲ့ကြပါသည်။
နိဂုံး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး‌ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော ရေရှည်တည်တံ့ခိုင် မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် စဉ် ဆက်မပြတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံ ကြည်မှုတည်ဆောက်ပြီး အမျိုးသားစည်းလုံးညီညွတ် ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအားလုံး ပါဝင်လက်မှတ်ရေးထိုးလာစေရေးမှ တစ်ဆင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက်ချ မှတ်ထားသောလုပ်ငန်းစဉ်များအတိုင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Zawgyi Version:
NCA ဘာလဲ ဘယ္လဲ..?? အပိုင္း (၂)
(ယခင္တစ္ပတ္မွအဆက္)
သံေဝလြင္ (NP News) - ႏိုဝင္ဘာလ ၈

EAOs မ်ား၊ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕၏ အလုပ္အဖြဲ႕ႏွင့္ေဆြးေႏြးညႇိႏႈိင္းမႈမွ ေအာက္ေဖာ္ျပပါ ဘုံသေဘာတူညီခ်က္ (၄)ခ်က္ကိုလည္း သေဘာတူညီမႈမ်ားရရွိခဲ့ပါသည္။
(က) ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တြင္ ပါတီစုံ ဒီမိုကေရစီႏိုင္ငံေရးစနစ္ ခိုင္မာေစေရးအ တြက္ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ ေရး။
( ခ ) တိုင္းရင္းသားျပည္သူတစ္ရပ္လုံး၏ လိုလားခ်က္ ပန္းတိုင္ျဖစ္သည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကို အေျခခံေသာ ျပည္ေထာင္စုတည္ေဆာက္ေရး။
( ဂ ) ျပည္ေထာင္စုၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ လက္တြဲပူေပါင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး။
(ဃ) တရားဥပေဒစိုးမိုးေရး၊ ေဒသတည္ၿငိမ္ေရးႏွင့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမ်ား လြတ္လပ္၍ တရား မွ်တစြာယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္ ႐ြက္ေရး။
NCA (၈)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနား၌ ႏိုင္ငံေတာ္အႀကီးအကဲေျပာၾကားခဲ့သည့္မိန႔္ခြန္းတြင္ NCA ကိုအေျခခံသည့္ ေအာက္ပါ မဟာဗ်ဴဟာ၊ နည္းဗ်ဴဟာမ်ားကို လမ္းၫႊန္မွာၾကားခဲ့သည္ကို ၾကည့္ရႈသုံးသပ္ျခင္းျဖင့္ NCA အေပၚ တပ္မေတာ္၊ ႏိုင္ငံေတာ္အစိုးရ၏သေဘာထားကိုေတြ႕ျမင္ႏိုင္ သည္။
(က) အဂၢမဟာဗ်ဴဟာ။ စစ္မွန္၍ စည္းကမ္းျပည့္ ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရးႏွင့္ ဒီမိုက ေရစီႏွင့္ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္ စုတည္ေဆာက္ရန္။
( ခ ) မဟာဗ်ဴဟာ။ ႏိုင္ငံေတာ္၏ပကတိအႏွစ္ သာရျဖစ္ေသာ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ရရွိထား သည့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရလဒ္မ်ား တည္ၿငိမ္ မႈရွိေစေရးအတြက္ NCA ပါ သေဘာတူညီခ်က္မ်ား အတိုင္း ျဖစ္ႏိုင္သမွ် အေလးထားလုပ္ေဆာင္သြားရန္။
( ဂ ) နည္းဗ်ဴဟာ။ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္း ခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ပါအတိုင္း အေလးထားလုပ္ေဆာင္ရန္။
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသ ေဘာတူစာခ်ဳပ္၏ အခန္း(၃)ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာကိစၥရပ္မ်ားေအာက္တြင္ပါဝင္ေသာ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ားေပးျခင္းႏွင့္စပ္ လ်ဥ္း၍ NSPNC သည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ပုံမွန္အေျခအေနသို႔ ျပန္လည္ေရာက္ရွိႏိုင္ေစေရးအ တြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး လုပ္ငန္းမ်ားကို (၂၀၂၂) ခုႏွစ္မွ (၂၀၂၅) ခုႏွစ္အထိ JMC-TSC လမ္းေၾကာင္းျဖင့္ ႏိုင္ငံတကာအဖြဲ႕အ စည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေပးမႈကို ထိေရာက္ စြာ ေဆာင္႐ြက္ခဲ့/ေဆာင္႐ြက္လ်က္ရွိသည္။ (၂၀၂၂) ခုႏွစ္မွ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလအထိ ပဋိပကၡ ဒဏ္ခံစားေနရေသာေဒသမ်ား (ရွမ္း၊ ရခိုင္၊ ကရင္၊ ကယား၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းေဒသ) တို႔ရွိ တိုက္ပြဲေရွာင္ႏွင့္ ေဒသခံျပည္သူလူထုမ်ားထံသို႔ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီေပးမႈ (၈)ႀကိမ္၊ လူဦးေရႏွစ္သိန္းငါးေသာင္းအား ေထာက္ပံ့ေပးႏိုင္ခဲ့ သည္။ (၂၀၂၅) ခုႏွစ္အတြက္ စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းရွိ ေျမာင္၊ အရာေတာ္၊ ဝက္လက္၊ ခင္ဦး၊ ေရဦးႏွင့္ ဒီပဲယင္းၿမိဳ႕နယ္ မ်ားရွိ လူဦးေရ ၂၁၄၉၆၇ ဦးအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ား ေထာက္ပံ့ေပးရန္ စိစစ္ေဆာင္႐ြက္လ်က္ရွိသည္။
NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ (၇) ဖြဲ႕၏ နယ္ေျမ ေဒသမ်ားအတြင္းရွိ ပဋိပကၡဒဏ္ခံစားေနရေသာ တိုက္ပြဲေရွာင္ျပည္သူမ်ားအတြက္လည္း လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးႏိုင္ေရးအတြက္ နိပြန္ေဖာင္ေဒးရွင္း၏ကူညီမႈျဖင့္ (၂၀၂၂) ခုႏွစ္မွ (၂၀၂၄) ခုႏွစ္အတြင္း(၄)ႀကိမ္ ဆန္အိတ္ ေပါင္း ငါးေသာင္းရွစ္ေထာင္ေက်ာ္(၅၈၀၅၅)ကို ေထာက္ပံ့ကူညီမႈမ်ား လက္ဝယ္ေရာက္ရွိေရး ေပါင္း စပ္ေဆာင္႐ြက္ေပးခဲ့ၿပီး (၂၀၂၅)ခုႏွစ္အတြက္ အိတ္ ေရ(၂၉၃၀ဝ)ကို ေထာက္ပံ့ေရး ေဆာင္႐ြက္ေပးလ်က္ ရွိသည္။
ၿငိမ္းခ်မ္းေရးေတြ႕ဆုံမႈယႏၲရားျဖစ္ေသာ ေဆြး ေႏြးဖက္အဖြဲ႕အစည္းမ်ားႏွင့္လည္း အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို (Inperson, Video Conference ႏွင့္ Virtual) တို႔ျဖင့္ မျပတ္ေဆာင္ ႐ြက္လ်က္ရွိသည္။
NSPNC သည္ ဖင္လန္ႏိုင္ငံအေျခစိုက္ Crisis Management Initative(CMI) ႏွင့္ (၂၀၁၉)မွ စတင္၍ (၂၀၂၅)ခုႏွစ္အထိ CMI ႏွင့္ JMC-TSC တို႔ နားလည္မႈစာခြၽန္လႊာ (MoU) ေရးထိုး၍ နည္း ပညာဆိုင္ရာသင္တန္းမ်ား JMC-TSC၊ NSPNC ႏွင့္ အရပ္သားကိုယ္စားလွယ္မ်ားအား ၿငိမ္းခ်မ္းေရး ဆိုင္ရာအလုပ္႐ုံေဆြးေႏြးပြဲမ်ား အေထာက္အကူျပဳ သင္တန္းမ်ား၊Video Conferencing Meeting မ်ားျဖင့္ ၿငိမ္းခ်မ္းေရးအေထာက္အကူ၊ ႏိုင္ငံတကာ ဆိုင္ရာ ၿငိမ္းခ်မ္းေရးအေတြ႕အႀကဳံမ်ားႏွင့္ နည္းပညာ ဆိုင္ရာအႀကံဉာဏ္မ်ားကို ရယူေဆာင္႐ြက္မႈမ်ား စဥ္ ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိသည္။ CMI သည္ JMC အဆင့္ဆင့္ရွိ အရပ္သားကိုယ္စားလွယ္မ်ားကို အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ႏိုင္ငံတကာေလ့လာေရးခရီး စဥ္မ်ား၊ JMC-TSC ႏွင့္ ႏွစ္ပတ္တစ္ႀကိမ္ Video Conferencing Meeting ေဆာင္႐ြက္ျခင္းမ်ား ျပဳ လုပ္လ်က္ရွိသည္။
ဆြစ္ဇာလန္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ကူညီပံ့ပိုးမႈျဖင့္ (၂၀၂၁)ခုႏွစ္တြင္ DDR, SSR ကို အေထာက္အကူျပဳေစႏိုင္ေသာ အနာဂတ္လုံၿခဳံေရး ႏွင့္ ျပန္လည္ေပါင္းစည္းျခင္းဆိုင္ရာပညာရွင္ စကား ဝိုင္း၊ Peace Process Reviewဆိုင္ရာအလုပ္႐ုံေဆြး ေႏြးပြဲ၊ Security Sector Mapping ဆိုင္ရာ အလုပ္ ႐ုံေဆြးေႏြးပြဲမ်ား၊ (၂၀၂၂)ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးဆိုင္ရာျပန္လည္သုံးသပ္ျခင္း အလုပ္႐ုံ ေဆြးေႏြးပြဲမ်ား၊ လုံၿခဳံေရးက႑ဆိုင္ရာျပန္လည္ေပါင္း စည္းျခင္းေဆြးေႏြးပြဲ၊ (၂၀၂၃)ခုႏွစ္တြင္ Security Integration ႏွင့္ Confidence Building ဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ (၂၀၂၅)ခုႏွစ္အတြင္း လူ သားခ်င္းစာနာမႈအကူအညီေပးျခင္းဆိုင္ရာေဆြးေႏြးမႈမ်ားကို ေဆာင္႐ြက္ျခင္းမ်ား ျပဳလုပ္လ်က္ရွိပါသည္။
NCA ႏွစ္ပတ္လည္ေန႔အခမ္းအနားမ်ားကို ႏွစ္စဥ္က်င္းပခဲ့ပါသည္။ ပထမအႀကိမ္ကို (၁၅-၁၀-၂၀၁၆)တြင္ အင္အား (၄၁၅)ဦး၊ (၁၅-၁၀-၂၀၁၇) တြင္ အင္အား (၄၇၉)ဦး၊ (၁၅-၁၀-၂၀၁၈)တြင္ (၃)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားကို (၁၀+၁၀) ထိပ္သီးအစည္းအေဝးျဖင့္ ေနျပည္ေတာ္၊ (၄)ႏွစ္ေျမာက္ကို (၂၈-၁၀-၂၀၁၉) တြင္ အင္အား (၄၇၅)ဦး၊ (၅) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ကို (၁၅- ၁၀-၂၀၂၀)ရက္တြင္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ သဝဏ္လႊာေပးပို႔ျခင္းသာေဆာင္႐ြက္ခဲ့သည္။ (၁၅-၁၀-၂၀၂၁)တြင္ (၆) ႏွစ္ေျမာက္ကို ညႇိႏႈိင္းေရးေကာ္ မတီဝင္မ်ားႏွင့္ EAOs မ်ားအပါအဝင္ (၃၅)ဦး၊ (၁၅-၁၀-၂၀၂၂)တြင္ (၇)ႏွစ္ေျမာက္ကို (၄၀)ဦး ျဖင့္ေဆာင္႐ြက္ခဲ့ၿပီး (၈)ႏွစ္ေျမာက္ NCA ႏွစ္ပတ္ လည္ေန႔အခမ္းအနားကို (၁၅-၁၀-၂၀၂၃)တြင္ အင္အား (၁၃၀ဝ)ဦး၊ (၉)ႏွစ္ေျမာက္ကို (၁၅-၁၀-၂၀၂၄)ခုႏွစ္တြင္ (၇၅)ဦးျဖင့္ ေနျပည္ေတာ္တြင္ ႏွစ္ စဥ္က်င္းပခဲ့သည္။ (၈)ႏွစ္ေျမာက္မွစတင္၍ အခမ္း အနားအၿပီး အလုပ္႐ုံေဆြးေႏြးပြဲမ်ားပါ ထည့္သြင္း ေဆာင္႐ြက္ခဲ့သည္။
(၁၀)ႏွစ္ျပည့္ NCA ႏွစ္ပတ္လည္ေန႔အခမ္း အနားကို ႏိုင္ငံတကာမွ ၿငိမ္းခ်မ္းေရးဆိုင္ရာ Think Tank မ်ားမွပညာရွင္မ်ား၊ တကၠသိုလ္ႀကီးမ်ားမွ ပညာ ရွင္မ်ားဖိတ္ၾကား၍ အလုပ္႐ုံေဆြးေႏြးပြဲကိုတစ္ဆက္ တည္းက်င္းပရန္ႏွင့္ NCA အခမ္းအနား အင္အား (၁၂၀ဝ)၊ အလုပ္႐ုံေဆြးေႏြးပြဲအင္အား (၃၂၀) ေက်ာ္ ျဖင့္ ႏိုင္ငံေတာ္အဆင့္ အသြင္သဏၭာန္ေရာ အႏွစ္သာ ရရွိစြာ၊ ႏိုင္ငံေရးအဓိပၸာယ္ရွိစြာက်င္းပေရး စီမံေဆာင္ ႐ြက္လ်က္ရွိသည္။
" NCAက အသက္မဝင္ေတာ့ဘူး၊ ပ်က္သြားၿပီ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကေသသြားၿပီ}ဟူေသာ NCA လက္မွတ္မေရးထိုးရေသးေသာ EAOs မ်ား၊ လက္မွတ္ေရးထိုးထားေသာ အခ်ိဳ႕ေသာ EAOs အဖြဲ႕ဝင္မ်ား၊ ျပည္တြင္း ျပည္ပမွ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္တြင္ပါဝင္ပတ္သက္ေနသူအခ်ိဳ႕မွ လူပုဂၢိဳလ္ မ်ား၊ အသင္းအဖြဲ႕မ်ား၊ အခ်ိဳ႕ေသာ NGO, INGO မ်ား၊ အခ်ိဳ႕ေသာသံတမန္မ်ား၏ ေျပာၾကားမႈ ေမးျမန္း မႈမ်ားအေပၚ " စာေရးသူအေနနဲ႔ကေတာ့ ျမန္မာႏိုင္ငံ ရဲ႕ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ တက္ျြကစြာ ရွင္သန္ေနဆဲ ပါပဲ။ NCA ဟာလည္း ရွင္သန္ေနဆဲပါပဲလို႔ ေျပာခ်င္ ပါတယ္"
NCA ရွင္သန္ေနဆဲဆိုတာကို ဘာလို႔ ကြၽန္ ေတာ္ေျပာရသလဲ။
ႏိုင္ငံေတာ္အႀကီးအကဲ၊ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ(NSPCC) ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ (၂၇-၂-၂၀၂၁)မွ (၃-၈-၂၀၂၅)ကာလအတြင္းေျပာၾကားခဲ့ သည့္ ႏိုင္ငံေတာ္ ေန႔ထူးေန႔ျမတ္မိန႔္ခြန္းမ်ား၊ အမွာ စကားမ်ားတြင္ NCA ႏွင့္ပတ္သက္၍ (၇၃) ႀကိမ္အ ထိ NCA အေပၚ ရပ္တည္ခ်က္၊ ခံယူခ်က္ ေျပာၾကား ခဲ့မႈမ်ားကိုေလ့လာၾကည့္ပါက ေအာက္ေဖာ္ျပပါ အဓိကအခ်က္မ်ားကို ေတြ႕ျမင္ႏိုင္ပါတယ္။
" တစ္ႏိုင္ငံလုံး ထာဝရ ၿငိမ္းခ်မ္းေရးရရွိေရးအ တြက္ NCA ပါအတိုင္း အေလးထားေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း"
" NCA ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ားအားလုံး ပါဝင္လက္မွတ္ေရးထိုးလာႏိုင္ေရး ႀကိဳး ပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း"
" တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား(EAOs)ႏွင့္ ပါဝင္သက္ဆိုင္သူအားလုံးသည္ အၾကမ္းဖက္လုပ္ ရပ္မ်ား၊ အဖ်က္အေမွာက္လုပ္ရပ္မ်ား၊ ျပည္တြင္းျပည္ပ ပေယာဂမ်ား၊ မီဒီယာမ်ား၏ ေသြးထိုးလႈံ႕ေဆာ္မႈ မ်ား စသည့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ NCA လမ္းေၾကာင္းမွ ေသြဖည္မသြားေရးကို အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ သတိရွိရွိေဆာင္႐ြက္သြားၾကရန္လိုအပ္ ေၾကာင္း"
" ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ NCA ႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀ဝ၈ ခုႏွစ္) ေပၚတြင္အေျခခံ၍ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးကို မထိခိုက္ေစလိုေၾကာင္း"
" NCA စာခ်ဳပ္သည္ ႏိုင္ငံအတြက္ အေရးတ ႀကီးလိုအပ္ေနသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အဓိကအက်ဆုံး အေျခခံလုပ္ေဆာင္ရမည္ျဖစ္ ေၾကာင္း"
" NCA စာခ်ဳပ္သည့္ Union Accord အျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္ကအတည္ျပဳေပးထားသည့္ သမိုင္းဝင္စာခ်ဳပ္ျဖစ္ၿပီး မည္သည့္အခါမွ ပ်က္ျပယ္ မႈမရွိ တည္ရွိေနသည့္ စာခ်ဳပ္ျဖစ္ေၾကာင္း"
စသျဖင့္ NCA ကို အေလးထားအေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရန္ ဦးတည္ရည္မွန္းထားျခင္းကို ထင္ရွားစြာေတြ႕ျမင္ႏိုင္သည္။
ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္ ျပည္တြင္း ၿငိမ္းခ်မ္းေရး သည္ အေရးႀကီးသည့္အတြက္ တပ္မေတာ္အေနျဖင့္ (၂၁-၁၂-၂၀၁၈)မွ (၃၁-၇-၂၀၂၅)အထိ ထာဝရ ၿငိမ္းခ်မ္းေရးအတြက္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ထုတ္ျပန္ခ်က္အျဖစ္ တစ္ဖက္သတ္အပစ္ရပ္ထုတ္ ျပန္မႈေပါင္း (၂၇) ႀကိမ္ထုတ္ျပန္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးအ တြက္ အေလးထားေဆာင္႐ြက္ခဲ့ျခင္းႏွင့္ ၿငိမ္းခ်မ္းေရး ကို ေတြ႕ဆုံေဆြးေႏြး အေျဖရွာေရးလမ္းေၾကာင္းျဖင့္ သာရရွိႏိုင္မည္ျဖစ္ေၾကာင္း ႏိုင္ငံသားအားလုံး သိရွိ နားလည္ေစခ်င္သည္။
တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသ ေဘာတူစာခ်ဳပ္(NCA)သည္ အပစ္ရပ္ျခင္း (Ceasefire) သက္သက္မဟုတ္ဘဲ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြား မည့္ ေဖာ္ျပခ်က္မ်ား၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးကို အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္မည့္လမ္းေၾကာင္းတို႔ကို ျပ႒ာန္းထား သည့္ ႏိုင္ငံေရးပဋိညာဥ္တစ္ရပ္ဟုဆိုႏိုင္ပါသည္။
ျမန္မာႏိုင္ငံ၏ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အတိအလင္းေဖာ္ျပထားသည့္ တစ္ခုတည္းေသာ စာခ်ဳပ္အျဖစ္လည္းသတ္မွတ္ႏိုင္ပါသည္။ ႏိုင္ငံအတြင္း ယေန႔ ပကတိျဖစ္ေပၚလ်က္ရွိေသာ လက္နက္ကိုင္ပဋိ ပကၡမ်ား၊ တိုက္ပြဲမ်ားေၾကာင့္ ႏိုင္ငံအတြင္းရွိ ျပည္သူ လူထုမ်ား၊ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား၏ ေနအိမ္၊ အသက္အိုးအိမ္စည္းစိမ္မ်ား၊ ႀကီးမားေသာ ဆုံးရႈံး ပ်က္စီးမႈမ်ား ျဖစ္ေပၚလ်က္ရွိပါသည္။ ေနရပ္စြန႔္ခြာၿပီး တိုက္ပြဲတိမ္းေရွာင္ေနၾကသည့္ျပည္သူမ်ား၊ လူငယ္အ မ်ားစုသည္ ပညာေရးႏွင့္အလွမ္းေဝး႐ုံမက ျပည္ပသို႔ နည္းမ်ိဳးစုံျဖင့္ထြက္ခြာသြားၾကသူမ်ားေၾကာင့္ ႏိုင္ငံ၏ အနာဂတ္အတြက္ ႀကီးမားေသာ လူသားအရင္းအျမစ္ ဆုံးရႈံးမႈမ်ားျဖစ္ေပၚေနပါသည္။ သို႔ျဖစ္၍ ပဋိပကၡေျဖ ရွင္းေရးကိုဦးတည္ေသာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တစ္ ရပ္ကို မျဖစ္မေန ဆက္လက္ႀကိဳးပမ္း အေကာင္အ ထည္ေဖာ္ေဆာင္႐ြက္သြားရန္လိုအပ္သည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အတြင္း မွီတင္းေနထိုင္ၾကသည့္ တိုင္းရင္းသားလူမ်ိဳးမ်ား၏ ေနာက္ခံသမိုင္း၊ ႐ိုးရာယဥ္ေက်းမႈ၊ စာေပ၊ ဘာသာစ ကားႏွင့္ အမ်ိဳးသားလကၡဏာမ်ား၊ မတူကြဲျပားမႈမ်ားကို လက္ခံအသိအမွတ္ျပဳ၍ လူမ်ိဳးေပါင္းစုံ၊ ဘာသာစ ကားေပါင္းစုံတို႔ျဖင့္ ျပည္ေထာင္စု လကၡဏာတစ္ရပ္ကို ႏိုင္ငံသားအားလုံး စုေပါင္းေဖာ္ေဆာင္သြားၾကရမည္ ျဖစ္ပါသည္။
ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရရွိ ရန္အတြက္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခ ခံေသာ ျပည္ေထာင္စုတြင္ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ ေပါင္းစည္းျခင္း(ၾဃဗ အပိုဒ္ ၃၀)ကိစၥရပ္မ်ား၊ လုပ္ ငန္းစဥ္မ်ားကို ညႇိႏႈိင္းေဆြးေႏြးျခင္း၊ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းျခင္း လုပ္ငန္းစဥ္အတြက္ ယႏၲရားတစ္ရပ္ကို ႏွစ္ဖက္ညႇိႏႈိင္းသေဘာတူညီမႈျဖင့္ ဖြဲ႕စည္းေဆာင္႐ြက္ႏိုင္ေရး အေလးထား ႀကိဳးပမ္းသြား ၾကရမည္ျဖစ္ပါသည္။
ႏိုင္ငံ၏ ပကတိအေျခအေနမ်ားအရ စစ္မွန္ သည့္ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏိုင္မွ သာလွ်င္ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္မည္ျဖစ္သည္။ ဖက္ဒရယ္စနစ္ႏွင့္ အညီ အာဏာခြဲေဝမႈ(Power Sharing)၊ သယံဇာ တခြဲေဝမႈ (Resource Sharing) ႏွင့္ အခြန္ အေကာက္ခြဲေဝမႈ(Tax Sharing)မ်ားရွိရန္ ျပည္ နယ္မ်ားအလိုက္ တန္းတူရည္တူရွိမႈႏွင့္ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ကို အာမခံမႈရွိသည့္ Power Sharing ကို စနစ္တက် ေတြ႕ဆုံေဆြးေႏြး အေျဖရွာ သေဘာတူညီ မႈမ်ားရရွိရန္ လိုအပ္သည္။ (၂၀၁၆) ခုႏွစ္ ႏွစ္ စကာလမွစ၍ NCA လက္မွတ္ေရးထိုးထားေသာ EAOs အဖြဲ႕အခ်ိဳ႕ႏွင့္ တပ္မေတာ္အၾကား တိုက္ပြဲ ျဖစ္ပြားမႈမ်ားရွိခဲ့ၿပီး တိုက္ ပြဲျဖစ္ပြားရာေနရာမ်ားတြင္ NCA ပါအတိုင္း JMC မွ တိက်စြာ ေျဖရွင္းေဆာင္ ႐ြက္ႏိုင္မႈအားနည္းခဲ့ပါသည္။
ပကတိေျမျပင္အေျခအေနမ်ားအရ NCA ပါ သေဘာတူညီခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲ ေရးဆိုင္ရာပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ အဆင့္ ဆင့္ကို စနစ္တက်ျပန္လည္ဖြဲ႕စည္း အသက္သြင္းျခင္း လုပ္ငန္းမ်ားအတြက္ လိုအပ္ခ်က္မ်ားကို ေဆာင္႐ြက္ ရန္လိုအပ္သည္။ မ်က္ေမွာက္ကာလတြင္လည္း ႏိုင္ငံ တစ္ႏိုင္ငံ၏ကံၾကမၼာကို အပ်က္သေဘာေဆာင္ ေျပာင္းလဲေစေရး ႀကိဳးစားျပဳလုပ္ေနၾကသည့္သတင္း သမားမ်ား၊ သတင္းဌာနမ်ား ရွိေနဆဲျဖစ္သည္။ ေန႔ စဥ္ႏွင့္မွ်ထုတ္လႊင့္ေနသာ ပုံႀကီးခ်ဲ႕ အပ်က္သေဘာ ေဆာင္ ခ်ဲ႕ကားေရးသားေျပာဆိုေနၾကေသာ သတင္း ဌာနမ်ား၊ ႏိုင္ငံႏွင့္လူမ်ိဳးအေပၚ သစၥာမဲ့ေသာ လုပ္ႀကံ သတင္း၊ Miss Information, Disinformation မ်ား၊ အျပစ္မဲ့ျပည္သူမ်ား၏ ဘဝအိုးအိမ္မ်ားကို ပ်က္ စီးေစေၾကာင္း သတင္းအမွားမ်ား၊ အၾကမ္းဖက္သမား မ်ား၏အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ အားေပးအား ေျမႇာက္ျပဳလုပ္ေပးေသာသတင္းမ်ား၊ ထင္ေယာင္ထင္ မွားစိုးရိမ္ပူပန္ေစေသာသတင္းမ်ားႏွင့္ အျပဳသေဘာ မေဆာင္ အေကာင္းမျမင္သည့္ သေဘာထားရွိေသာ သတင္းဌာနမ်ား၊ သတင္းမ်ားကို ျပည္သူလူထုအေန ျဖင့္ ခြဲေဝနားလည္လာရန္ ပိုမိုအေရးႀကီးပါသည္။
ယခုလက္ရွိအခ်ိန္တြင္ " အမ်ိဳးသားကာကြယ္ ေရးႏွင့္လုံၿခဳံေရးေကာင္စီ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္"အေနျဖင့္ လြတ္ လပ္၍တရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲကို (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၂၈) ရက္မွစတင္၍ အပိုင္းလိုက္ က်င္းပျပဳလုပ္ႏိုင္ေရး စနစ္တက်ေဆာင္႐ြက္ရန္စီမံေနၿပီး ေ႐ြးေကာက္ပြဲ ရလဒ္မ်ားမွထြက္ေပၚလာေသာ အစိုးရသစ္ထံ ႏိုင္ငံ ေတာ္တာဝန္မ်ား အျမန္ဆုံးလႊဲအပ္ႏိုင္ေရး အစဥ္တ စိုက္ အေလးထား ႀကိဳးပမ္းလုပ္ေဆာင္လ်က္ရွိသည္။
NCA လက္မွတ္ေရးထိုးၿပီးခ်ိန္မွစ၍ NCA အထိမ္းအမွတ္ ႏွစ္ပတ္လည္ေန႔အခမ္းအနားမ်ားကို ႏွစ္စဥ္က်င္းပျပဳလုပ္ခဲ့ၿပီး (၂၀၂၅)ခုႏွစ္ ေအာက္တို ဘာလ (၁၅)ရက္တြင္က်ေရာက္သည့္ (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနားကို ႏိုင္ငံေရးအႏွစ္သာရ ရွိရွိျဖင့္ ႏိုင္ငံေတာ္အဆင့္ အခမ္းအနားအျဖစ္ က်င္း ပျပဳလုပ္ခဲ့ၿပီး အခမ္းအနားတြင္ NCA စာခ်ဳပ္ျဖစ္ ေပၚလာေရး ႀကိဳးပမ္းေဆာင္႐ြက္ရာတြင္ပါဝင္ခဲ့ေသာ EAOs မ်ား၊ အစိုးရ၊ အရပ္သားကိုယ္စားလွယ္မ်ား၊ လက္မွတ္ေရး ထိုးရာတြင္ပါဝင္ခဲ့ၾကေသာသူမ်ား၊ ျပည္တြင္းျပည္ပ အသိသက္ေသမ်ား စုံလင္စြာျဖင့္ အင္အား (၁၂၀ဝ) ေက်ာ္ႏွင့္ ခမ္းနားစြာေဆာင္႐ြက္ ခဲ့ၿပီး တစ္ဆက္တည္း NCA အထိမ္းအမွတ္ အလုပ္ ႐ုံေဆြးေႏြးပြဲကို အင္အား (၃၂၀)ေက်ာ္ျဖင့္ ဆက္ လက္ က်င္းပျပဳလုပ္ခဲ့ပါသည္။
(၁၀)ႏွစ္ျပည့္ NCA ႏွစ္ပတ္လည္ေန႔အခမ္း အနားႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲအတြက္ " NCA မွသည္ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးျဖင့္ အနာဂတ္ကို ပုံေဖာ္မည္" " From NCA To Sustainable Peace Shaping Our Future " ေဆာင္ပုဒ္ကို လ်ာထားသတ္မွတ္ခဲ့ၿပီး Theme အျဖစ္ " ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းသာယာေသာ အနာဂတ္တည္ေဆာက္ရန္အတြက္ ဆက္လက္ ေဆာင္႐ြက္ရမည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုေဖာ္ ထုတ္ျခင္း" (Identifying the Peace Process to Continue to Build a Peaceful Future of Myanmar) ဟု သတ္မွတ္ေဆာင္႐ြက္ခဲ့ပါသည္။
ႏွစ္ပတ္လည္ႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲကို ေအာက္ေဖာ္ျပပါ ရည္႐ြယ္ခ်က္ (၅)ရပ္ႏွင့္ ေဆာင္ ႐ြက္ခဲ့ျခင္းျဖစ္ပါသည္။
(က) တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသ ေဘာတူစာခ်ဳပ္(NCA) ၏ (၁၀)ႏွစ္တာ ကာလအ တြင္း အေကာင္အထည္ေဖာ္ႏိုင္မႈမ်ား၊ ေအာင္ျမင္မႈ မ်ားႏွင့္ သင္ခန္းစာမ်ားကို ဆန္းစစ္သုံးသပ္ရန္။
( ခ ) ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွရရွိခဲ့သည့္ အေတြ႕အ ႀကဳံမ်ားႏွင့္အျမင္မ်ားကိုမွ်ေဝႏိုင္ရန္ အဓိက သက္ ဆိုင္ရာအဖြဲ႕အစည္း (stakeholders) မ်ားအၾကား ပါဝင္သင့္ပါဝင္ထိုက္သူ အားလုံးပါဝင္သည့္ ေဆြးေႏြး မႈမ်ားကိုတိုးျမႇင့္ရန္။
(ဂ) NCA ၏ ပကတိအႏွစ္သာရႏွင့္ ျမန္မာ့ၿငိမ္းခ်မ္း ေရးျဖစ္စဥ္ကို ျပည္သူလူထု သေဘာေပါက္ သိရွိနား လည္ၿပီး ပိုမို ပူးေပါင္းေဆာင္႐ြက္လာႏိုင္မည့္ အခန္း က႑မ်ားကိုေဖာ္ထုတ္ရန္။
(ဃ) အနာဂတ္ ျမန္မာႏိုင္ငံေတာ္ကို တည္ေဆာက္ ျခင္းလုပ္ငန္းစဥ္တြင္ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရး၊ လုံၿခဳံ ေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေ႐ြးေကာက္ပြဲတို႔ကို ေပါင္းစပ္ေဆာင္႐ြက္ရန္။
( င ) ၿငိမ္းခ်မ္းေရး၏ အသီးအပြင့္မ်ားကို ေဒသႏၲရ အဆင့္၊ ႏိုင္ငံတကာအဆင့္ ဖြံ႕ၿဖိဳးတိုးတက္‌ေရးစီမံ ကိန္းမ်ားႏွင့္ ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ရန္။
NCA ႏွစ္ပတ္လည္ေန႔အခမ္းအနား အလုပ္႐ုံ ေဆြးေႏြးပြဲကို ႏိုင္ငံတကာ (၈) ႏိုင္ငံမွ အသိပညာ ရွင္မ်ား၊ တကၠသိုလ္ႀကီးမ်ားမွ ပညာရွင္မ်ားတက္ ေရာက္ခဲ့ၿပီး ႏိုင္ငံတကာေဆြးေႏြးပြဲတြင္ ႏိုင္ငံေရးရႈ ေထာင့္ႏွင့္ စီးပြားေရးရႈေထာင့္မွ ျမန္မာ့ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကို ေလ့လာသုံးသပ္ၿပီး ေရွ႕ ဆက္လက္ေဆာင္ ႐ြက္သင့္သည့္လုပ္ငန္းစဥ္မ်ား ေဖာ္ထုတ္ျခင္း၊ ျပည္ တြင္းက႑အသီးသီးမွ လူပုဂၢိဳလ္ (၃၂၀)ေက်ာ္ခန႔္ျဖင့္ ႏိုင္ငံေရး၊ စီးပြားေရးရႈေထာင့္မွ ႏိုင္ငံေတာ္၏ၿငိမ္း ခ်မ္းသာယာေသာအနာဂတ္ တည္ေဆာက္ရန္အ တြက္ ႏိုင္ငံ၏ လက္ရွိပကတိအေျခအေနမွ လက္ ေတြ႕က်က် ေရွ႕ဆက္လက္ေဆာင္႐ြက္သင့္သည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေဖာ္ထုတ္ျခင္းမ်ား ေဆြး ေႏြးေဆာင္႐ြက္ခဲ့ၾကပါသည္။
အဓိကအားျဖင့္ (၂၀၁၅)ခုႏွစ္မွ (၂၀၂၅) ခုႏွစ္ အတြင္း NCA ပါ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား အ ေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ရာတြင္ ေအာင္ျမင္ မႈ၊ စိန္ေခၚမႈမ်ားကို ျပန္လည္သုံးသပ္ေဖာ္ထုတ္ (NCA Review) ၿပီး အနာဂတ္တြင္ အစိုးရအဖြဲ႕အသစ္အေန ျဖင့္ ေရွ႕ဆက္လက္ေဆာင္႐ြက္ရမည့္ (Forward Action Plan) ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေဖာ္ ထုတ္ေဆြးေႏြးအေျဖရွာခဲ့ၾကပါသည္။
နိဂုံး
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္း ေရး‌ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) အေနျဖင့္ ႏိုင္ငံေတာ္၏မူဝါဒမ်ားႏွင့္အညီ တစ္ႏိုင္ငံလုံးအတိုင္းအတာေဆာင္ေသာ ေရရွည္တည္တံ့ခိုင္ ၿမဲသည့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရးအတြက္ စဥ္ ဆက္မျပတ္ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းျခင္းျဖင့္ ယုံ ၾကည္မႈတည္ေဆာက္ၿပီး အမ်ိဳးသားစည္းလုံးညီၫြတ္ ေရး၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးႏွင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း မ်ားအားလုံး ပါဝင္လက္မွတ္ေရးထိုးလာေစေရးမွ တစ္ဆင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ခ် မွတ္ထားေသာလုပ္ငန္းစဥ္မ်ားအတိုင္း ဆက္လက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

Related news

© 2021. All rights reserved.