(၉)လအတွင်း ယာဉ်တိုက်မှုပေါင်း (၂၃၀၀)ကျော်ဖြစ်ပွားခဲ့ပြီး လူ(၁၀၀၀)ကျော် သေဆုံး

 101

Pearl (NP News) -နိုဝင်ဘာ ၁၃
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၉)လအတွင်း ယာဉ်တိုက်မှုပေါင်း (၂၃၀၀)ကျော်ဖြစ်ပွားခဲ့ပြီး လူ(၁၀၀၀)ကျော် သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၂၃၉၀) ကြိမ်ဖြစ်ပွားခဲ့ရာပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် လူ (၃၃၆၈) ဦး ဒဏ်ရာ ရရှိခဲ့ပြီး (၁၂၂၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီး တွင်အများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုပေါင်း (၅၆၆) မှု၊ ဒဏ်ရာရရှိသူ ( ၅၈၇ ) ဦး၊ သေဆုံးသူ (၂၆၉) ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၃၅၈) မှု ၊ ဒဏ်ရာရရှိသူ (၅၈၂) ဦး ၊ သေဆုံးသူ (၁၅၅) ဦး ရှိခဲ့ ပြီး အမြန်လမ်းတွင် ယာဉ်တိုက်မှုပေါင်း (၁၃၆) မှု ၊ ဒဏ်ရာရရှိသူ (၂၆၂) ဦး ၊ သေဆုံးသူ (၄၄) ဦး ရှိခဲ့ကြောင်း သိရသည်။

ယခင်နှစ် အလားတူကာလ ၌ ယာဉ်တိုက်မှုပေါင်း (၂၆၆၁) ကြိမ်ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း (၃၈၃၇) ဦးရှိခဲ့ပြီး သေဆုံးသူပေါင်း (၁၃၇၅) ဦးရှိခဲ့သည့်အတွက် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းသွားကြောင်း သိရသည်။

Zawgyi Version:
(၉)လအတြင္း ယာဥ္တိုက္မႈေပါင္း (၂၃၀၀)ေက်ာ္ျဖစ္ပြားခဲ့ၿပီး လူ(၁၀၀၀)ေက်ာ္ ေသဆုံး
Pearl (NP News) -ႏိုဝင္ဘာ ၁၃
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ (၉)လအတြင္း ယာဥ္တိုက္မႈေပါင္း (၂၃၀၀)ေက်ာ္ျဖစ္ပြားခဲ့ၿပီး လူ(၁၀၀၀)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ယခုႏွစ္၊ ဇန္နဝါရီလမွ စက္တင္ဘာလအထိ ယာဥ္တိုက္မႈေပါင္း (၂၃၉၀) ႀကိမ္ျဖစ္ပြားခဲ့ရာၿပီး အဆိုပါ ယာဥ္တိုက္မႈမ်ားေၾကာင့္ လူ (၃၃၆၈) ဦး ဒဏ္ရာ ရရွိခဲ့ၿပီး (၁၂၂၇)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီး တြင္အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ယာဥ္တိုက္မႈေပါင္း (၅၆၆) မႈ၊ ဒဏ္ရာရရွိသူ ( ၅၈၇ ) ဦး၊ ေသဆုံးသူ (၂၆၉) ဦး ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဧရာဝတီတိုင္းေဒသႀကီးတြင္ ယာဥ္တိုက္မႈေပါင္း (၃၅၈) မႈ ၊ ဒဏ္ရာရရွိသူ (၅၈၂) ဦး ၊ ေသဆုံးသူ (၁၅၅) ဦး ရွိခဲ့ ၿပီး အျမန္လမ္းတြင္ ယာဥ္တိုက္မႈေပါင္း (၁၃၆) မႈ ၊ ဒဏ္ရာရရွိသူ (၂၆၂) ဦး ၊ ေသဆုံးသူ (၄၄) ဦး ရွိခဲ့ေၾကာင္း သိရသည္။

ယခင္ႏွစ္ အလားတူကာလ ၌ ယာဥ္တိုက္မႈေပါင္း (၂၆၆၁) ႀကိမ္ျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာ ရရွိသူေပါင္း (၃၈၃၇) ဦးရွိခဲ့ၿပီး ေသဆုံးသူေပါင္း (၁၃၇၅) ဦးရွိခဲ့သည့္အတြက္ ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေလ်ာ့နည္းက်ဆင္းသြားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.