ကမ္ဘာကြီးက တစ်ဖြည်းဖြည်း ပိုမိုအန္တရာယ်များလာနေတယ်လို့ ရုရှားအစိုးရဝေဖန်

 139

Pika (NP News)-ဖေဖော်ဝါရီ ၅
ရုရှားနဲ့ အမေရိကန်ကြားချုပ်ဆိုထားတဲ့ အဓိကနျူကလီးယားလက်နက်လျှော့ချရေးစာချုပ်က သက်တမ်းကုန်ဆုံးလာခါနီးနေမှုနဲ့အတူ ကမ္ဘာကြီးက ပိုမိုအန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်လာနေတယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီးယားလက်နက်တိုက်နှစ်ခုကို ကန့်သတ်ထားတဲ့ New STARTစာချုပ်ဟာ လာမယ့်ဖေဖော်ဝါရီလ(၅)ရက်နေ့မှာ တရားဝင်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ဒါ့ပြင် အမေရိကန်နဲ့ချုပ်ဆိုထားတဲ့ New STARTစာချုပ်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရုရှားရဲ့ကမ်းလှမ်းချက်တွေကို ဒီမစ်ထရီပက်စကော့ဗ်က အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ဒီမစ်ထရီပက်စကော့ဗ်က”ရက်အနည်းငယ်အတွင်းမှာပဲ ကမ္ဘာကြီးက ကျွန်တော်တို့မှာ ရှိခဲ့တဲ့အခြေအနေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးအန္တရာယ်များတဲ့ အခြေအနေတစ်ခုကို ရောက်သွားပါလိမ့်မယ်။အမေရိကန်ကသာ ဒီစာချုပ်ကိုသက်တမ်းတိုးဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် ကမ္ဘာကြီးရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရမ်းကို ဆိုးရွားပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ New STARTစာချုပ်က နိုင်ငံတစ်ခုဆီပိုင်ဆိုင်ပြီး ဖြန့်ကျက်ချထားနိုင်တဲ့ နျူကလီးယားလက်နက်တွေနဲ့ပို့ဆောင်ရေးစနစ်အရေအတွက်တွေကို ကန့်သတ်မှုတွေလုပ်ဆောင်ထားတဲ့ စာချုပ်တစ်ခုလည်းဖြစ်ပါတယ်။

Zawgyi Version:
ကမာၻႀကီးက တစ္ျဖည္းျဖည္း ပိုမိုအႏၲရာယ္မ်ားလာေနတယ္လို႔ ႐ုရွားအစိုးရေဝဖန္
Pika (NP News)-ေဖေဖာ္ဝါရီ ၅
႐ုရွားနဲ႔ အေမရိကန္ၾကားခ်ဳပ္ဆိုထားတဲ့ အဓိကန်ဴကလီးယားလက္နက္ေလွ်ာ့ခ်ေရးစာခ်ဳပ္က သက္တမ္းကုန္ဆုံးလာခါနီးေနမႈနဲ႔အတူ ကမာၻႀကီးက ပိုမိုအႏၲရာယ္မ်ားတဲ့ ေနရာတစ္ခုျဖစ္လာေနတယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ကမာၻ႔အင္အားအႀကီးဆုံး န်ဴကလီးယားလက္နက္တိုက္ႏွစ္ခုကို ကန႔္သတ္ထားတဲ့ New STARTစာခ်ဳပ္ဟာ လာမယ့္ေဖေဖာ္ဝါရီလ(၅)ရက္ေန႔မွာ တရားဝင္သက္တမ္းကုန္ဆုံးမွာလည္းျဖစ္ပါတယ္။ဒါ့ျပင္ အေမရိကန္နဲ႔ခ်ဳပ္ဆိုထားတဲ့ New STARTစာခ်ဳပ္ကို ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးဖို႔ ႐ုရွားရဲ႕ကမ္းလွမ္းခ်က္ေတြကို ဒီမစ္ထရီပက္စေကာ့ဗ္က အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ဒီမစ္ထရီပက္စေကာ့ဗ္က”ရက္အနည္းငယ္အတြင္းမွာပဲ ကမာၻႀကီးက ကြၽန္ေတာ္တို႔မွာ ရွိခဲ့တဲ့အေျခအေနနဲ႔ ႏႈိင္းယွဥ္ရင္ ပိုၿပီးအႏၲရာယ္မ်ားတဲ့ အေျခအေနတစ္ခုကို ေရာက္သြားပါလိမ့္မယ္။အေမရိကန္ကသာ ဒီစာခ်ဳပ္ကိုသက္တမ္းတိုးဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ ကမာၻႀကီးရဲ႕ ေဘးကင္းလုံၿခဳံေရးအတြက္ အရမ္းကို ဆိုး႐ြားပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ New STARTစာခ်ဳပ္က ႏိုင္ငံတစ္ခုဆီပိုင္ဆိုင္ၿပီး ျဖန႔္က်က္ခ်ထားႏိုင္တဲ့ န်ဴကလီးယားလက္နက္ေတြနဲ႔ပို႔ေဆာင္ေရးစနစ္အေရအတြက္ေတြကို ကန႔္သတ္မႈေတြလုပ္ေဆာင္ထားတဲ့ စာခ်ဳပ္တစ္ခုလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.