မြင်းခြံမြို့ အနီးတစ်ဝိုက်က ကျေးရွာအချို့တွင် PDF အဖွဲ့တို့က ဆက်ကြေးကောက်သည့်အပြင် ခြိမ်းခြောက်နေ

88

ထိုက်စံ (NP News)- ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အနီးတစ်ဝိုက်က ကျေးရွာအချို့တွင် PDF အဖွဲ့များက တော်လှန်ရေးဟု ခေါင်းစဉ်တပ်ကာ ဆက်ကြေးကောက်၍ ခြိမ်းခြောက်မှုများရှိနေကြောင်း မြို့ခံတစ်ဦးက NP News ကို ပြောသည်။
“သူတို့ က PDF တွေရယ်လို့တော့ ပါးစပ်က မထွက်ဘူး။ ကျွန်တော်တို့က စစ်အစိုးရကို တော်လှန်နေတဲ့အဖွဲ့ အစည်းကပေါ့။ ကျွန်တော်တို့မှ ထောက်ပံ့မယ့်သူ မရှိလို့ပေါ့။ ကျွန်တော်တို့ လာပေးမယ်။ (၅၀၀၀၀)သောင်းဖိုးလောက်ကျရင် (၃၀၀၀၀)ဖိုးလောက်ပဲရှင်း။ တချို့တွေဆို လူကြီးအိမ်ထိသွားပြီးတော့မှ ကျွန်တော်တို့ကို ဆက်ကြေးလေးဘယ်လိုလေးကောက်ပေးပါ။ ကျွန်တော်တို့ကိုထောက်ပံ့မယ့် သူမရှိလို့ ပခုက္ကူတစ်ကြော တောင်သာ တစ်ကြောဘက်တွေမှာ ကျွန်တော်တို့ တပ်ခွဲတွေချထားတယ် ။ဘာညာနဲ့ အဲဒီလိုလုပ်တာ တစ်အိမ်ကို (၃၀၀၀) တဲ့ တစ်အိမ်ကို (၅၀၀၀)တဲ့ ။ သူတို့က ငတ်ရင်ငတ်သလို လာလာတောင်းတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ PDFအဖွဲ့များမှာ လူငယ်များဖြစ်ပြီး အရပ်ဝတ်များဖြင့် ရွာတွင်းရှိ အိမ်ဆိုင်များတွင်လည်း ဆား၊ ငပိ စသည်များအားဝယ်ယူကာ ကျသင့်သည့် ငွေကြေးများကိုလည်း အပြည့်အဝမပေးသည့်အပြင် ခြိမ်းခြောက်မှုများလည်း ရှိကြောင်း သိရသည်။
“ ရွာတွေဘက်မှာ အိမ်ဆိုင်တွေရှိတယ် မလား။ အိမ်ဆိုင်တွေရှိတယ်ဆိုရင် ဆားတို့ ငပိတို့ ဝယ်သလိုနဲ့ ထည့်ခိုင်းပြီး ပြီးတော့မှ (၅၀၀၀၀)သောင်းဖိုးလောက် ကျရင် (၃၀၀၀၀)ကျော်လောက်ပဲရှင်းပြီး တော့ မှ ကျွန်တော်တို့က ဘာတွေဆိုပြီးမှ အဲဒီလိုအနိုင်ကျင့်တဲ့ ပုံစံမျိုးတွေလို။ တစ်အိမ်ထောင်ကိုဘယ်လောက်ဆိုပြီး ရွာလူကြီးတွေ ကို ကောက်ခိုင်းတဲ့ ပုံစံမျိုးလို။ တပ်ကိုသတင်းပေးရင် ဘယ်လိုလုပ်ပစ်မယ်ဆိုတာမျိုးတွေ” ဟု ၎င်းက ပြောသည်။
မြင်းခြံမြို့၊ တောင်သာမြို့နှင့် မလှိုင်မြို့ တို့တွင် PDF များမှ ဆက်ကြေးကောက်ခံသည့်ကိစ္စရပ်များရှိနေပြီး ရပ်ရွာပြည်သူများမှ တိုင်ကြားရန်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။
“မတ္တရာကနေ PDF တွေက တောင်သာလမ်း ပခုက္ကူလမ်းကနေပြီတော့မှ မြင်းခြံက အောင်းလို့ အကောင်းဆုံးနေရာ။ တောင်သာ၊ ပခုက္ကူကနေပြီမှ မြင်းခြံမှာ သွားစုနေတာ” ဟုလည်း ၎င်းက ပြောသည်။

Zawgyi Version;
ျမင္းၿခံၿမိဳ႕ အနီးတစ္ဝိုက္က ေက်း႐ြာအခ်ိဳ႕တြင္ PDF အဖြဲ႕တို႔က ဆက္ေၾကးေကာက္သည့္အျပင္ ၿခိမ္းေျခာက္ေန
ထိုက္စံ (NP News)- ေဖေဖာ္ဝါရီ ၆
မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕ အနီးတစ္ဝိုက္က ေက်း႐ြာအခ်ိဳ႕တြင္ PDF အဖြဲ႕မ်ားက ေတာ္လွန္ေရးဟု ေခါင္းစဥ္တပ္ကာ ဆက္ေၾကးေကာက္၍ ၿခိမ္းေျခာက္မႈမ်ားရွိေနေၾကာင္း ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
“သူတို႔ က PDF ေတြရယ္လို႔ေတာ့ ပါးစပ္က မထြက္ဘူး။ ကြၽန္ေတာ္တို႔က စစ္အစိုးရကို ေတာ္လွန္ေနတဲ့အဖြဲ႕ အစည္းကေပါ့။ ကြၽန္ေတာ္တို႔မွ ေထာက္ပံ့မယ့္သူ မရွိလို႔ေပါ့။ ကြၽန္ေတာ္တို႔ လာေပးမယ္။ (၅၀၀၀၀)ေသာင္းဖိုးေလာက္က်ရင္ (၃၀၀၀၀)ဖိုးေလာက္ပဲရွင္း။ တခ်ိဳ႕ေတြဆို လူႀကီးအိမ္ထိသြားၿပီးေတာ့မွ ကြၽန္ေတာ္တို႔ကို ဆက္ေၾကးေလးဘယ္လိုေလးေကာက္ေပးပါ။ ကြၽန္ေတာ္တို႔ကိုေထာက္ပံ့မယ့္ သူမရွိလို႔ ပခုကၠဴတစ္ေၾကာ ေတာင္သာ တစ္ေၾကာဘက္ေတြမွာ ကြၽန္ေတာ္တို႔ တပ္ခြဲေတြခ်ထားတယ္ ။ဘာညာနဲ႔ အဲဒီလိုလုပ္တာ တစ္အိမ္ကို (၃၀၀၀) တဲ့ တစ္အိမ္ကို (၅၀၀၀)တဲ့ ။ သူတို႔က ငတ္ရင္ငတ္သလို လာလာေတာင္းတယ္” ဟု ၎ကေျပာသည္။
အဆိုပါ PDFအဖြဲ႕မ်ားမွာ လူငယ္မ်ားျဖစ္ၿပီး အရပ္ဝတ္မ်ားျဖင့္ ႐ြာတြင္းရွိ အိမ္ဆိုင္မ်ားတြင္လည္း ဆား၊ ငပိ စသည္မ်ားအားဝယ္ယူကာ က်သင့္သည့္ ေငြေၾကးမ်ားကိုလည္း အျပည့္အဝမေပးသည့္အျပင္ ၿခိမ္းေျခာက္မႈမ်ားလည္း ရွိေၾကာင္း သိရသည္။
“ ႐ြာေတြဘက္မွာ အိမ္ဆိုင္ေတြရွိတယ္ မလား။ အိမ္ဆိုင္ေတြရွိတယ္ဆိုရင္ ဆားတို႔ ငပိတို႔ ဝယ္သလိုနဲ႔ ထည့္ခိုင္းၿပီး ၿပီးေတာ့မွ (၅၀၀၀၀)ေသာင္းဖိုးေလာက္ က်ရင္ (၃၀၀၀၀)ေက်ာ္ေလာက္ပဲရွင္းၿပီး ေတာ့ မွ ကြၽန္ေတာ္တို႔က ဘာေတြဆိုၿပီးမွ အဲဒီလိုအႏိုင္က်င့္တဲ့ ပုံစံမ်ိဳးေတြလို။ တစ္အိမ္ေထာင္ကိုဘယ္ေလာက္ဆိုၿပီး ႐ြာလူႀကီးေတြ ကို ေကာက္ခိုင္းတဲ့ ပုံစံမ်ိဳးလို။ တပ္ကိုသတင္းေပးရင္ ဘယ္လိုလုပ္ပစ္မယ္ဆိုတာမ်ိဳးေတြ” ဟု ၎က ေျပာသည္။
ျမင္းၿခံၿမိဳ႕၊ ေတာင္သာၿမိဳ႕ႏွင့္ မလႈိင္ၿမိဳ႕ တို႔တြင္ PDF မ်ားမွ ဆက္ေၾကးေကာက္ခံသည့္ကိစၥရပ္မ်ားရွိေနၿပီး ရပ္႐ြာျပည္သူမ်ားမွ တိုင္ၾကားရန္လည္း အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။
“မတၱရာကေန PDF ေတြက ေတာင္သာလမ္း ပခုကၠဴလမ္းကေနၿပီေတာ့မွ ျမင္းၿခံက ေအာင္းလို႔ အေကာင္းဆုံးေနရာ။ ေတာင္သာ၊ ပခုကၠဴကေနၿပီမွ ျမင္းၿခံမွာ သြားစုေနတာ” ဟုလည္း ၎က ေျပာသည္။