အောက်တိုဘာလအတွင်း ဂျာမနီစစ်အခြေစိုက်စခန်းတွေအပေါ်မှာ ဒရုန်းအရေအတွက်များစွာကို တွေ့ရှိခဲ့ရဟုဆို

 401

Pika (NP News) - နိုဝင်ဘာ ၂၉

အောက်တိုဘာလအတွင်း ဂျာမနီစစ်အခြေစိုက်စခန်းတွေအပေါ်မှာ ဒရုန်းအရေအတွက် အများအပြားကို တွေ့ရှိခဲ့ရတယ်လို့ အကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ယခင်က ယူကရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးတဲ့စခန်းတွေ အပါအဝင် ကြည်းတပ်နဲ့လေတပ်အခြေစိုက်စခန်းတွေပေါ်မှာ ဒရုန်းတွေကို မကြာခဏတွေ့ရှိခဲ့တယ်လို့ အဆိုပါ အရာရှိက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဒရုန်းတွေ့ရှိရမှုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေက ရုရှားကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဂျာမနီအရာရှိက "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂျာမနီစစ်အခြေစိုက်စခန်း အများအပြားရဲ့အပေါ်မှာ ဒရုန်းတွေများစွာကို တွေ့ရှိခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒရုန်းအရေအတွက် အတိအကျ ဘယ်နှစ်စီး တွေ့ရှိခဲ့ရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဂျာမနီအရာရှိက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ဂျာမနီနိုင်ငံဟာ ဘော်လ်တစ်ဒေသမှာ အကြီးဆုံးရေတပ်တစ်ခုရှိပြီး ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတည်းက ဘော်လ်တစ်ဒေသဟာ နေတိုးအဖွဲ့အတွက် ပိုမိုအရေးပါလာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအဖြစ် ပါဝင်ခဲ့သလို နေတိုးအဖွဲ့နဲ့ ရုရှားတို့ကြား တင်းမာမှုတွေကလည်း တစ်ဖြည်းဖြည်းမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ေအာက္တိုဘာလအတြင္း ဂ်ာမနီစစ္အေျခစိုက္စခန္းေတြအေပၚမွာ ဒ႐ုန္းအေရအတြက္မ်ားစြာကို ေတြ႕ရွိခဲ့ရဟုဆို
Pika (NP News) - ႏိုဝင္ဘာ ၂၉
ေအာက္တိုဘာလအတြင္း ဂ်ာမနီစစ္အေျခစိုက္စခန္းေတြအေပၚမွာ ဒ႐ုန္းအေရအတြက္ အမ်ားအျပားကို ေတြ႕ရွိခဲ့ရတယ္လို႔ အႀကီးတန္းေထာက္လွမ္းေရးအရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ယခင္က ယူကရိန္းတပ္ဖြဲ႕ေတြကို ေလ့က်င့္ေပးတဲ့စခန္းေတြ အပါအဝင္ ၾကည္းတပ္နဲ႔ေလတပ္အေျခစိုက္စခန္းေတြေပၚမွာ ဒ႐ုန္းေတြကို မၾကာခဏေတြ႕ရွိခဲ့တယ္လို႔ အဆိုပါ အရာရွိက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ဒ႐ုန္းေတြ႕ရွိရမႈျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံေတြက ႐ုရွားကို ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဂ်ာမနီအရာရွိက "ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ဂ်ာမနီစစ္အေျခစိုက္စခန္း အမ်ားအျပားရဲ႕အေပၚမွာ ဒ႐ုန္းေတြမ်ားစြာကို ေတြ႕ရွိခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ဒ႐ုန္းအေရအတြက္ အတိအက် ဘယ္ႏွစ္စီး ေတြ႕ရွိခဲ့ရတယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ဂ်ာမနီအရာရွိက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ဂ်ာမနီႏိုင္ငံဟာ ေဘာ္လ္တစ္ေဒသမွာ အႀကီးဆုံးေရတပ္တစ္ခုရွိၿပီး ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက ေဘာ္လ္တစ္ေဒသဟာ ေနတိုးအဖြဲ႕အတြက္ ပိုမိုအေရးပါလာခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ဆြီဒင္နဲ႔ဖင္လန္ႏိုင္ငံတို႔ဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြအျဖစ္ ပါဝင္ခဲ့သလို ေနတိုးအဖြဲ႕နဲ႔ ႐ုရွားတို႔ၾကား တင္းမာမႈေတြကလည္း တစ္ျဖည္းျဖည္းျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.