(၁၀)ရက်ကျော်အတွင်း ရွှေကုက္ကိုလ်နယ်မြေမှ ကျားဖျန့်အဆောက်အဦ (၁၀၀)ကျော် ချိတ်ပိတ်သိမ်းဆည်း

 410

သန်ဇင်(NP News)-နိုဝင်ဘာ ၃၀

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ (၁၈) ရက်မှ စတင်ချိတ်ပိတ်သိမ်းဆည်းခဲ့ရာ ယမန်နေ့(နိုဝင်ဘာ ၂၉ရက်)အထိ အဆောက်အဦ (၁၀၁) လုံးအထိ ချိတ်ပိတ်သိမ်း ဆည်းပြီးဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နယ်မြေအတွင်း၌ ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့( နိုဝင်ဘာ ၂၉ရက်) တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ လူနေအဆောက်အအုံများ၊ ဂိုထောင်များ၊ ဈေးဆိုင်ခန်းများနှင့် ဟိုတယ်များဖြစ်သော ၂ ထပ် အဆောက်အအုံ ၁ လုံး၊ ၄ ထပ်အဆောက်အအုံ ၁ လုံး၊ ၅ ထပ်အဆောက်အအုံ ၁၅ လုံး၊ ၆ ထပ်အဆောက်အအုံ ၃ လုံး၊ ၇ ထပ်အဆောက်အအုံ ၄ လုံး၊ ၈ ထပ်အဆောက်အအုံ ၂ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၂၆ လုံးတို့ကို ထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ လက်ကိုင်ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းများကို တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၃၅ လုံးကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါအဆောက်အအုံများအား ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိတ်ပိတ်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၉ရက် တွင်လည်း ၃ ထပ်အဆောက်အအုံ ၃၅ လုံး၊ ၇ ထပ်အဆောက်အအုံ ၁ လုံး၊ ၁၃ ထပ်အဆောက်အအုံ ၁ လုံး၊ စုစုပေါင်း ၃၇ လုံးကို ချိတ်ပိတ်နိုင်ခဲ့ရာ စုစုပေါင်း ၁၀၁ လုံးအထိ ချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် နေထိုင် သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၂၀၄၂ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁၈၇၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံး ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စနစ်တကျ ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနယ်မြေများ၌ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ် မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲ ပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၁၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၈၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
(၁၀)ရက္ေက်ာ္အတြင္း ေ႐ႊကုကၠိဳလ္နယ္ေျမမွ က်ားဖ်န႔္အေဆာက္အဦ (၁၀၀)ေက်ာ္ ခ်ိတ္ပိတ္သိမ္းဆည္း
သန္ဇင္(NP News)-ႏိုဝင္ဘာ ၃၀

ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္မႈမ်ား ေဆာင္႐ြက္ရာတြင္ အသုံးျပဳခဲ့သည့္ အေဆာက္အအုံမ်ားအား ႏိုဝင္ဘာ (၁၈) ရက္မွ စတင္ခ်ိတ္ပိတ္သိမ္းဆည္းခဲ့ရာ ယမန္ေန႔(ႏိုဝင္ဘာ ၂၉ရက္)အထိ အေဆာက္အဦ (၁၀၁) လုံးအထိ ခ်ိတ္ပိတ္သိမ္း ဆည္းၿပီးျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ နယ္ေျမအတြင္း၌ ရွင္းလင္းေဖာ္ထုတ္မႈမ်ားကို ႏိုဝင္ဘာ ၁၈ ရက္မွ စတင္ေဆာင္႐ြက္ခဲ့ရာ ယမန္ေန႔( ႏိုဝင္ဘာ ၂၉ရက္) တြင္လည္း ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္းရွိ လူေနအေဆာက္အအုံမ်ား၊ ဂိုေထာင္မ်ား၊ ေဈးဆိုင္ခန္းမ်ားႏွင့္ ဟိုတယ္မ်ားျဖစ္ေသာ ၂ ထပ္ အေဆာက္အအုံ ၁ လုံး၊ ၄ ထပ္အေဆာက္အအုံ ၁ လုံး၊ ၅ ထပ္အေဆာက္အအုံ ၁၅ လုံး၊ ၆ ထပ္အေဆာက္အအုံ ၃ လုံး၊ ၇ ထပ္အေဆာက္အအုံ ၄ လုံး၊ ၈ ထပ္အေဆာက္အအုံ ၂ လုံး၊ စုစုေပါင္း တရားမဝင္အေဆာက္အအုံ ၂၆ လုံးတို႔ကို ထပ္မံစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးခဲ့ရာ အြန္လိုင္းလိမ္လည္မႈႏွင့္ ေလာင္းကစားမႈလုပ္ငန္းမ်ား လုပ္ကိုင္ေနသူမ်ားကို ေတြ႕ရွိရျခင္းမရွိဘဲ လက္ကိုင္ဖုန္းႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို တစ္ပါတည္း ျဖဳတ္သိမ္းယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္း၌ အြန္လိုင္းလိမ္လည္မႈမ်ား ေဆာင္႐ြက္ရာတြင္ အသုံးျပဳခဲ့သည့္ အေဆာက္အအုံမ်ားအား ႏိုဝင္ဘာ ၁၈ ရက္မွ စတင္စစ္ေဆးခဲ့ရာ ယေန႔အထိ တရားမဝင္အေဆာက္အအုံ ၁၃၅ လုံးကို ေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါအေဆာက္အအုံမ်ားအား ျပန္လည္အသုံးျပဳမႈမရွိေစေရးအတြက္ သိမ္းဆည္းခ်ိတ္ပိတ္ျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ႏိုဝင္ဘာ ၂၉ရက္ တြင္လည္း ၃ ထပ္အေဆာက္အအုံ ၃၅ လုံး၊ ၇ ထပ္အေဆာက္အအုံ ၁ လုံး၊ ၁၃ ထပ္အေဆာက္အအုံ ၁ လုံး၊ စုစုေပါင္း ၃၇ လုံးကို ခ်ိတ္ပိတ္ႏိုင္ခဲ့ရာ စုစုေပါင္း ၁၀၁ လုံးအထိ ခ်ိတ္ပိတ္သိမ္းဆည္းၿပီးျဖစ္ေၾကာင္း သိရသည္။

ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္း စုစုေပါင္းေဖာ္ထုတ္ရွင္းလင္းမႈမ်ားအရ ယမန္ေန႔ ႏိုဝင္ဘာ ၂၉ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္ ေနထိုင္ သည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း ၂၀၄၂ ဦးႏွင့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ ကြန္ပ်ဴတာ ၃၃၁၀ လုံး၊ မိုဘိုင္းဖုန္း ၂၁၈၇၀ လုံး၊ star Link ဘန္း ၁၀၂ လုံး၊ Router ၂၂ လုံးႏွင့္ လုပ္ငန္းသုံး ပစၥည္းအမ်ားအျပားကို စိစစ္ေတြ႕ရွိဖမ္းဆီးရမိခဲ့ၿပီး စနစ္တက် ဖ်က္ဆီးရွင္းလင္းခဲ့ေၾကာင္းႏွင့္ ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါနယ္ေျမမ်ား၌ ေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့သည့္ ျပည္ပႏိုင္ငံသားမ်ားကို ျမဝတီၿမိဳ႕နယ္၊ ပူလြဲပူေက်း႐ြာအုပ္စု၊ ေ႐ႊကုကၠိဳလ္ ၿမိဳင္ေက်း႐ြာအတြင္း လုံထင္းဝန္းရွိ အေဆာက္အအုံ၌ ထိန္းသိမ္းထားရွိၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံး ျပန္လည္လႊဲ ေျပာင္းေပးႏိုင္ေရးအတြက္ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၃၀ ရက္မွ ႏိုဝင္ဘာ ၂၉ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း ၁၂၉၁၅ ဦး ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္းႏွင့္ ယင္းႏိုင္ငံသားအားလုံးကို စစ္ေဆးၿပီးစီးခဲ့ၿပီး ၎တို႔အနက္မွ ၁၀၀၂၉ ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပႏိုင္ငံသား ၂၈၈၆ ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.