အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က Maoistသူပုန်(၆)ဦးကို အောင်မြင်စွာသတ်ပစ်

156

Pika(NP News)-နိုဝင်ဘာ ၁၃
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာ Maoistသူပုန်(၆)ဦးကို အောင်မြင်စွာသတ်ပစ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာကြာ ထကြွသောင်းကျန်းမှုတွေကို ရပ်တန့်တော့မယ်လို့ Maoistသူပုန်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ယခုလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Maoistသူပုန်အဖွဲ့ဝင်(၆)ဦးကို သတ်ပစ်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်ဟာ Chhattisgarhပြည်နယ် Bijapurခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ရဲတပ်ဖွဲ့အရာရှိ Sundarraj Pattilingamက”ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီးနောက် Maoistသူပုန်(၆)ဦးကို အောင်မြင်စွာသတ်ပစ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲတပ်ဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း Maoistသူပုန်တွေကို ပစ်သတ်နိုင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့ Maoistသူပုန်အဖွဲ့ရဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေအပြင် ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း Sundarraj Pattilingamဟာ အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိဘဲ Maoistသူပုန်အဖွဲ့ရဲ့ အကြီးတန်းတပ်မှူးတွေ သေဆုံးခဲ့တယ်လို့ပဲ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕က Maoistသူပုန္(၆)ဦးကို ေအာင္ျမင္စြာသတ္ပစ္
Pika(NP News)-ႏိုဝင္ဘာ ၁၃
အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ Maoistသူပုန္(၆)ဦးကို ေအာင္ျမင္စြာသတ္ပစ္ႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာ ထႂကြေသာင္းက်န္းမႈေတြကို ရပ္တန႔္ေတာ့မယ္လို႔ Maoistသူပုန္အဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ Maoistသူပုန္အဖြဲ႕ဝင္(၆)ဦးကို သတ္ပစ္ခဲ့တဲ့ ေနာက္ဆုံးျဖစ္ရပ္ဟာ Chhattisgarhျပည္နယ္ Bijapurခ႐ိုင္မွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ရဲတပ္ဖြဲ႕အရာရွိ Sundarraj Pattilingamက”ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ Maoistသူပုန္(၆)ဦးကို ေအာင္ျမင္စြာသတ္ပစ္ႏိုင္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔ရဲတပ္ဖြဲ႕ဟာ ပူးတြဲစစ္ဆင္ေရးတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီး အျပန္အလွန္ပစ္ခတ္မႈေတြအတြင္း Maoistသူပုန္ေတြကို ပစ္သတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ၿပီးေတာ့ Maoistသူပုန္အဖြဲ႕ရဲ႕ ေခတ္မီစစ္လက္နက္ပစၥည္းေတြအျပင္ ေဖာက္ခြဲေရးပစၥည္းေတြကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း Sundarraj Pattilingamဟာ အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္တဲ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိဘဲ Maoistသူပုန္အဖြဲ႕ရဲ႕ အႀကီးတန္းတပ္မႉးေတြ ေသဆုံးခဲ့တယ္လို႔ပဲ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။