ဆူဒန်မှာ စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံး

 350

Pika (NP News) - နိုဝင်ဘာ ၈

ဆူဒန်စစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ်တစ်စင်းဟာ West Kordofan ပြည်နယ်မှာ ပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူအားလုံး သေဆုံးသွားခဲ့တယ်လို့ ဆူဒန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆူဒန်စစ်ဘက်ဆိုင်ရာကုန်တင်လေယာဉ်ကို ၎င်းတို့ပစ်ချခဲ့တာဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆူဒန်စစ်တပ်ဟာ RSF အဖွဲ့နဲ့တိုက်ခိုက်နေတဲ့ ဘာဘန်နာဆာမြို့မှာရှိတဲ့ တပ်ဖွဲ့တွေဆီကို လေယာဉ်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ချပေးနေစဉ်အချိန်အတွင်း ယခုလိုပစ်ချခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ကုန်တင်လေယာဉ်ဟာ ညာဘက်အင်ဂျင်မှာနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ထိန်းချုပ်နိုင်တာမျိုး မရှိတော့မှုနဲ့အတူ ဟန်ချက်ပျက်ကာ မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆူဒန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
ဒါပေမယ့်လည်း ကုန်တင်လေယာဉ်ပေါ်မှာ လူဘယ်နှစ်ဦးလိုက်ပါလာတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ ဆူဒန်စစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ အခြားထုတ်ပြန်ချက်တစ်ခုမှာတော့ ဘာဘန်နာဆာမြို့အပေါ်မှာပျံသန်းနေတဲ့ စစ်လေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်ဆိုပြီး RSF အဖွဲ့က ရေးသား ဖော်ပြထားပါတယ်။ မီးလောင်နေတဲ့အပျက်အစီးတွေရဲ့ဗီဒီယိုဖိုင်ကို RSF အဖွဲ့က ထုတ်ပြန်ပြသခဲ့ပေမယ့်လည်း နောက်ထပ် သက်သေအထောက်အထားတွေကိုတော့ ပြသခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ဆူဒန္မွာ စစ္ေလယာဥ္တစ္စီး ပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၈
ဆူဒန္စစ္ဘက္ဆိုင္ရာ ကုန္တင္ေလယာဥ္တစ္စင္းဟာ West Kordofan ျပည္နယ္မွာ ပ်က္က်ခဲ့တာေၾကာင့္ လိုက္ပါသြားသူအားလုံး ေသဆုံးသြားခဲ့တယ္လို႔ ဆူဒန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ဆူဒန္စစ္ဘက္ဆိုင္ရာကုန္တင္ေလယာဥ္ကို ၎တို႔ပစ္ခ်ခဲ့တာျဖစ္တယ္လို႔ စစ္ဘက္ဆိုင္ရာ အျမန္ေထာက္ပံ့ေရးတပ္ဖြဲ႕ (RSF) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဆူဒန္စစ္တပ္ဟာ RSF အဖြဲ႕နဲ႔တိုက္ခိုက္ေနတဲ့ ဘာဘန္နာဆာၿမိဳ႕မွာရွိတဲ့ တပ္ဖြဲ႕ေတြဆီကို ေလယာဥ္နဲ႔ ေထာက္ပံ့ေရးပစၥည္းေတြ ခ်ေပးေနစဥ္အခ်ိန္အတြင္း ယခုလိုပစ္ခ်ခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ကုန္တင္ေလယာဥ္ဟာ ညာဘက္အင္ဂ်င္မွာနည္းပညာပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈျဖစ္ပြားခဲ့ၿပီး ထိန္းခ်ဳပ္ႏိုင္တာမ်ိဳး မရွိေတာ့မႈနဲ႔အတူ ဟန္ခ်က္ပ်က္ကာ မီးေလာင္ကြၽမ္းသြားခဲ့တယ္လို႔ ဆူဒန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ဒါေပမယ့္လည္း ကုန္တင္ေလယာဥ္ေပၚမွာ လူဘယ္ႏွစ္ဦးလိုက္ပါလာတယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြ ကိုေတာ့ ဆူဒန္စစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ အျခားထုတ္ျပန္ခ်က္တစ္ခုမွာေတာ့ ဘာဘန္နာဆာၿမိဳ႕အေပၚမွာပ်ံသန္းေနတဲ့ စစ္ေလယာဥ္တစ္စင္းကို ပစ္ခ်ခဲ့တယ္ဆိုၿပီး RSF အဖြဲ႕က ေရးသား ေဖာ္ျပထားပါတယ္။ မီးေလာင္ေနတဲ့အပ်က္အစီးေတြရဲ႕ဗီဒီယိုဖိုင္ကို RSF အဖြဲ႕က ထုတ္ျပန္ျပသခဲ့ေပမယ့္လည္း ေနာက္ထပ္ သက္ေသအေထာက္အထားေတြကိုေတာ့ ျပသခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.