လေယာဉ်တင်သင်္ဘောအနီးချဉ်းကပ်လာခဲ့တဲ့ အီရန်ဒရုန်းကို အမေရိကန်ပစ်ချ

 175

Pika(NP News)-ဖေဖော်ဝါရီ ၅
အာရေးဗျပင်လယ်အတွင်းက အမေရိကန်လေယာဉ်တင်သင်္ဘောအနီးကို ချဉ်းကပ်လာခဲ့တဲ့ အီရန်ဒရုန်းတစ်စင်းကို အမေရိကန်တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘော USS Abrahm Lincolnက အီရန်တောင်ပိုင်းကမ်းရိုးတန်းကနေမိုင်(၅၀၀)ခန့်အကွာမှာရှိတဲ့ အာရေးဗျပင်လယ်အတွင်းမှာ လှည့်လည်သွားလာမှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း ယခုလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။အမေရိကန်တောင်ပိုင်းကွက်ကဲမှုဌာနချုပ်က” အမေရိကန်လေယာဉ်တင်သင်္ဘော USS Abrahm Lincolnက အာရေးဗျပင်လယ်အတွင်း လှည့်လည်သွားလာနေတဲ့အချိန်မှာ အီရန်ထုတ် Shahed-139ဒရုန်းတစ်စီးက အနီးကို ချဉ်းကပ်လာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ လေယာဉ်တင်သင်္ဘောပေါ်မှာပါတဲ့ အမေရိကန်တိုက်လေယာဉ်တစ်စီးက အီရန်ထုတ် Shahed-139ဒရုန်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိခဲ့သလို စစ်ဘက်ဆိုင်ရာပစ္စည်းတွေလည်း ပျက်စီးတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ေလယာဥ္တင္သေဘၤာအနီးခ်ဥ္းကပ္လာခဲ့တဲ့ အီရန္ဒ႐ုန္းကို အေမရိကန္ပစ္ခ်
Pika(NP News)-ေဖေဖာ္ဝါရီ ၅
အာေရးဗ်ပင္လယ္အတြင္းက အေမရိကန္ေလယာဥ္တင္သေဘၤာအနီးကို ခ်ဥ္းကပ္လာခဲ့တဲ့ အီရန္ဒ႐ုန္းတစ္စင္းကို အေမရိကန္တိုက္ေလယာဥ္တစ္စင္းက ပစ္ခ်ခဲ့တယ္လို႔ အေမရိကန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ေလယာဥ္တင္သေဘၤာ USS Abrahm Lincolnက အီရန္ေတာင္ပိုင္းကမ္း႐ိုးတန္းကေနမိုင္(၅၀၀)ခန႔္အကြာမွာရွိတဲ့ အာေရးဗ်ပင္လယ္အတြင္းမွာ လွည့္လည္သြားလာမႈေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။အေမရိကန္ေတာင္ပိုင္းကြက္ကဲမႈဌာနခ်ဳပ္က” အေမရိကန္ေလယာဥ္တင္သေဘၤာ USS Abrahm Lincolnက အာေရးဗ်ပင္လယ္အတြင္း လွည့္လည္သြားလာေနတဲ့အခ်ိန္မွာ အီရန္ထုတ္ Shahed-139ဒ႐ုန္းတစ္စီးက အနီးကို ခ်ဥ္းကပ္လာခဲ့ပါတယ္။ကံေကာင္းစြာနဲ႔ပဲ ေလယာဥ္တင္သေဘၤာေပၚမွာပါတဲ့ အေမရိကန္တိုက္ေလယာဥ္တစ္စီးက အီရန္ထုတ္ Shahed-139ဒ႐ုန္းကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္အတြင္း အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ထိခိုက္ဒဏ္ရာရရွိတာမ်ိဳး မရွိခဲ့သလို စစ္ဘက္ဆိုင္ရာပစၥည္းေတြလည္း ပ်က္စီးတာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.