အမေရိကန်နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တံခါးဖွင့်ထားတယ်လို့ အီရန်အစိုးရပြော

108

Pika(NP News)-ဖေဖော်ဝါရီ ၅
အမေရိကန်နိုင်ငံနဲ့ သံတမန်ရေးအရဆက်ဆံမှုတွေလုပ်ဆောင်ဖို့ ဆန္ဒရှိတာကို အီရန်အစိုးရက ထုတ်ပြန်ပြသခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း ဆွေးနွေးပွဲတွေအားလုံးက ဖိအားကင်းရှင်းရမှာဖြစ်သလို ၎င်းရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီးဖော်ပြထားတဲ့ အီရန်ရဲ့ရပ်တည်ချက်တွေကို လေးစားရမယ်လို့ အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ(၂၈)ရက်နေ့ကနေစတင်ပြီး အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် ဆန္ဒပြသူတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အီရန်နဲ့အမေရိကန်ကြား တင်းမာမှုတွေစတင်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် အီရန်ကို သတိပေးတဲ့အနေနဲ့ အမေရိကန်က ကြီးမားတဲ့ရေတပ်အင်အားစုကြီးတစ်ခုကို အရှေ့အလယ်ပိုင်းဒေသမှာ ဖြန့်ကျက်ချထားခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း ၎င်းရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေအတွက်သာဖြစ်တယ်လို့လည်း အီရန်အစိုးရက အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အီရန်ရဲ့နျူကလီးယားပြဿနာကို နိုင်ငံရေး၊သံတမန်ရေးနည်းလမ်းတွေနဲ့ပဲ ဖြေရှင်းမှုတွေလုပ်ဆောင်သင့်တယ်လို့ ရုရှားအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အီရန်ဘက်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ တံခါးဖြင့္ထားတယ္လို႔ အီရန္အစိုးရေျပာ
Pika(NP News)-ေဖေဖာ္ဝါရီ ၅
အေမရိကန္ႏိုင္ငံနဲ႔ သံတမန္ေရးအရဆက္ဆံမႈေတြလုပ္ေဆာင္ဖို႔ ဆႏၵရွိတာကို အီရန္အစိုးရက ထုတ္ျပန္ျပသခဲ့တယ္လို႔ သိရပါတယ္။ဒါေပမယ့္လည္း ေဆြးေႏြးပြဲေတြအားလုံးက ဖိအားကင္းရွင္းရမွာျဖစ္သလို ၎ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီးေဖာ္ျပထားတဲ့ အီရန္ရဲ႕ရပ္တည္ခ်က္ေတြကို ေလးစားရမယ္လို႔ အီရန္အစိုးရက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလ(၂၈)ရက္ေန႔ကေနစတင္ၿပီး အီရန္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ ဆႏၵျပသူေတြကို ကိုင္တြယ္ေျဖရွင္းပုံနဲ႔ပတ္သက္ၿပီး အီရန္နဲ႔အေမရိကန္ၾကား တင္းမာမႈေတြစတင္ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ အီရန္ကို သတိေပးတဲ့အေနနဲ႔ အေမရိကန္က ႀကီးမားတဲ့ေရတပ္အင္အားစုႀကီးတစ္ခုကို အေရွ႕အလယ္ပိုင္းေဒသမွာ ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ သိရပါတယ္။ဒါေပမယ့္လည္း ၎ရဲ႕န်ဴကလီးယားအစီအစဥ္ဟာ ၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္ေတြအတြက္သာျဖစ္တယ္လို႔လည္း အီရန္အစိုးရက အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။အီရန္ရဲ႕န်ဴကလီးယားျပႆနာကို ႏိုင္ငံေရး၊သံတမန္ေရးနည္းလမ္းေတြနဲ႔ပဲ ေျဖရွင္းမႈေတြလုပ္ေဆာင္သင့္တယ္လို႔ ႐ုရွားအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ အီရန္ဘက္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။