ယူကရိန်းရဲ့ရှေ့တန်းမြို့ ခါဆွန်ကို ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အိန်ဂျလီနာဂျိုလီ သွားရောက်လည်ပတ်

136

Pika (NP News) - နိုဝင်ဘာ ၈
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အိန်ဂျလီနာဂျိုလီဟာ ယူကရိန်းရဲ့ အန္တရာယ်အရှိဆုံးရှေ့တန်းမြို့တွေထဲကနေ တစ်မြို့နဲ့ အိမ်နီးချင်းဒေသတစ်ခုကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
အိန်ဂျလီနာဂျိုလီဟာ အဲဒီနေရာကို သွားရောက်စဉ်အချိန်အတွင်း ရုရှားတပ်ဖွဲ့တွေရဲ့ အဆက်မပြတ်တိုက်ခိုက်မှု အောက်မှာရှိတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေကို တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။ အိန်ဂျလီနာဂျိုလီက “ကမ္ဘာတစ်ဝှမ်းက အစိုးရတွေက အရပ်သားတွေအပေါ် ကာကွယ်မှုကို ကျောခိုင်းနေကြပါတယ်။ Mykolaiv မြို့နဲ့ ခါဆွန်မြို့က ပြည်သူတွေဟာ နေ့စဉ်နေ့တိုင်းအန္တရာယ်တွေနဲ့ ကြုံတွေ့ နေကြရပေမယ့်လည်း လုံးဝအလျှော့ပေးတာမျိုးတော့ မရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဓါတ်ပုံတွေမှာ အိန်ဂျလီနာဂျိုလီဟာ ကျည်ကာဝတ်ဆင်ထားပြီး မြေအောက်ခန်း ထဲမှာရှိတဲ့ ကလေးငယ်တွေနဲ့တွေ့ဆုံနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် ရုရှားရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကနေ လွတ်မြောက်စေဖို့ မြေအောက်ကိုရွှေ့ပြောင်းထားတဲ့ ဆေးဘက်ဆိုင်ရာနဲ့ ပညာရေးဆိုင်ရာ အဆောက်အဦးတွေကို အိန်ဂျလီနာဂျိုလီက လှည့်ပတ်ကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။ တစ်ချိန်က လူပေါင်း(၃)သိန်းနီးပါးလောက် နေထိုင်ကြတဲ့ ခါဆွန်မြို့ဟာ ရုရှားရဲ့စစ်လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနိုင် တဲ့အကွာအဝေးအတွင်းမှာရှိနေတာဖြစ်ပြီး ယူကရိန်းရဲ့အန္တရာယ်အရှိဆုံးမြို့တွေထဲက တစ်မြို့ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းရဲ႕ေရွ႕တန္းၿမိဳ႕ ခါဆြန္ကို ေဟာလိဝုဒ္႐ုပ္ရွင္မင္းသမီး အိန္ဂ်လီနာဂ်ိဳလီ သြားေရာက္လည္ပတ္
Pika (NP News) - ႏိုဝင္ဘာ ၈
ေဟာလိဝုဒ္႐ုပ္ရွင္မင္းသမီး အိန္ဂ်လီနာဂ်ိဳလီဟာ ယူကရိန္းရဲ႕ အႏၲရာယ္အရွိဆုံးေရွ႕တန္းၿမိဳ႕ေတြထဲကေန တစ္ၿမိဳ႕နဲ႔ အိမ္နီးခ်င္းေဒသတစ္ခုကို သြားေရာက္လည္ပတ္ခဲ့တယ္လို႔ သိရပါတယ္။
အိန္ဂ်လီနာဂ်ိဳလီဟာ အဲဒီေနရာကို သြားေရာက္စဥ္အခ်ိန္အတြင္း ႐ုရွားတပ္ဖြဲ႕ေတြရဲ႕ အဆက္မျပတ္တိုက္ခိုက္မႈ ေအာက္မွာရွိတဲ့ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြ၊ေစတနာ့ဝန္ထမ္းေတြနဲ႔ အရပ္သားျပည္သူေတြကို ေတြ႕ဆုံခဲ့တယ္ လို႔ သိရပါတယ္။ အိန္ဂ်လီနာဂ်ိဳလီက “ကမာၻတစ္ဝွမ္းက အစိုးရေတြက အရပ္သားေတြအေပၚ ကာကြယ္မႈကို ေက်ာခိုင္းေနၾကပါတယ္။ Mykolaiv ၿမိဳ႕နဲ႔ ခါဆြန္ၿမိဳ႕က ျပည္သူေတြဟာ ေန႔စဥ္ေန႔တိုင္းအႏၲရာယ္ေတြနဲ႔ ႀကဳံေတြ႕ ေနၾကရေပမယ့္လည္း လုံးဝအေလွ်ာ့ေပးတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဓါတ္ပုံေတြမွာ အိန္ဂ်လီနာဂ်ိဳလီဟာ က်ည္ကာဝတ္ဆင္ထားၿပီး ေျမေအာက္ခန္း ထဲမွာရွိတဲ့ ကေလးငယ္ေတြနဲ႔ေတြ႕ဆုံေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ ႐ုရွားရဲ႕ အဆက္မျပတ္ တိုက္ခိုက္မႈေတြကေန လြတ္ေျမာက္ေစဖို႔ ေျမေအာက္ကိုေ႐ႊ႕ေျပာင္းထားတဲ့ ေဆးဘက္ဆိုင္ရာနဲ႔ ပညာေရးဆိုင္ရာ အေဆာက္အဦးေတြကို အိန္ဂ်လီနာဂ်ိဳလီက လွည့္ပတ္ၾကည့္ရႈခဲ့တယ္လို႔လည္း သိရပါတယ္။ တစ္ခ်ိန္က လူေပါင္း(၃)သိန္းနီးပါးေလာက္ ေနထိုင္ၾကတဲ့ ခါဆြန္ၿမိဳ႕ဟာ ႐ုရွားရဲ႕စစ္လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲႏိုင္ တဲ့အကြာအေဝးအတြင္းမွာရွိေနတာျဖစ္ၿပီး ယူကရိန္းရဲ႕အႏၲရာယ္အရွိဆုံးၿမိဳ႕ေတြထဲက တစ္ၿမိဳ႕ျဖစ္တယ္လို႔လည္း သိရပါတယ္။