မြစ်ကြီးနားတွင် ဘုန်းကြီးကျောင်းထီးတင်ပွဲသို့လာရောက်လည်ပတ်သော စစ်ဘေးရှောင်အမျိုးသားတစ်ဦး ပစ်သတ်ခံရ

232

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဘုန်းကြီးကျောင်းထီးတင်ပွဲသို့ လာရောက်လည်ပတ်သော စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၁ဝ ရက်) ညနေပိုင်းက မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ ဘုန်းကြီးကျောင်းထီးတင်ပွဲ ၏ ပွဲဈေးတန်းအရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပွဲကိုလာရင်းနဲ့အနားကိုကပ်ပြီး သေနတ်နဲ့အပစ်ခံရတာလို့ သိရတယ်။ အမျိုးသားက ကျည်ဒဏ်ရာတစ်ချက်နဲ့ ဆုံးသွားတာ။ ဝိုင်းမော်မြို့ နယ်ထဲကနေ စစ်ဘေးရှောင်လာတဲ့လူလို့ သိရပါတယ်” ဟု မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် အသက် (၃ဝ)နှစ်ဝန်းကျင် အမျိုးသားတွင် ဦးခေါင်းဘယ်ဘက်ခြမ်းနားတွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားကို မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
ျမစ္ႀကီးနားတြင္ ဘုန္းႀကီးေက်ာင္းထီးတင္ပြဲသို႔လာေရာက္လည္ပတ္ေသာ စစ္ေဘးေရွာင္အမ်ိဳးသားတစ္ဦး ပစ္သတ္ခံရ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၁
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ဘုန္းႀကီးေက်ာင္းထီးတင္ပြဲသို႔ လာေရာက္လည္ပတ္ေသာ စစ္ေဘးေရွာင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရေၾကာင္း မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၁ဝ ရက္) ညေနပိုင္းက ျမစ္ႀကီးနားၿမိဳ႕၊ ယုဇနရပ္ကြက္ရွိ ဘုန္းႀကီးေက်ာင္းထီးတင္ပြဲ ၏ ပြဲေဈးတန္းအေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပြဲကိုလာရင္းနဲ႔အနားကိုကပ္ၿပီး ေသနတ္နဲ႔အပစ္ခံရတာလို႔ သိရတယ္။ အမ်ိဳးသားက က်ည္ဒဏ္ရာတစ္ခ်က္နဲ႔ ဆုံးသြားတာ။ ဝိုင္းေမာ္ၿမိဳ႕ နယ္ထဲကေန စစ္ေဘးေရွာင္လာတဲ့လူလို႔ သိရပါတယ္” ဟု မ်ိဳးဆက္သစ္ လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ အသက္ (၃ဝ)ႏွစ္ဝန္းက်င္ အမ်ိဳးသားတြင္ ဦးေခါင္းဘယ္ဘက္ျခမ္းနားတြင္ က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားကို ျမစ္ႀကီးနားၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ မ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအေရးယူႏိုင္ေရး သက္ဆိုင္ရာရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးလ်က္ရွိ ေၾကာင္း သိရသည္။