မန္တလေးတွင် အသက်(၇၀) ကျော်အရွယ် အမျိုးသမီးကြီးထံမှ ငွေကျပ် မူးယစ်ဆေးဝါးများဖမ်းမိ

716

ထိုက်စံ(NP News)-ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒသကြီး၊ သာစည်မြို့နယ် တွင်အသက်(၇၄)နှစ်အရွယ် အမျိုးသမီးကြီးထံမှ ငွေကျပ် သိန်း(၈၀၀)ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ထုတ်ပြန်ချက်အရသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၄ ရက်)၊ ညပိုင်း(၇)နာရီ (၁၅)မိနစ် အချိန်တွင် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင်စောင့်ဆိုင်းစဉ် တောင်ကြီးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော အသက်(၇၄)နှစ် အရွယ် ခရီးသည် ဒေါ်နန်းချော သယ်ဆောင်လာသည့် ပစ္စည်းများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၈,၅၀၀) ပြား နှင့် လက်ကိုင်ဖုန်း (၁) လုံး စုစုပေါင်း ငွေကျပ် (၈၇၇.၅ ) သိန်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် မှုးယစ်ဆေးဝါးသိုဝှက်သယ်ဆောင်လာသည့် အသက်(၇၄)နှစ်အရွယ် ဒေါ်နန်းချော အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
အလားတူ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၄ ရက်)၊ ညပိုင်း (၅)နာရီ (၂၀)မိနစ်အချိန်ရှမ်းပြည်နယ် ၊ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် ကာလိမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့မောင်နှင်လာသည့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း (၃,၂၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ အသက္(၇၀) ေက်ာ္ အ႐ြယ္ အမ်ိဳးသမီးႀကီးထံမွ ေငြက်ပ္ မူးယစ္ေဆးဝါးမ်ားဖမ္းမိ
ထိုက္စံ(NP News)-ေဖေဖာ္ဝါရီ ၆
မႏၲေလးတိုင္းဒသႀကီး၊ သာစည္ၿမိဳ႕နယ္ တြင္အသက္(၇၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးထံမွ ေငြက်ပ္ သိန္း(၈၀၀)ေက်ာ္ တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC MYANMAR ၏ထုတ္ျပန္ခ်က္အရသိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၄ ရက္)၊ ညပိုင္း(၇)နာရီ (၁၅)မိနစ္ အခ်ိန္တြင္ သတင္းအရ သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာအနီးတြင္ေစာင့္ဆိုင္းစဥ္ ေတာင္ႀကီးၿမိဳ႕ဘက္မွ မႏၲေလးၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ အသက္(၇၄)ႏွစ္ အ႐ြယ္ ခရီးသည္ ေဒၚနန္းေခ်ာ သယ္ေဆာင္လာသည့္ ပစၥည္းမ်ားအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၈,၅၀၀) ျပား ႏွင့္ လက္ကိုင္ဖုန္း (၁) လုံး စုစုေပါင္း ေငြက်ပ္ (၈၇၇.၅ ) သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ မႈးယစ္ေဆးဝါးသိုဝွက္သယ္ေဆာင္လာသည့္ အသက္(၇၄)ႏွစ္အ႐ြယ္ ေဒၚနန္းေခ်ာ အား သာစည္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားေၾကာင္းသိရသည္။
အလားတူ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၄ ရက္)၊ ညပိုင္း (၅)နာရီ (၂၀)မိနစ္အခ်ိန္ရွမ္းျပည္နယ္ ၊ကြန္ဟိန္းၿမိဳ႕နယ္၊ တာေကာ္ေက်း႐ြာအနီးတြင္ ကာလိၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ေမာင္ႏွင္လာသည့္ TOYOTA HIACE အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ေပၚမွ သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း (၃,၂၀၀) တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။