သစ်ပင်ကို အချိန်အကြာဆုံးဖက်ထားနိုင်မှု ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့သည့် ကင်ညာမိန်းကလေး

 103

Pika (NP News) - ဖေဖော်ဝါရီ ၆

ကင်ညာသဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးသည် သစ်ပင်တစ်ပင်ကို အချိန် (၇၂)နာရီဆက်တိုက် ဖက်ထားခဲ့ပြီးနောက် ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အသက် (၂၂)နှစ်အရွယ် ထရူပီနာမူသိုနီ ဆိုသည့်မိန်းကလေးသည် သစ်ပင်ကို အချိန်(၇၂)နာရီကြာ အောင် ဖက်ထားခဲ့ပြီးနောက် သစ်ပင်ကို အရှည်ကြာဆုံးဖက်ထားမှု ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါစံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ ဂါနာနိုင်ငံမှ Frederick Boakye ဆိုသည့် အမျိုး သားဖြစ်ပြီး သစ်ပင်ကို အချိန်(၅၀)နာရီ(၂)မိနစ်နှင့် (၂၈)စက္ကန့်ကြာအောင် ဖက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (၂၀၂၅)ခုနှစ်ဖေဖော်ဝါရီလတွင် ထရူပီနာမူသိုနီက သစ်ပင်ကို အချိန်(၄၈)နာရီကြာအောင် ဖက်ထားကာ ဂင်းနစ်စံချိန်သစ်တစ်ခုကို တင်ခဲ့ပြီးနောက် Frederick Boakye ၎င်း၏စံချိန်ကို ချိုးဖျက် သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ထရူပီနာမူသိုနီက အဆိုပါစံချိန်ကို ပြန်လည်ရယူနိုင်ရန် အတွက် ကြိုးပမ်းမှုများလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး Frederick Boakye တင်ထားသည့် စံချိန်ကို ပြန် လည်ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထရူပီနာမူသိုနီက “ကျွန်မကိုယ်တိုင် တင်ခဲ့တဲ့စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့တဲ့အတွက် တကယ် ကိုဝမ်းသာမိပါတယ်။ နောက်ထပ်စံချိန်သစ်တွေကိုလည်း ထပ်တင်နိုင်ဖို့ ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
သစ္ပင္ကို အခ်ိန္အၾကာဆုံးဖက္ထားႏိုင္မႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့သည့္ ကင္ညာမိန္းကေလး
Pika (NP News) - ေဖေဖာ္ဝါရီ ၆
ကင္ညာသဘာဝပတ္ဝန္းက်င္အေရး တက္ႂကြလႈပ္ရွားသူတစ္ဦးသည္ သစ္ပင္တစ္ပင္ကို အခ်ိန္ (၇၂)နာရီဆက္တိုက္ ဖက္ထားခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အသက္ (၂၂)ႏွစ္အ႐ြယ္ ထ႐ူပီနာမူသိုနီ ဆိုသည့္မိန္းကေလးသည္ သစ္ပင္ကို အခ်ိန္(၇၂)နာရီၾကာ ေအာင္ ဖက္ထားခဲ့ၿပီးေနာက္ သစ္ပင္ကို အရွည္ၾကာဆုံးဖက္ထားမႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါစံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ ဂါနာႏိုင္ငံမွ Frederick Boakye ဆိုသည့္ အမ်ိဳး သားျဖစ္ၿပီး သစ္ပင္ကို အခ်ိန္(၅၀)နာရီ(၂)မိနစ္ႏွင့္ (၂၈)စကၠန႔္ၾကာေအာင္ ဖက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ (၂၀၂၅)ခုႏွစ္ေဖေဖာ္ဝါရီလတြင္ ထ႐ူပီနာမူသိုနီက သစ္ပင္ကို အခ်ိန္(၄၈)နာရီၾကာေအာင္ ဖက္ထားကာ ဂင္းနစ္စံခ်ိန္သစ္တစ္ခုကို တင္ခဲ့ၿပီးေနာက္ Frederick Boakye ၎၏စံခ်ိန္ကို ခ်ိဳးဖ်က္ သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ ထ႐ူပီနာမူသိုနီက အဆိုပါစံခ်ိန္ကို ျပန္လည္ရယူႏိုင္ရန္ အတြက္ ႀကိဳးပမ္းမႈမ်ားလုပ္ေဆာင္ရန္ ဆုံးျဖတ္ခဲ့ၿပီး Frederick Boakye တင္ထားသည့္ စံခ်ိန္ကို ျပန္ လည္ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထ႐ူပီနာမူသိုနီက “ကြၽန္မကိုယ္တိုင္ တင္ခဲ့တဲ့စံခ်ိန္ကို ျပန္လည္ရယူႏိုင္ခဲ့တဲ့အတြက္ တကယ္ ကိုဝမ္းသာမိပါတယ္။ ေနာက္ထပ္စံခ်ိန္သစ္ေတြကိုလည္း ထပ္တင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားဖို႔ ဆုံးျဖတ္ထားပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.