ဆီးရီးယားအမျိုးသားပြတိုက် ဖောက်ထွင်းခံရ

106

Pika (NP News)-နိုဝင်ဘာ ၁၃
ဆီးရီးယားနိုင်ငံ ဒမစကတ်မြို့မှာရှိတဲ့ ဆီးရီးယားအမျိုးသားပြတိုက်ကို ဖောက်ထွင်းဝင်ရောက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သူခိုးတွေဟာ အဖိုးတန်ရောမရှေးဟောင်းပစ္စည်းများစွာကို ခိုးယူသွားခဲ့တယ်လို့ မီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။ဆီးရီးယားအမျိုးသားပြတိုက်ကို ဖောက်ထွင်းဝင်ရောက်မှုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ(၉)ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး နိုဝင်ဘာလ(၁၀)ရက်နေ့အစောပိုင်းမှာ ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ခြေရာလက်ရာတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။သူခိုးတွေဟာ ရောမခေတ်က ရှေးဟောင်းရုပ်တုများစွာကို ခိုးယူသွားခဲ့တယ်လို့ Associated Pressက ရေးသားဖော်ပြခဲ့ပြီး အခြားသတင်းဌာနတွေကတော့ ပျောက်ဆုံးနေတဲ့ပစ္စည်းတွေထဲမှာ ရွှေ(၆)ချောင်းပါဝင်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားထားပါတယ်။ပြတိုက်တွေဖောက်ထွင်းဝင်ရောက်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် ဆီးရီးယားအမျိုးသားပြတိုက် ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဆီးရီးယားနိုင်ငံမှာ ယဉ်ကျေးမှုပစ္စည်းတွေအတွက် မှောင်ခိုဈေးကွက်တစ်ခုပေါ်ပေါက်လာခဲ့ပြီး ရှေးဟောင်းပစ္စည်းတွေကို လုယက်တာမျိုးနဲ့ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေ မြင့်တက်လာတယ်လို့ ပဲရစ်မြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီက ပြီးခဲ့တဲ့ဇွန်လမှာ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုလိုဖောက်ထွင်းခံရမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
ဆီးရီးယားအမ်ိဳးသားျပတိုက္ ေဖာက္ထြင္းခံရ
Pika (NP News)-ႏိုဝင္ဘာ ၁၃
ဆီးရီးယားႏိုင္ငံ ဒမစကတ္ၿမိဳ႕မွာရွိတဲ့ ဆီးရီးယားအမ်ိဳးသားျပတိုက္ကို ေဖာက္ထြင္းဝင္ေရာက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး သူခိုးေတြဟာ အဖိုးတန္ေရာမေရွးေဟာင္းပစၥည္းမ်ားစြာကို ခိုးယူသြားခဲ့တယ္လို႔ မီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။ဆီးရီးယားအမ်ိဳးသားျပတိုက္ကို ေဖာက္ထြင္းဝင္ေရာက္မႈဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၉)ရက္ေန႔ ညေနပိုင္းကျဖစ္ပြားခဲ့တာျဖစ္ၿပီး ႏိုဝင္ဘာလ(၁၀)ရက္ေန႔အေစာပိုင္းမွာ ေဖာက္ထြင္းဝင္ေရာက္ခဲ့တဲ့ေျခရာလက္ရာေတြကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။သူခိုးေတြဟာ ေရာမေခတ္က ေရွးေဟာင္း႐ုပ္တုမ်ားစြာကို ခိုးယူသြားခဲ့တယ္လို႔ Associated Pressက ေရးသားေဖာ္ျပခဲ့ၿပီး အျခားသတင္းဌာနေတြကေတာ့ ေပ်ာက္ဆုံးေနတဲ့ပစၥည္းေတြထဲမွာ ေ႐ႊ(၆)ေခ်ာင္းပါဝင္တယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားထားပါတယ္။ျပတိုက္ေတြေဖာက္ထြင္းဝင္ေရာက္ခံရမႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းေတြက သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ၿပီးေနာက္ ဆီးရီးယားအမ်ိဳးသားျပတိုက္ ေဖာက္ထြင္းခံရမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဆီးရီးယားႏိုင္ငံမွာ ယဥ္ေက်းမႈပစၥည္းေတြအတြက္ ေမွာင္ခိုေဈးကြက္တစ္ခုေပၚေပါက္လာခဲ့ၿပီး ေရွးေဟာင္းပစၥည္းေတြကို လုယက္တာမ်ိဳးနဲ႔ တရားမဝင္ေရာင္းဝယ္ေဖာက္ကားမႈေတြ ျမင့္တက္လာတယ္လို႔ ပဲရစ္ၿမိဳ႕အေျခစိုက္အျပည္ျပည္ဆိုင္ရာျပတိုက္မ်ားေကာင္စီက ၿပီးခဲ့တဲ့ဇြန္လမွာ သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ယခုလိုေဖာက္ထြင္းခံရမႈေတြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။