ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်နေချိန်မှာပဲ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွား

149

Pika (NP News) - နိုဝင်ဘာ ၈
အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ကြား နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၅)ဦး သေဆုံးပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန်နစ္စတန်ဘက်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နယ်စပ်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထပ်မံ လုပ်ဆောင်နေချိန်မှာပဲ ယခုလိုနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ဘက်က “ဒီနေ့မှာဖြစ်ပွားခဲ့တဲ့နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူ(၅)ဦး သေဆုံးပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ပါကစ္စတန်ဘက်ကတော့ ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေ ချက်ချင်း ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့တော့ သိရပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်နေချိန်မှာပဲ ပစ်ခတ်မှုတွေကို ပြန်လည်စတင်ခြင်းအတွက် နှစ်ဖက်စလုံးက အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေကို လုပ်ဆောင်ခဲ့ ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ အာဖဂန္နစၥတန္နဲ႔ပါကစၥတန္တို႔ၾကား တိုက္ပြဲေတြ ထပ္မံ ျဖစ္ပြား
Pika (NP News) - ႏိုဝင္ဘာ ၈
အာဖဂန္နစၥတန္နဲ႔ပါကစၥတန္တို႔ၾကား နယ္စပ္ျဖတ္ေက်ာ္ပစ္ခတ္မႈေတြ ထပ္မံျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၅)ဦး ေသဆုံးၿပီး အျခားလူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဖဂန္နစၥတန္ဘက္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ နယ္စပ္တိုက္ပြဲေတြ ထပ္မံျဖစ္ပြားခဲ့တာနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္စလုံးက အျပန္အလွန္ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။
အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္တို႔ဟာ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ထပ္မံ လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုနယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အာဖဂန္နစၥတန္ဘက္က “ဒီေန႔မွာျဖစ္ပြားခဲ့တဲ့နယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူ(၅)ဦး ေသဆုံးၿပီး အျခားလူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ပါကစၥတန္ဘက္ကေတာ့ ထိခိုက္ေသဆုံးသူေတြနဲ႔ပတ္သက္ၿပီး အစီရင္ခံစာေတြ ခ်က္ခ်င္း ထုတ္ျပန္တာမ်ိဳး မရွိေသးဘူးလို႔ေတာ့ သိရပါတယ္။ ဒါ့ျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ ပစ္ခတ္မႈေတြကို ျပန္လည္စတင္ျခင္းအတြက္ ႏွစ္ဖက္စလုံးက အျပန္အလွန္ျပစ္တင္ေဝဖန္မႈေတြကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။