ဘရာဇီးနိုင်ငံ သမ္မတအဖြစ် သုံးကြိမ်တိုင် တိုင်တာဝန်ယူခဲ့တဲ့ သမ္မတ ဒါဆေးလ်ဗားအကြောင်း တစေ့တစောင်း (အထုပ္ပတ္တိ)

117

ဂျန်ဇက် (NP News) - နိုဝင်ဘာလ ၁၃
အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းရှိနိုင်ငံတွေအ ပေါ် ကုန်သွယ်ခွန်ကောက်ခံခဲ့ရာ အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကုန်သွယ်ခွန် ကောက်ခံမှုနဲ့ပတ်သက်ပြီး ဘရာဇီးသမ္မတနဲ့ အမေရိ ကန်သမ္မတကြား တင်းမာမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဘရာဇီးသမ္မတ လူဝစ္စအင်စီယာကို လူလာဒါဆေးဗားကိုယ်တိုင်က သူနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြား အဆက် အဆံမရှိဘူးလို့ ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူး အစီအစဉ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ထုတ် ဖော်ပြောဆိုခဲ့ဖူးတယ်။
သူဟာ ဘရာဇီးနိုင်ငံသမ္မတအဖြစ်(၂၀ဝ၃)ခုနှစ်၊ (၂၀၁၀)ပြည့်နှစ်နဲ့ (၂၀၂၃)ခုနှစ်တို့မှာတာဝန် ယူခဲ့ပြီး ဘရာဇီးနိုင်ငံသမ္မတ သက်တမ်းတစ်လျှောက် အချိန်အကြာဆုံးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ဩဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်သလို အလုပ်သမားပါတီခေါင်းဆောင်တစ် ဦးဖြစ်တဲ့ ဒါဆေးဗားကို (၁၉၄၇)ခုနှစ်ကမွေးဖွားခဲ့ ပါတယ်။ သူရဲ့ဖခင်ဖြစ်သူဟာ စိုက်ပျိုးရေးသမားတစ် ဦးဖြစ်သလို မိခင်ဖြစ်သူကလည်း အပ်ချုပ်သမားတစ် ဦးဖြစ်တဲ့အတွက် ဒါဆေးဗားဟာ ဘဝကို ခက်ခဲကြမ်း တမ်းစွာရုန်းကန်ခဲ့ရသူလည်းဖြစ်ပါတယ်။ မိသားစု စီးပွားရေး အဆင်မပြေတဲ့အတွက် ဒါဆေးဗားဟာ ဒုတိယတန်းအဆင့်မှာပဲ ကျောင်းထွက်ခဲ့ရသူဖြစ်ပါ တယ်။
ကျောင်းထွက်ခဲ့ပြီးနောက် ဒါဆေးဗားဟာ မြေပဲရောင်းတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ရသလို အသက် (၁၂)နှစ်အရွယ်မှာ ဖိနစ်တိုက်သမားအလုပ်ကို လုပ် ကိုင်ခဲ့ရပါတယ်။ ဒါ့ပြင် သူဟာအသက် (၁၄)နှစ်အ ရွယ်မှာ ဂိုဒေါင်အလုပ်သမားအလုပ်ကို လုပ်ကိုင်ခဲ့ရ ပြီး လူငယ်ဘဝဆယ်ကျော်သက်အရွယ်မှာပဲ သံမဏိ စက်ရုံကို ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။ ဘရာဇီးနိုင် ငံမှာ စစ်အာဏာရှင်ဆန့်ကျင့်ရေးဆန္ဒပြပွဲတွေဖြစ်လာ ချိန်အတွင်း ဒါဆေးဗားဟာ အလုပ်သမားအဖွဲ့အစည်း ကိုဦးဆောင်ခဲ့ပြီး ဘရာဇီးနိုင်ငံ ဒီမိုကရေစီစနစ် ပြန် လည်ထူထောင်ရေးဆောင်ရွက်ချိန်မှာ အလုပ်သမား ပါတီကိုကူညီပေးခဲ့ပါတယ်။ သူဟာ (၁၉၈၀)ပြည့် နှစ်မှာ အလုပ်သမားပါတီကို ပူးတွဲတည်ထောင်ခဲ့ပြီး ဘရာဇီးနိုင်ငံအတွင်း အလုပ်သမားလူတန်းစားနဲ့ နိုင်ငံ ရေးအပြောင်းအလဲတွေဖြစ်လာစေဖို့ ကြိုးပမ်းမှုတွေ စတင်ခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာ (၁၉၈၄)ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့တောင်းဆို တဲ့လှုပ်ရှားမှုများအတွင်း ဒါဆေးဗားဟာ ခေါင်းဆောင် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါဆေးဗားဟာ (၁၉၈၂)ခုနှစ် က ဆာအိုပေါ်လိုပြည်နယ်အုပ်ချုပ်ရေး ရွေးကောက် ပွဲကိုပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပေမယ့် (၁၉၈၆)ခုနှစ် က ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုပြည်နယ်မှာကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့ပြီးနောက် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ဒုတိယအကြီးအကဲအဖြစ် ရွေး ကောက်ခံရပြီးနောက် သုံးနှစ်အကြာ (၁၉၈၉)ခုနှစ်မှာ သမ္မတရွေးကောက်ပွဲကိုယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပါတယ်။
၎င်းဟာ သမ္မတရွေးကောက်ပွဲကို (၁၉၈၉) ခုနှစ်ကနေ (၁၉၉၈)ခုနှစ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာ အရှုံးနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ ဒါဆေးဗားဟာ သမ္မတရွေးကောက်ပွဲကို အရှုံးနဲ့သာ ဆက်တိုက်ရင် ဆိုင်ခဲ့ရပေမယ့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး (၂၀ဝ၂)ခု နှစ်မှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာတော့ အနိုင် ရခဲ့ကာ သမ္မတအဖြစ် ပထမဆုံးရွေးကောက်ခံခဲ့ရပါ တယ်။ ゞင်းဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံနဲ့ပြည်သူအတွက် ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် (၂၀ဝ၆)ခုနှစ်မှာကျင်းတဲ့ သမ္မတရွေးကောက်ပွဲအတွင်း ထပ်မံအနိုင်ရခဲ့ပါတယ်။ သူဟာ သမ္မတအဖြစ်နှစ်ကြိမ်တိုင်တိုင် တာဝန်ယူချိန် အတွင်း ဘရာဇီးပြည်သူတွေ ဆင်းရဲမှုလျှော့ချနိုင် အောင်ကူညီပေးနိုင်ခဲ့သလို ငွေကြေးဖောင်းပွမှုလျှော့ ချနိုင်ဖို့၊ အကြွေးတွေလျှော့ချနိုင်ဖို့ လုပ်ဆောင်ပေးနိုင် ခဲ့သလို ဂျီဒီပီတိုးတက်အောင်လည်း စွမ်းဆောင်ပေး ခဲ့ပါတယ်။
ဒါဆေးဗားဟာ သမ္မတအဖြစ် နှစ်ကြိမ်တိုင် တာဝန်ယူချိန်အတွင်း ဒေသအတွင်းနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပါ တယ်။ ဒါပေမဲ့ သူဟာ သမ္မတအဖြစ်တာဝန်ယူချိန်အ တွင်း အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့တယ်ဆိုတဲ့စွပ် စွဲချက်တွေရင်ဆိုင်ခဲ့ရပြီး (၂၀၁၀)ပြည့်နှစ်ရွေး ကောက်ပွဲမှာရှုံးနိမ့်ခဲ့ပါတယ်။ ဒါဆေးဗားဟာ ရွေး ကောက်ပွဲမှာ ရှုံးနိမ့်မှုနဲ့အတူ အကျင့်ပျက်လာဘ်စားမှု အပြင် ငွေကြေးခဝါချမှုတွေနဲ့ပတ်သက်ပြီး တရားစွဲခံ ရကာ အကျဉ်းထောင်ထဲမှာ ရက်ပေါင်း (၅၈၀) ကြာ နေထိုင်ခဲ့ရပါတယ်။ ဒါဆေးဗားဟာ အကျဉ်းထောင် ထဲမှာနေထိုင်ခဲ့ရပြီးနောက် (၂၀၁၈)ခုနှစ်မှာကျင်းပ မယ့် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ကြိုးပမ်း ခဲ့ပေမယ့် အရည်အချင်းမပြည့်မီသူအဖြစ် သတ်မှတ် ခံရကာ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး၊ သူဟာ သမ္မတအဖြစ် ကအနားယူပြီးနောက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ် ပြိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် ကန့်သတ်ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခက်ခဲများစွာတွေ့ကြုံခဲ့ရကာ (၂၀၂၂) ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင် ခဲ့ရာ အနိုင်ရတဲ့အတွက် (၂၀၂၃)ခုနှစ် ဇန်နဝါရီ (၁) ရက်မှာ သမ္မတသက်တမ်းကို သုံးကြိမ်မြောက် တာဝန် ယူခွင့်ရခဲ့ပါတယ်။ အသက် (၇၇)နှစ်အရွယ်ရှိ ဒါဆေး ဗားဟာ သူရဲ့ဘဝတစ်လျှောက် သမ္မတရွေးကောက်ပွဲနဲ့ ပြည်နယ်အုပ်ချုပ်ရေးရွေးကောက်ပွဲ (၈)ကြိမ်ယှဉ် ပြိုင်ခဲ့ဖူးပြီး နိုင်ငံရေးအတွေ့အကြုံရင့်ကျက်သူဖြစ်ပါ တယ်။ သူဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံပေါင်း (၈၀)ကိုသွားရောက်ခဲ့ဖူးပြီး ဘရာဇီးနိုင်ငံ ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခွင့်ရအောင်ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး၊ ဒါဆေးဗားဟာ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း တရုတ်နိုင်ငံ၊ ကျူးဘားနိုင်ငံ၊ အီရန်နိုင်ငံ၊ အီရတ်၊ လစ်ဗျား၊ ဗင်နီဇွဲလားနိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်နိုင်ခဲ့ တယ်လို့သိရပါတယ်။
သူဟာ " တည်ငြိမ်မှုနဲ့မူလအာဏာကိုထိန်း သိမ်းထားရင်း၊ ကမ္ဘာနိုင်ငံတွေနဲ့ ပူးပေါင်းလှုပ်ရှား ကာ ငြိမ်းချမ်းရေးနဲ့ တန်းတူအခွင့်အလမ်းကို ရှာဖွေ လိုစိတ်ရှိသူဖြစ်ပါတယ်။ ၎င်းဟာ လူမှုရေးလုပ်ငန်း တွေကိုထောက်ခံမှုကို အလေးပေးသူဖြစ်ပြီး၊ သဘာဝ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာလုပ်ငန်းတွေနဲ့ ဆင်းရဲမှု လျှော့ချရေးအပြင် လူထုအတွက်အရေးကြီးတဲ့ လူမူ ရေးအစီအစဉ်တွေကို ထိရောက်စွာလုပ်ရန် စိတ်ထား ရှိသူဖြစ်ပါတယ်။ သူဟာ သမ္မတအဖြစ်တာဝန်ယူချိန် အတွင်း ထူးချွန်တဲ့အရာတွေလုပ်ခဲ့ပေမယ့် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှုနဲ့ လက်တွေ့အကောင်ထည်ဖော် မှုပိုင်းတွေမှာ အားနည်းချက်ရှိသူဖြစ်တယ်လို့ဆိုကြ ပါတယ်။ ဒါဆေးဗားဟာ " အလုပ် သမား၊ လူတန်း စားမြှင့်တင်ရေးစိတ်ထားရှိသူဖြစ်သလို ပြည်သူလူထု ကို ကူညီပေးနိုင်ဖို့လိုလားသူဖြစ်ပါတယ်။ သူဟာ ဘရာဇီးနိုင်ငံကို " အမေရိကန်ရဲ့ကျော်ကြားမှု အောက်မရောက်ဘဲ သီးခြားတည်ရှိမှုရှိရမယ်လို့ ယူဆချက်ရှိသူဖြစ်ပါတယ်။ ဒါဆေးလ်ဗားဟာ လက်ရှိ သမ္မတ သက်တမ်းအတွင်း ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်ကြိုပမ်းခဲ့ပြီး အ ထူးသဖြင့် BRICS အဖွဲ့နဲ့ပတ်သက်ပြီး တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာ BRICS အဖွဲ့အတွင်း တက်ကြွစွာပူးပေါင်းဆောင် ရွက်လာချိန်မှာ အမေရိကန်နိုင်ငံနဲ့ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ပြီး အမေရိကန်သမ္မတဖြစ်သူ ဒေါ်နယ်ထ ရမ့်က ဘရာဇီးနိုင်ငံကို ကုန်သွယ်ခွန်တိုးမြှင့်ကောက် ခံဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဘရာဇီးသမ္မတဟာ နိုင်ငံ တွေကြား အပြန်အလှန်လေးစားမှုရှိဖို့၊ နိုင်ငံရေးနဲ့ လွတ်လပ်မှုကိုထိန်းသိမ်းဖို့ လိုလားဆန္ဒရှိသူဖြစ်ပါ တယ်။ ဘရာဇီးသမ္မတက ဘရာဇီးနိုင်ငံဟာ တခြားထိပ် တန်းနိုင်ငံကြီးတစ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ မဟုတ်ဘဲ မိမိနိုင်ငံရဲ့ဒီမိုကရေစီနဲ့အာဏာခွဲမှုစနစ် ကို ကိုယ်တိုင်ထိန်းသိမ်းထားရမယ်လို့ပြောဆိုခဲ့ဖူးသူ လည်းဖြစ်ပါတယ်။ ဘရာဇီးလက်ရှိသမ္မတဟာ အမေ ရိကန်နိုင်ငံအပြင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး၊ တန်းတူညီမျှရေးကို လိုလားသူဖြစ်ပါတယ်။
အထူးသဖြင့် ဒါဆေးလ်ဗားဟာ အမေရိ ကန်နိုင်ငံနဲ့တခြားနိုင်ငံကြား ဖြစ်ပွားတဲ့အငြင်းပွားမှု တွေမှာ ပါဝင်ဆက်နွှယ်လိုခြင်းမရှိဘဲ သီးခြားကြားနေ အဖြစ်ရပ်တည်လိုသူဖြစ်ပါတယ်။ ဒါဆေးလ်ဗားဟာ သီးခြားကြားနေနိုင်ငံများအစုအဖွဲ့ကိုလည်း တည် ထောင်လိုသူဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ မိတ် ဆွေဖြစ်တဲ့ ဘရာဇီးသမ္မတဟောင်း ဘိုလ်ဆိုနာရိုကို စစ်အာဏာသိမ်းဖို့ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး ဒါ ဆေးလ်ဗားဦးဆောင်တဲ့ ဘရာဇီးအစိုးရအဖွဲ့က စွဲ ချက်တင်စစ်ဆေးခဲ့ရာ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ ပါတယ်။
အမေရိကန်သမ္မတက ၎င်းရဲ့မိတ်ဆွေ ဘိုလ်ဆိုနာရိုကို ဘရာဇီးအစိုးရအဖွဲ့က စွဲချက်တင် တာကို လက်တုံ့ပြန်မှုအဖြစ် ဘရာဇီးနိုင်ငံကို ကုန် သွယ်ခွန် (၅၀) ရာခိုင်နှုန်းအထိကောက်ခံခဲ့တာမျိုး ဖြစ်ပါတယ်။ ဘိုလ်ဆိုနာရိုကိစ္စအပြင် ကုန်သွယ်ခွန် ပြဿနာတွေကြောင့် ဘရာဇီးသမ္မတနဲ့ အမေရိကန် သမ္မတကြား အငြင်းပွားမှု၊ တင်းမာမှုတွေ ပိုမိုဖြစ်လာ ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဒါဆေးလ်ဗားဟာ ကုန် သွယ်ရေးအငြင်းပွားမှုတွေကိုဖြေရှင်းနိုင်အောင် အ မေရိကန်သမ္မတနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးပြန် လည်ရရှိအောင်ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့လအတွင်း အ ပြန်အလှန်ဖုန်းဆက်မှုတွေရှိခဲ့ပါတယ်။ ဘရာဇီး သမ္မတက ဒေါ်နယ်ထရမ့်ကိုဖုန်းဆက်ချိန်အတွင်း ကုန်သွယ်ခွန်များလျှော့ချပေးဖို့ အဓိကထားတောင်း ဆိုခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုတွေမျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်လာခဲ့တယ်လို့ဆိုပါတယ်။ ဘရာဇီးသမ္မတ ဒါဆေးလ်ဗားဟာ နိုင်ငံနဲ့ပြည်သူအ ကျိုးစီးပွားအတွက် ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်ကြိုးပမ်းလာခြင်းဖြစ်ရာ ၎င်းရဲ့ သံ တမန်ရေးစွမ်းဆောင်ချက်ဘယ်လောက်အထိ ကောင်းမွန်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။ အမေရိကန်သမ္မတကတော့ " ဘရာဇီးနဲ့အမေ ရိကန်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေးကို အဓိက ထားမယ်" လို့ပြောဆိုထားပါတယ်။ ဒါဆေးလ်ဗားဟာ ဘရာဇီးနိုင်ငံသမ္မတအဖြစ် သုံးကြိမ်တိုင်တိုင် တာဝန် ယူခဲ့သူဖြစ်ရာ အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ် ပြီး နိုင်ငံနဲ့ပြည်သူအကျိုးစီးပွားအတွက် အမေရိကန် နိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံတွေနဲ့ သံတမန်ရေး ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံမှာ ဒါဆေးလ်ဗား သမ္မတ အဖြစ် တတိယအကြိမ်တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံ ဂျီဒီပီက တစ်နှစ်ထက်တိုးတက်လာခဲ့ပြီး (၂၀၂၄) ခုနှစ်မှာ ဘရာဇီးနိုင်ငံရဲ့ စုစုပေါင်း ဂျီဒီပီဟာ အမေရိ ကန်ဒေါ်လာ (၂ ဒသမ ၁၇၉)ထရီလျံရှိခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်အောင်ကြိုးပမ်းမယ်ဆိုရင် နိုင်ငံစီးပွားရေးတိုး တက်မယ့်အလားလာကောင်းတွေ ရှိလာနိုင်ပါတယ်။ ဘရာဇီးနိုင်ငံ လက်ရှိသမ္မတ ဒါဆေးလ်ဗားအနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ကုန် သွယ်ရေးနဲ့ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဘယ်လိုမျိုးစွမ်းဆောင်ပြမလဲဆိုတာ စောင့်ကြည့်ရ ဖွယ်ရှိနေပါတယ်။

Zawgyi Versionn:
ဘရာဇီးႏိုင္ငံ သမၼတအျဖစ္ သုံးႀကိမ္တိုင္ တိုင္တာဝန္ယူခဲ့တဲ့ သမၼတ ဒါေဆးလ္ဗားအေၾကာင္း တေစ့တေစာင္း
(အထုပၸတၱိ)
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာလ ၁၃
အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ထရမ့္သမၼတ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကမာၻတစ္ဝန္းရွိႏိုင္ငံေတြအ ေပၚ ကုန္သြယ္ခြန္ေကာက္ခံခဲ့ရာ အျငင္းပြားစရာေတြ ျဖစ္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ကုန္သြယ္ခြန္ ေကာက္ခံမႈနဲ႔ပတ္သက္ၿပီး ဘရာဇီးသမၼတနဲ႔ အေမရိ ကန္သမၼတၾကား တင္းမာမႈေတြရွိေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဘရာဇီးသမၼတ လူဝစၥအင္စီယာကို လူလာဒါေဆးဗားကိုယ္တိုင္က သူနဲ႔အေမရိကန္သမၼတေဒၚနယ္ထရမ့္ၾကား အဆက္ အဆံမရွိဘူးလို႔ ဘီဘီစီသတင္းဌာနနဲ႔ အင္တာဗ်ဴး အစီအစဥ္မွာ ၿပီးခဲ့တဲ့ေအာက္တိုဘာလအတြင္း ထုတ္ ေဖာ္ေျပာဆိုခဲ့ဖူးတယ္။
သူဟာ ဘရာဇီးႏိုင္ငံသမၼတအျဖစ္(၂၀ဝ၃)ခုႏွစ္၊ (၂၀၁၀)ျပည့္ႏွစ္နဲ႔ (၂၀၂၃)ခုႏွစ္တို႔မွာတာဝန္ ယူခဲ့ၿပီး ဘရာဇီးႏိုင္ငံသမၼတ သက္တမ္းတစ္ေလွ်ာက္ အခ်ိန္အၾကာဆုံးတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ဘရာဇီးႏိုင္ငံမွာ ဩဇာလႊမ္းမိုးမႈရွိတဲ့ ႏိုင္ငံေရးသမား တစ္ဦးျဖစ္သလို အလုပ္သမားပါတီေခါင္းေဆာင္တစ္ ဦးျဖစ္တဲ့ ဒါေဆးဗားကို (၁၉၄၇)ခုႏွစ္ကေမြးဖြားခဲ့ ပါတယ္။ သူရဲ႕ဖခင္ျဖစ္သူဟာ စိုက္ပ်ိဳးေရးသမားတစ္ ဦးျဖစ္သလို မိခင္ျဖစ္သူကလည္း အပ္ခ်ဳပ္သမားတစ္ ဦးျဖစ္တဲ့အတြက္ ဒါေဆးဗားဟာ ဘဝကို ခက္ခဲၾကမ္း တမ္းစြာ႐ုန္းကန္ခဲ့ရသူလည္းျဖစ္ပါတယ္။ မိသားစု စီးပြားေရး အဆင္မေျပတဲ့အတြက္ ဒါေဆးဗားဟာ ဒုတိယတန္းအဆင့္မွာပဲ ေက်ာင္းထြက္ခဲ့ရသူျဖစ္ပါ တယ္။
ေက်ာင္းထြက္ခဲ့ၿပီးေနာက္ ဒါေဆးဗားဟာ ေျမပဲေရာင္းတဲ့အလုပ္ကိုလုပ္ကိုင္ခဲ့ရသလို အသက္ (၁၂)ႏွစ္အ႐ြယ္မွာ ဖိနစ္တိုက္သမားအလုပ္ကို လုပ္ ကိုင္ခဲ့ရပါတယ္။ ဒါ့ျပင္ သူဟာအသက္ (၁၄)ႏွစ္အ ႐ြယ္မွာ ဂိုေဒါင္အလုပ္သမားအလုပ္ကို လုပ္ကိုင္ခဲ့ရ ၿပီး လူငယ္ဘဝဆယ္ေက်ာ္သက္အ႐ြယ္မွာပဲ သံမဏိ စက္႐ုံကို ဝင္ေရာက္လုပ္ကိုင္ခဲ့ရပါတယ္။ ဘရာဇီးႏိုင္ ငံမွာ စစ္အာဏာရွင္ဆန႔္က်င့္ေရးဆႏၵျပပြဲေတြျဖစ္လာ ခ်ိန္အတြင္း ဒါေဆးဗားဟာ အလုပ္သမားအဖြဲ႕အစည္း ကိုဦးေဆာင္ခဲ့ၿပီး ဘရာဇီးႏိုင္ငံ ဒီမိုကေရစီစနစ္ ျပန္ လည္ထူေထာင္ေရးေဆာင္႐ြက္ခ်ိန္မွာ အလုပ္သမား ပါတီကိုကူညီေပးခဲ့ပါတယ္။ သူဟာ (၁၉၈၀)ျပည့္ ႏွစ္မွာ အလုပ္သမားပါတီကို ပူးတြဲတည္ေထာင္ခဲ့ၿပီး ဘရာဇီးႏိုင္ငံအတြင္း အလုပ္သမားလူတန္းစားနဲ႔ ႏိုင္ငံ ေရးအေျပာင္းအလဲေတြျဖစ္လာေစဖို႔ ႀကိဳးပမ္းမႈေတြ စတင္ခဲ့ပါတယ္။
ဘရာဇီးႏိုင္ငံမွာ (၁၉၈၄)ခုႏွစ္တုန္းက သမၼတေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပဖို႔ေတာင္းဆို တဲ့လႈပ္ရွားမႈမ်ားအတြင္း ဒါေဆးဗားဟာ ေခါင္းေဆာင္ ပါဝင္ခဲ့သူျဖစ္ပါတယ္။ ဒါေဆးဗားဟာ (၁၉၈၂)ခုႏွစ္ က ဆာအိုေပၚလိုျပည္နယ္အုပ္ခ်ဳပ္ေရး ေ႐ြးေကာက္ ပြဲကိုပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ ရႈံးနိမ့္ခဲ့ေပမယ့္ (၁၉၈၆)ခုႏွစ္ က ဘရာဇီးႏိုင္ငံ ဆာအိုေပၚလိုျပည္နယ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲအတြင္း အႏိုင္ရခဲ့ၿပီးေနာက္ ျပည္နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဒုတိယအႀကီးအကဲအျဖစ္ ေ႐ြး ေကာက္ခံရၿပီးေနာက္ သုံးႏွစ္အၾကာ (၁၉၈၉)ခုႏွစ္မွာ သမၼတေ႐ြးေကာက္ပြဲကိုယွဥ္ၿပိဳင္ခဲ့ရာ ရႈံးနိမ့္ခဲ့ပါတယ္။
၎ဟာ သမၼတေ႐ြးေကာက္ပြဲကို (၁၉၈၉) ခုႏွစ္ကေန (၁၉၉၈)ခုႏွစ္အထိ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ ရာ အရႈံးနဲ႔သာရင္ဆိုင္ခဲ့ရပါတယ္။ ဒါေဆးဗားဟာ သမၼတေ႐ြးေကာက္ပြဲကို အရႈံးနဲ႔သာ ဆက္တိုက္ရင္ ဆိုင္ခဲ့ရေပမယ့္ ဆက္လက္ယွဥ္ၿပိဳင္ခဲ့ၿပီး (၂၀ဝ၂)ခု ႏွစ္မွာက်င္းပတဲ့ သမၼတေ႐ြးေကာက္ပြဲမွာေတာ့ အႏိုင္ ရခဲ့ကာ သမၼတအျဖစ္ ပထမဆုံးေ႐ြးေကာက္ခံခဲ့ရပါ တယ္။ ゞင္းဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံနဲ႔ျပည္သူအတြက္ ရလဒ္ေကာင္းေတြရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ (၂၀ဝ၆)ခုႏွစ္မွာက်င္းတဲ့ သမၼတေ႐ြးေကာက္ပြဲအတြင္း ထပ္မံအႏိုင္ရခဲ့ပါတယ္။ သူဟာ သမၼတအျဖစ္ႏွစ္ႀကိမ္တိုင္တိုင္ တာဝန္ယူခ်ိန္ အတြင္း ဘရာဇီးျပည္သူေတြ ဆင္းရဲမႈေလွ်ာ့ခ်ႏိုင္ ေအာင္ကူညီေပးႏိုင္ခဲ့သလို ေငြေၾကးေဖာင္းပြမႈေလွ်ာ့ ခ်ႏိုင္ဖို႔၊ အေႂကြးေတြေလွ်ာ့ခ်ႏိုင္ဖို႔ လုပ္ေဆာင္ေပးႏိုင္ ခဲ့သလို ဂ်ီဒီပီတိုးတက္ေအာင္လည္း စြမ္းေဆာင္ေပး ခဲ့ပါတယ္။
ဒါေဆးဗားဟာ သမၼတအျဖစ္ ႏွစ္ႀကိမ္တိုင္ တာဝန္ယူခ်ိန္အတြင္း ေဒသအတြင္းနဲ႔ ကမာၻ႔ႏိုင္ငံေရး အခင္းအက်င္းေတြမွာ တက္ႂကြစြာ ပူးေပါင္းပါဝင္ခဲ့ပါ တယ္။ ဒါေပမဲ့ သူဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အ တြင္း အက်င့္ပ်က္လာဘ္စားမႈေတြရွိခဲ့တယ္ဆိုတဲ့စြပ္ စြဲခ်က္ေတြရင္ဆိုင္ခဲ့ရၿပီး (၂၀၁၀)ျပည့္ႏွစ္ေ႐ြး ေကာက္ပြဲမွာရႈံးနိမ့္ခဲ့ပါတယ္။ ဒါေဆးဗားဟာ ေ႐ြး ေကာက္ပြဲမွာ ရႈံးနိမ့္မႈနဲ႔အတူ အက်င့္ပ်က္လာဘ္စားမႈ အျပင္ ေငြေၾကးခဝါခ်မႈေတြနဲ႔ပတ္သက္ၿပီး တရားစြဲခံ ရကာ အက်ဥ္းေထာင္ထဲမွာ ရက္ေပါင္း (၅၈၀) ၾကာ ေနထိုင္ခဲ့ရပါတယ္။ ဒါေဆးဗားဟာ အက်ဥ္းေထာင္ ထဲမွာေနထိုင္ခဲ့ရၿပီးေနာက္ (၂၀၁၈)ခုႏွစ္မွာက်င္းပ မယ့္ သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ႀကိဳးပမ္း ခဲ့ေပမယ့္ အရည္အခ်င္းမျပည့္မီသူအျဖစ္ သတ္မွတ္ ခံရကာ ယွဥ္ၿပိဳင္ခြင့္မရခဲ့ပါဘူး၊ သူဟာ သမၼတအျဖစ္ ကအနားယူၿပီးေနာက္ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ ၿပိဳင္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ ကန႔္သတ္ပိတ္ပင္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အခက္ခဲမ်ားစြာေတြ႕ႀကဳံခဲ့ရကာ (၂၀၂၂) ခုႏွစ္သမၼတေ႐ြးေကာက္ပြဲမွာ ထပ္မံယွဥ္ၿပိဳင္ ခဲ့ရာ အႏိုင္ရတဲ့အတြက္ (၂၀၂၃)ခုႏွစ္ ဇန္နဝါရီ (၁) ရက္မွာ သမၼတသက္တမ္းကို သုံးႀကိမ္ေျမာက္ တာဝန္ ယူခြင့္ရခဲ့ပါတယ္။ အသက္ (၇၇)ႏွစ္အ႐ြယ္ရွိ ဒါေဆး ဗားဟာ သူရဲ႕ဘဝတစ္ေလွ်ာက္ သမၼတေ႐ြးေကာက္ပြဲနဲ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးေ႐ြးေကာက္ပြဲ (၈)ႀကိမ္ယွဥ္ ၿပိဳင္ခဲ့ဖူးၿပီး ႏိုင္ငံေရးအေတြ႕အႀကဳံရင့္က်က္သူျဖစ္ပါ တယ္။ သူဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံေပါင္း (၈၀)ကိုသြားေရာက္ခဲ့ဖူးၿပီး ဘရာဇီးႏိုင္ငံ ကို ကုလသမဂၢလုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရေအာင္ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး၊ ဒါေဆးဗားဟာ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း တ႐ုတ္ႏိုင္ငံ၊ က်ဴးဘားႏိုင္ငံ၊ အီရန္ႏိုင္ငံ၊ အီရတ္၊ လစ္ဗ်ား၊ ဗင္နီဇြဲလားႏိုင္ငံတို႔နဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္တည္ေဆာက္ႏိုင္ခဲ့ တယ္လို႔သိရပါတယ္။
သူဟာ " တည္ၿငိမ္မႈနဲ႔မူလအာဏာကိုထိန္း သိမ္းထားရင္း၊ ကမာၻႏိုင္ငံေတြနဲ႔ ပူးေပါင္းလႈပ္ရွား ကာ ၿငိမ္းခ်မ္းေရးနဲ႔ တန္းတူအခြင့္အလမ္းကို ရွာေဖြ လိုစိတ္ရွိသူျဖစ္ပါတယ္။ ၎ဟာ လူမႈေရးလုပ္ငန္း ေတြကိုေထာက္ခံမႈကို အေလးေပးသူျဖစ္ၿပီး၊ သဘာဝ ပတ္ဝန္းက်င္ပိုင္းဆိုင္ရာလုပ္ငန္းေတြနဲ႔ ဆင္းရဲမႈ ေလွ်ာ့ခ်ေရးအျပင္ လူထုအတြက္အေရးႀကီးတဲ့ လူမူ ေရးအစီအစဥ္ေတြကို ထိေရာက္စြာလုပ္ရန္ စိတ္ထား ရွိသူျဖစ္ပါတယ္။ သူဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္ အတြင္း ထူးခြၽန္တဲ့အရာေတြလုပ္ခဲ့ေပမယ့္ ေဆြးေႏြး ညႇိႏႈိင္းေဆာင္႐ြက္မႈနဲ႔ လက္ေတြ႕အေကာင္ထည္ေဖာ္ မႈပိုင္းေတြမွာ အားနည္းခ်က္ရွိသူျဖစ္တယ္လို႔ဆိုၾက ပါတယ္။ ဒါေဆးဗားဟာ " အလုပ္ သမား၊ လူတန္း စားျမႇင့္တင္ေရးစိတ္ထားရွိသူျဖစ္သလို ျပည္သူလူထု ကို ကူညီေပးႏိုင္ဖို႔လိုလားသူျဖစ္ပါတယ္။ သူဟာ ဘရာဇီးႏိုင္ငံကို " အေမရိကန္ရဲ႕ေက်ာ္ၾကားမႈ ေအာက္မေရာက္ဘဲ သီးျခားတည္ရွိမႈရွိရမယ္လို႔ ယူဆခ်က္ရွိသူျဖစ္ပါတယ္။ ဒါေဆးလ္ဗားဟာ လက္ရွိ သမၼတ သက္တမ္းအတြင္း ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္ႀကိဳပမ္းခဲ့ၿပီး အ ထူးသျဖင့္ BRICS အဖြဲ႕နဲ႔ပတ္သက္ၿပီး တက္ႂကြစြာ ပူးေပါင္း ေဆာင္႐ြက္ခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံဟာ BRICS အဖြဲ႕အတြင္း တက္ႂကြစြာပူးေပါင္းေဆာင္ ႐ြက္လာခ်ိန္မွာ အေမရိကန္ႏိုင္ငံနဲ႔ အျငင္းပြားမႈေတြ ပိုမိုျဖစ္လာခဲ့ၿပီး အေမရိကန္သမၼတျဖစ္သူ ေဒၚနယ္ထ ရမ့္က ဘရာဇီးႏိုင္ငံကို ကုန္သြယ္ခြန္တိုးျမႇင့္ေကာက္ ခံဖို႔ ႀကိဳးပမ္းလာခဲ့ပါတယ္။ ဘရာဇီးသမၼတဟာ ႏိုင္ငံ ေတြၾကား အျပန္အလွန္ေလးစားမႈရွိဖို႔၊ ႏိုင္ငံေရးနဲ႔ လြတ္လပ္မႈကိုထိန္းသိမ္းဖို႔ လိုလားဆႏၵရွိသူျဖစ္ပါ တယ္။ ဘရာဇီးသမၼတက ဘရာဇီးႏိုင္ငံဟာ တျခားထိပ္ တန္းႏိုင္ငံႀကီးတစ္ႏိုင္ငံရဲ႕ လက္ေအာက္ခံႏိုင္ငံ မဟုတ္ဘဲ မိမိႏိုင္ငံရဲ႕ဒီမိုကေရစီနဲ႔အာဏာခြဲမႈစနစ္ ကို ကိုယ္တိုင္ထိန္းသိမ္းထားရမယ္လို႔ေျပာဆိုခဲ့ဖူးသူ လည္းျဖစ္ပါတယ္။ ဘရာဇီးလက္ရွိသမၼတဟာ အေမ ရိကန္ႏိုင္ငံအျပင္ တ႐ုတ္ႏိုင္ငံ၊ ႐ုရွားႏိုင္ငံတို႔နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး၊ တန္းတူညီမွ်ေရးကို လိုလားသူျဖစ္ပါတယ္။
အထူးသျဖင့္ ဒါေဆးလ္ဗားဟာ အေမရိ ကန္ႏိုင္ငံနဲ႔တျခားႏိုင္ငံၾကား ျဖစ္ပြားတဲ့အျငင္းပြားမႈ ေတြမွာ ပါဝင္ဆက္ႏႊယ္လိုျခင္းမရွိဘဲ သီးျခားၾကားေန အျဖစ္ရပ္တည္လိုသူျဖစ္ပါတယ္။ ဒါေဆးလ္ဗားဟာ သီးျခားၾကားေနႏိုင္ငံမ်ားအစုအဖြဲ႕ကိုလည္း တည္ ေထာင္လိုသူျဖစ္ပါတယ္။ အေမရိကန္သမၼတရဲ႕ မိတ္ ေဆြျဖစ္တဲ့ ဘရာဇီးသမၼတေဟာင္း ဘိုလ္ဆိုနာ႐ိုကို စစ္အာဏာသိမ္းဖို႔ႀကိဳးပမ္းမႈေတြနဲ႔ပတ္သက္ၿပီး ဒါ ေဆးလ္ဗားဦးေဆာင္တဲ့ ဘရာဇီးအစိုးရအဖြဲ႕က စြဲ ခ်က္တင္စစ္ေဆးခဲ့ရာ အျငင္းပြားမႈေတြ ပိုမိုျဖစ္လာခဲ့ ပါတယ္။
အေမရိကန္သမၼတက ၎ရဲ႕မိတ္ေဆြ ဘိုလ္ဆိုနာ႐ိုကို ဘရာဇီးအစိုးရအဖြဲ႕က စြဲခ်က္တင္ တာကို လက္တုံ႔ျပန္မႈအျဖစ္ ဘရာဇီးႏိုင္ငံကို ကုန္ သြယ္ခြန္ (၅၀) ရာခိုင္ႏႈန္းအထိေကာက္ခံခဲ့တာမ်ိဳး ျဖစ္ပါတယ္။ ဘိုလ္ဆိုနာ႐ိုကိစၥအျပင္ ကုန္သြယ္ခြန္ ျပႆနာေတြေၾကာင့္ ဘရာဇီးသမၼတနဲ႔ အေမရိကန္ သမၼတၾကား အျငင္းပြားမႈ၊ တင္းမာမႈေတြ ပိုမိုျဖစ္လာ ခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ ဒါေဆးလ္ဗားဟာ ကုန္ သြယ္ေရးအျငင္းပြားမႈေတြကိုေျဖရွင္းႏိုင္ေအာင္ အ ေမရိကန္သမၼတနဲ႔ေကာင္းမြန္တဲ့ ဆက္ဆံေရးျပန္ လည္ရရွိေအာင္ႀကိဳးပမ္းေနၿပီး ၿပီးခဲ့တဲ့လအတြင္း အ ျပန္အလွန္ဖုန္းဆက္မႈေတြရွိခဲ့ပါတယ္။ ဘရာဇီး သမၼတက ေဒၚနယ္ထရမ့္ကိုဖုန္းဆက္ခ်ိန္အတြင္း ကုန္သြယ္ခြန္မ်ားေလွ်ာ့ခ်ေပးဖို႔ အဓိကထားေတာင္း ဆိုခဲ့ၿပီး အျပန္အလွန္ေဆြးေႏြးမႈေတြေမွ်ာ္လင့္ထားတာထက္ ပိုမိုေကာင္းမြန္လာခဲ့တယ္လို႔ဆိုပါတယ္။ ဘရာဇီးသမၼတ ဒါေဆးလ္ဗားဟာ ႏိုင္ငံနဲ႔ျပည္သူအ က်ိဳးစီးပြားအတြက္ ေဒၚနယ္ထရမ့္နဲ႔ ဆက္ဆံေရး ေကာင္းမြန္ေအာင္ႀကိဳးပမ္းလာျခင္းျဖစ္ရာ ၎ရဲ႕ သံ တမန္ေရးစြမ္းေဆာင္ခ်က္ဘယ္ေလာက္အထိ ေကာင္းမြန္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါ တယ္။ အေမရိကန္သမၼတကေတာ့ " ဘရာဇီးနဲ႔အေမ ရိကန္ႏိုင္ငံၾကား ကုန္သြယ္ေရး၊ စီးပြားေရးကို အဓိက ထားမယ္" လို႔ေျပာဆိုထားပါတယ္။ ဒါေဆးလ္ဗားဟာ ဘရာဇီးႏိုင္ငံသမၼတအျဖစ္ သုံးႀကိမ္တိုင္တိုင္ တာဝန္ ယူခဲ့သူျဖစ္ရာ အေတြ႕အႀကဳံရင့္က်က္သူတစ္ဦးျဖစ္ ၿပီး ႏိုင္ငံနဲ႔ျပည္သူအက်ိဳးစီးပြားအတြက္ အေမရိကန္ ႏိုင္ငံအပါအဝင္ ကမာၻႏိုင္ငံေတြနဲ႔ သံတမန္ေရး ေကာင္းမြန္ေအာင္ ဘယ္လိုလုပ္ေဆာင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
ဘရာဇီးႏိုင္ငံမွာ ဒါေဆးလ္ဗား သမၼတ အျဖစ္ တတိယအႀကိမ္တာဝန္ယူၿပီးေနာက္ပိုင္း ႏိုင္ငံ ဂ်ီဒီပီက တစ္ႏွစ္ထက္တိုးတက္လာခဲ့ၿပီး (၂၀၂၄) ခုႏွစ္မွာ ဘရာဇီးႏိုင္ငံရဲ႕ စုစုေပါင္း ဂ်ီဒီပီဟာ အေမရိ ကန္ေဒၚလာ (၂ ဒသမ ၁၇၉)ထရီလ်ံရွိခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံနဲ႔ ျဖစ္ပြားေနတဲ့ ကုန္သြယ္ေရးအျငင္းပြားမႈေတြကို ေျဖရွင္းႏိုင္ေအာင္ႀကိဳးပမ္းမယ္ဆိုရင္ ႏိုင္ငံစီးပြားေရးတိုး တက္မယ့္အလားလာေကာင္းေတြ ရွိလာႏိုင္ပါတယ္။ ဘရာဇီးႏိုင္ငံ လက္ရွိသမၼတ ဒါေဆးလ္ဗားအေနနဲ႔ အေမရိကန္ႏိုင္ငံနဲ႔ ဆက္ဆံေရးေကာင္းမြန္ၿပီး ကုန္ သြယ္ေရးနဲ႔ စီးပြားေရးတိုးတက္ေကာင္းမြန္ေအာင္ ဘယ္လိုမ်ိဳးစြမ္းေဆာင္ျပမလဲဆိုတာ ေစာင့္ၾကည့္ရ ဖြယ္ရွိေနပါတယ္။