သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်တွင် ခွင့်ပြုခဲ့သော နိုင်ငံရေးခိုလှုံခွင့်ရရှိသူအားလုံးကိုပြန်လည်သုံးသပ်ရန် အမေရိကန်သမ္မတပြော

 618

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်က ခွင့်ပြုထားသော နိုင်ငံရေး ခိုလှုံခွင့်ပေးထားသည့်အမှုကိစ္စများအပြင် နိုင်ငံပေါင်း(၁၉)နိုင်ငံမှနိုင်ငံသားများကို ဂရင်းကတ်ထုတ်ပေးခဲ့မှုများကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးလိုက်ကြောင်း၊ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ပြောသည်။
ပြီးခဲ့သော (၂၀၂၁)ခုနှစ်က အမေရိကန် နိုင်ငံကိုဝင်ရောက်လာခဲ့သော အာဖဂန်နစ္စတန်နိုင်ငံသားရွှေ့ပြောင်း သွားလာသူတစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် National Guard အဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန် သမ္မတက ယင်းကဲ့သို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ အမိမြေလုံခြုံရေးဌာနက အမေရိကန်အစိုးရသည် သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်တွင် ခွင့်ပြုခဲ့သော နိုင်ငံရေးခိုလှုံခွင့်အားလုံးကို ပြန်လည်သုံးသပ်ရန်လုပ်ကိုင်နေကြောင်းပြော သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေထိုင်နေသည့် ပြည်ပနိုင်ငံသားများကို ဂရင်း ကတ်ထုတ်ပေးထားခြင်းကို အပြည့်အဝ၊ တင်းကြပ်စွာ ပြန်လည်စစ်ဆေးခြင်းကိုလည်း ညွှန်ကြားခဲ့ကြောင်းသိရသည်။ အမေရိကန် သမ္မတသည် အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသည့်နိုင်ငံပေါင်း (၁၉)နိုင်ငံမှနိုင်ငံ သားများကို ဂရင်းကတ်ထုတ်ပေးထားမှုကို အဓိကထား သုံးသပ်ဆုံးဖြတ်မည်ဖြစ်သည်။ အမေရိကန် သမ္မတသည် ပြီးခဲ့သည့်ဇွန်လတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၉)နိုင်ငံကို အမေရိ ကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတသည် သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်ကခွင့်ပြုခဲ့သည့် ဒုက္ခသည် လက်ခံမှုများကို လည်း ပြန်လည်သုံးသပ်ရန် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနကိုညွှန်ကြားထားကြောင်း သိရသည်။ အမေရိကန်လူဝင်မှု ကြီးကြပ်ရေးဌာနသည် (၂၀၂၁)ခုနှစ် ဇန်နဝါရီလမှ (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလအထိ လေးနှစ်ကျော်ကာလအတွင်း အမေ ရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ်ဝင်ရောက်လာသည့် အမှုကိစ္စများကိုလည်း ပြန်လည်သုံးသပ်လျက်ရှိနေ ကြောင်းသိရ သည်။
(၂၀၂၁)ခုနှစ် ဇန်နဝါရီလမှ (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလအထိ အမေရိကန်နိုင်ငံအတွင်းဝင် ရောက်လာသောဒုက္ခ သည်ဦးရေ အနည်းဆုံး (၂၃၃၀ဝဝ) ကျော်ရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္လက္ထက္တြင္ ခြင့္ျပဳခဲ့ေသာ ႏိုင္ငံေရးခိုလႈံခြင့္ရရွိသူအားလုံးကိုျပန္လည္သုံးသပ္ရန္ အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္က ခြင့္ျပဳထားေသာ ႏိုင္ငံေရး ခိုလႈံခြင့္ေပးထားသည့္အမႈကိစၥမ်ားအျပင္ ႏိုင္ငံေပါင္း(၁၉)ႏိုင္ငံမွႏိုင္ငံသားမ်ားကို ဂရင္းကတ္ထုတ္ေပးခဲ့မႈမ်ားကို ျပန္လည္သုံးသပ္ရန္ အမိန႔္ေပးလိုက္ေၾကာင္း၊ အေမရိကန္ အမိေျမလုံၿခဳံေရးဝန္ႀကီးဌာနက ေျပာသည္။
ၿပီးခဲ့ေသာ (၂၀၂၁)ခုႏွစ္က အေမရိကန္ ႏိုင္ငံကိုဝင္ေရာက္လာခဲ့ေသာ အာဖဂန္နစၥတန္ႏိုင္ငံသားေ႐ႊ႕ေျပာင္း သြားလာသူတစ္ဦးသည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ National Guard အဖြဲ႕ဝင္ႏွစ္ဦးကို ပစ္ခတ္ခဲ့ၿပီးေနာက္ အေမရိကန္ သမၼတက ယင္းကဲ့သို႔ အမိန႔္ေပးလိုက္ျခင္းျဖစ္သည္။ အမိေျမလုံၿခဳံေရးဌာနက အေမရိကန္အစိုးရသည္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္တြင္ ခြင့္ျပဳခဲ့ေသာ ႏိုင္ငံေရးခိုလႈံခြင့္အားလုံးကို ျပန္လည္သုံးသပ္ရန္လုပ္ကိုင္ေနေၾကာင္းေျပာ သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ အေမရိကန္ႏိုင္ငံအတြင္း ေရာက္ရွိေနထိုင္ေနသည့္ ျပည္ပႏိုင္ငံသားမ်ားကို ဂရင္း ကတ္ထုတ္ေပးထားျခင္းကို အျပည့္အဝ၊ တင္းၾကပ္စြာ ျပန္လည္စစ္ေဆးျခင္းကိုလည္း ၫႊန္ၾကားခဲ့ေၾကာင္းသိရသည္။ အေမရိကန္ သမၼတသည္ အေမရိကန္ႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္ ပိတ္ပင္ခံထားရသည့္ႏိုင္ငံေပါင္း (၁၉)ႏိုင္ငံမွႏိုင္ငံ သားမ်ားကို ဂရင္းကတ္ထုတ္ေပးထားမႈကို အဓိကထား သုံးသပ္ဆုံးျဖတ္မည္ျဖစ္သည္။ အေမရိကန္ သမၼတသည္ ၿပီးခဲ့သည့္ဇြန္လတြင္ ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း (၁၉)ႏိုင္ငံကို အေမရိ ကန္ႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္ ပိတ္ခဲ့ေၾကာင္းသိရသည္။
အေမရိကန္သမၼတသည္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္ကခြင့္ျပဳခဲ့သည့္ ဒုကၡသည္ လက္ခံမႈမ်ားကို လည္း ျပန္လည္သုံးသပ္ရန္ လူဝင္မႈ ႀကီးၾကပ္ေရးဝန္ႀကီးဌာနကိုၫႊန္ၾကားထားေၾကာင္း သိရသည္။ အေမရိကန္လူဝင္မႈ ႀကီးၾကပ္ေရးဌာနသည္ (၂၀၂၁)ခုႏွစ္ ဇန္နဝါရီလမွ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ေလးႏွစ္ေက်ာ္ကာလအတြင္း အေမ ရိကန္ႏိုင္ငံသို႔ ဒုကၡသည္အျဖစ္ဝင္ေရာက္လာသည့္ အမႈကိစၥမ်ားကိုလည္း ျပန္လည္သုံးသပ္လ်က္ရွိေန ေၾကာင္းသိရ သည္။
(၂၀၂၁)ခုႏွစ္ ဇန္နဝါရီလမွ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလအထိ အေမရိကန္ႏိုင္ငံအတြင္းဝင္ ေရာက္လာေသာဒုကၡ သည္ဦးေရ အနည္းဆုံး (၂၃၃၀ဝဝ) ေက်ာ္ရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.